Sunday, April 23, 2017

1.TECHNIQUE(၂)



 1.TECHNIQUE(၂)
 
ဥပမာ-(UNSU) ကကွက်၏ လှုပ်ရှားမှုအမှတ်စဉ်(၂)တွင် (Ryo Te Chudan Keito Uke) ဖြစ်သည်။ ဤတွင် အဓိက (TECHNIQUE) မှာ (Keito Uke) ဖြစ်သည်။ ဒိုင်လူကြီးအချို့က (Keito Uke) ကို နားမလည်ပေ။ သင်ကြားပြသသည့် ဆရာအချို့ကလည်း မိမိဘာနှင့်တားနေမှန်း မသိခဲ့ကြပေ။
တားသည့်လက်၏ အစိတ်အပိုင်းကို ဂျပန်အမည်နှင့် ခေါ်ဝေါ်ရာတွင် (Keito) ဟူသည် လက်မ အမြင့်ဆုံးနေရာနှင့် လက်ကောက်ဝတ်ကြားတွင်ရှိသော အစိတ်အပိုင်းကို ဆိုလိုပေသည်။ တိုက်ခိုက်လာသည့် လက်သီးကို (Keito) နှင့်တားလိုက်သည် ဆိုရာတွင် ဆိုခဲ့သော လက်၏ အစိတ်အပိုင်းနှင့် တားရမည် ဖြစ်သည်။ တားပြီးလက်အစိတ်အပိုင်း၏ အနေအထားကို ကြည့်လျှင် လက်ချောင်းကလေးများက ဒေါင်လိုက်မျဉ်းသဖွယ် အစီအရီဖြင့် ဦးစိုက်နေမှ အမှန်ဖြစ်သည်။ အကယ်၍ တားပြီးလက်၏ ကျန်ရစ်နေသည့်ပုံစံမှာ လက်သန်းဘက်က အောက်ကြမ်းခင်းနှင့် မျဉ်းပြိုင်ဖြစ်နေလျှင် (Keito) ခေါ် အစိတ်အပိုင်းနှင့် ရန်သူကို မည်သို့မျှ တားနိုင်မည် မဟုတ်ပေ။ ကရာတေးကို တကယ်တမ်းလိုက်စားသည့် ဆရာကြီးများကတော့ သိကြသည်။ သို့သော် ယှဉ်ပြိုင်နေသည့် ကလေးကမူ ဘယ်လိုလုပ်နေမှန်း မသိကြောင်း ထင်ရှားလှ၏။ သို့ဖြင့် (Sequence) က မမှားသော်လည်း (Technique) က မှား၍ နေချေပြီ။
တစ်ဖန် (GOJUSHIHO-DAI) နှင့် (GOJUSHIHO-SHO) ပါဝင်သော (TECHNIQUE) များကိုလည်း ပြောပြချင်ပါသည်။ ထို (TECHNIQUE) မှာ (HEITO) နှင့် တားသည့် (TECHNIQUE) တစ်ခုပင်ဖြစ်သည်။ အတိအကျ ရေးရလျှင် (GOJUSHIHO-DAI) ၏ လှုပ်ရှားမှု အမှတ်စဉ်(၂၄)တွင် လူကို (၂၇၀)ဒီဂရီလှည့်ပြီး ဘယ်ဘက်လက်နှင့်တားသည့် (TECHNIQUE) တစ်ခုရှိသည်။ (Hidari Haito Gedan Uke) ဟု ခေါ်သည်။ (HAITO) သည် လက်မ၏ မည်သည့်အစိတ်အပိုင်းကို ခေါ်ကြောင်း ဒိုင်ရော၊ ဆရာပါမက၊ ပြိုင်ပွဲဝင်သူပါ သိထားသင့်ပါသည်။ (HAITO) ဆိုသည်မှာ လက်ညှိုးအဆုံးနှင့် လက်မအကြားရှိ ကြွက်သား (MUSCEL) ကို ခေါ်သည်။ (HAITO) အစစ်ဖြစ်ရန် လက်၏ အထားအသိုတွင် ထိုကြွက်သားရှေ့ထွက်၍ တင်းကျစ်မာလာစေရန် (Shuto Uke) ကဲ့သို့ လက်မကို တစ်ဆစ်ချိုး ချိုး၍မရပေ။ မြင်သာအောင်ပြောရလျှင် လက်မကို လက်ဖမိုးဘက်မှကြည့်လျှင် လက်မသည် လက်ဖမိုးထဲ မြုပ်နေရမည်။ သို့မှသာ လက်ညှိုးနှင့်လက်မကြားရှိကြွက