Asahi Karate Do Jo
Way Of Life
Labels
ဆောင်းပါး
ဓာတ်ပုံ
နီတိများ
Saturday, May 6, 2017
HARA(HIP)(၂)
HARA(HIP)(၂)
ဤတွင် တစ်ခုပြောပြချင်မိသည်မှာ (KATA) ကို ခါးဖြင့် ကတတ်စေရန်မှာ ပြောရမည့်ကိစ္စမို့သာ ဆိုပြောနေရသည်။ ကရာတေးကစားသည့်လူငယ်များကို (HARA) သင်ကြားပေးရသည်မှာ အင်မတန်မှ ခက်ခဲလှပေသည်။ ဤသည်ကလည်း အတွေ့အကြုံအရ ပြောပြကောက်ချက်ချခြင်းဖြစ်သည်။
အပြည့်အစုံဆက်ဖတ်ရန်
Friday, May 5, 2017
HARA(HIP)(၁)
HARA(HIP)(၁)
ခါးထည့်ပြီးကစားတတ်လျှင် (KATA) မှာ အတော်ကျွမ်းကျင်တဲ့ ကရာတေးသမားပဲ ဆိုတာ အသိအမှတ်ပြုရသည်။ ယခုဆိုလိုသည့်ခါးမှာ (BELT LEVEL) က ခါး အနိမ့်အမြင့် တပြေးတည်း တညီတည်းကို ဆိုလိုသည်။ ယခုပြောမည့်ခါးမှာမူ အခြေခံ (Zuki, Uke, Uchi) မှ အစ ကုန်ကုန်ပြောရလျှင် (Geri) မှာပင် ခါးထည့်ကာ ကစားတတ်ရမည်ကို ဆိုလိုခြင်း ဖြစ်သည်။
အပြည့်အစုံဆက်ဖတ်ရန်
Thursday, May 4, 2017
ISOMATRIC
ISOMATRIC
(ISOMATRIC) ကို အလွယ်ဆိုရလျှင် ကြွက်သားများကို ညှစ်ခြင်း (Muscle Toning) ပင် ဖြစ်သည်။ (ISOMATRIC) လေ့ကျင့်ခန်းများကို စနစ်တကျဖြင့် သီးခြားလေ့ကျင့်နိုင်ပါက ကိုယ်ခန္ဓာရှိ ကြွက်သားများကို ကြံ့ခိုင်ဖွံ့ဖြိုးသည်အထိ အကျိုးပြုနိုင်ပေသည်။ (၁၉၆၀)ဝန်းကျင်လောက်က (US) နိုင်ငံတွင် (ISOMATRIC)
လေ့ကျင့်ခန်းများကို အထူးလိုက်စားခဲ့ကြကြောင်း ဖတ်ဖူးသည်။
အပြည့်အစုံဆက်ဖတ်ရန်
Wednesday, May 3, 2017
BELT LEVEL(၂)
BELT LEVEL(၂)
(KATA) များတွင် ခါးကို (Dachi) အမြင့်ဖြင့် ရပ်ရမည့် နေရာများလည်း ရှိပါသည်။ (HEIAN-SHODAN) တွင် ညာခြေ၊ ညာလက်ဖြင့် (Gedan Barai) တားရာ၌ (KATA) ၏ အဓိပါယ်အရ ရန်သူက မိမိတားလိုက်သော ညာလက်ကို ဖမ်းလိုက်သဖြင့် မိမိညာလက်ကို ပြန်ရုန်းသော အကွက်တစ်ခုဖြစ်ပါသည်။
အပြည့်အစုံဆက်ဖတ်ရန်
Tuesday, May 2, 2017
BELT LEVEL(၁)
BELT LEVEL(၁)
ဦးစွာဖော်ပြခဲ့သည့် ကရာတေး၏ အရေးကြီးသော အချက်ကြီး (၆)ချက်အပြင် သူ့နေရာနှင့် သူ အရေးကြီးသော အချက်လေးများလည်း ရှိကြပေသည်။ ကရာတေးကို လေ့လာလိုက်စားသည့် လူငယ်လေး များက နားလည်ကြပါသည်။
အပြည့်အစုံဆက်ဖတ်ရန်
Monday, May 1, 2017
6.Focus
6.Focus
(FOCUS) မှာ ကိုယ်ခံပညာနှင့် အားကစားကို သိသိသာသာ ခြားနားစေသော အချက်တစ်ခုဖြစ် သည်။ ဥပမာ- အနောက်တိုင်းလက်ဝှေ့ (BOXING) ကလည်း လက်သီးထိုးသည်။ (KARATE) ကလည်း လက်သီးထိုးသည်။ သို့သော် (KARATE) က ထိုးသမျှ လက်သီးတိုင်းတွင် (FOCUS) ပါပေသည်။
အပြည့်အစုံဆက်ဖတ်ရန်
Sunday, April 30, 2017
5.BALANCE
5.BALANCE
(BALANCE) ဆိုသည်မှာ (KATA) တွင် ပါသည့် ခြေရွှေ့ချက်များ တစ်ခုနှင့်တစ်ခု အပြောင်းအလဲ၊ အလှည့်အပတ်၊ အဆုတ်အတက်၊ ရပ်ချက်ရပ်ဟန်များကို ခေါ်သည်။ (BALANCE) မှာ မည်မျှအရေးကြီး သနည်းဆိုလျှင် အချို့သောယှဉ်ပြိုင်သူကလေးများက (KATA) ၏ သက်ဆိုင်ရာ နေရာတစ်ခုတွင် ယိမ်းယိုင်သွားလျှင်ပင် ဆက်လက်မကစားကြတော့ပေ။
အပြည့်အစုံဆက်ဖတ်ရန်
Saturday, April 29, 2017
4.RHYTHM(၃)
4.RHYTHM(၃)
နောက်ထပ် ဥပမာတစ်ခုမှာ ရေပန်းစားလွန်းသည့် (UNSU KATA) ဖြစ်သည်။ ယင်း (KATA) ၏ လှုပ်ရှားမှု အမှတ်စဉ် (၈)နှင့် (၉)တွင် (Tate Shuto Uke) နှင့် (Gyaku Zuki) ဖြစ်သည်။ လှုပ်ရှားမှု (၁၀)နှင့် (၁၁)တွင်လည်း (TECHNIQUE) မှာ အတူတူ(ဘယ်/ညာသာပြောင်းသည်။) ပင် ဖြစ်သည်။
အပြည့်အစုံဆက်ဖတ်ရန်
Friday, April 28, 2017
4.RHYTHM(၂)
4.RHYTHM(၂)
ထို (RHYTHM) သုံးခုတွင် ကရာတေးနှင့်ပတ်သက်သည့် (MOVEMENT RHYTHM) မှာ အလွယ်တကူပြောလျှင် အနှေး-အမြန်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ကရာတေး ဝါသနာရှင်များ သတိထားလိုက်စားသင့်သည်မှာ သက်ဆိုင်ရာ (TECHNIQUE) များကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ နှေးသင့်သည်ကို နှေး၍၊ မြန်သင့်သည်တို့ကို မြန်ရန်မှာ အထူးအရေးကြီးလှသည်။
အပြည့်အစုံဆက်ဖတ်ရန်
Thursday, April 27, 2017
4.RHYTHM(၁)
4.RHYTHM(၁)
(RHYTHM) ကို ယေဘူယျအားဖြင့် နားလည်ကြသည်မှာ အနှေး၊ အမြန်ပင်ဖြစ်သည်။ ထိုသို့ နှေးလိုက်မြန်လိုက်ဖြစ်နေ၍ (KATA) ကနေပုံမှာ မျက်စိပဒါသ ရှိလှသည်။ (KATA) တွင် (RHYTHM) မှာ အတော်ပင် အရေးကြီးပေသည်။ နှေးရမည့်နေရာတွင် မြန်၍ မြန်ရမည့်နေရာတွင် နှေးလျှင် (KATA) ပျက်စီးတတ်သည်။
အပြည့်အစုံဆက်ဖတ်ရန်
Wednesday, April 26, 2017
3.SPEED
3.SPEED
မည်သည့် (TECHNIQUE) ကိုပင်လုပ်လုပ် (SPEED) ပါရမည်။ (SPEED) နှစ်မျိုးတွင်…
(1) Reaction Time (တုန့်ပြန်သက်ရောက်မှုအချိန်) တွင် ဖြစ်မည့် အရှိန်နှင့်
(2) Movement Time (လှုပ်ရှားမှုအချိန်) တွင် ဖြစ်မည့်အရှိန်တို့ ဖြစ်သည်။
အပြည့်အစုံဆက်ဖတ်ရန်
Tuesday, April 25, 2017
2.Power(၂)
2.Power(၂)
(KANKU-DAI) ၏ ကကွက်လှုပ်ရှားမှုတွင် မိမိလက်ကို အဖမ်းခံရခြင်းမှ ရုန်းထွက်သည့် လှုပ်ရှားမှုကို တွေ့ရသည်။ ထိုလှုပ်ရှားမှုမှာ အတော်ပင် သက်သာငြားသော်လည်း အမောဖြေသည့် လေရှူ-လေထုတ်နည်းပါမှ မှန်ကန်မှုရှိသည်။ (KATA) တစ်ခုတွင် အင်နှင့်အားနှင့် ထိုးကန်နေရသည့် ကြားကပင် အားမပါဘဲလုပ်ရသည်ကလေးများ ရှိပါသည်။
အပြည့်အစုံဆက်ဖတ်ရန်
Monday, April 24, 2017
2.Power(၁)
2.Power(၁)
ကရာတေးကစားရာတွင် အားပါရပေမည်။ အားပါရမည် ဆိုရာဝယ် (KATA) ရှိ (TECHNIQUE) အားလုံးကို ဆိုလိုသည်။ (KATA) ပါ အခြေခံနည်းစနစ်များ (KIHON WAZA) တွင်
အင်နှင့်အားနှင့် ဖြစ်မှ ကောင်းသည်။ မည်သည့် (TECHNIQUE) ကိုပင် လုပ်သည်ဖြစ်စေ အားမပါ ပါက အလကားပင်ဖြစ်သည်။
အပြည့်အစုံဆက်ဖတ်ရန်
Sunday, April 23, 2017
1.TECHNIQUE(၂)
1.TECHNIQUE(၂)
ဥပမာ-(UNSU) ကကွက်၏ လှုပ်ရှားမှုအမှတ်စဉ်(၂)တွင် (Ryo Te Chudan Keito Uke) ဖြစ်သည်။ ဤတွင် အဓိက (TECHNIQUE) မှာ (Keito Uke) ဖြစ်သည်။ ဒိုင်လူကြီးအချို့က (Keito Uke) ကို နားမလည်ပေ။ သင်ကြားပြသသည့် ဆရာအချို့ကလည်း မိမိဘာနှင့်တားနေမှန်း မသိခဲ့ကြပေ။
အပြည့်အစုံဆက်ဖတ်ရန်
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)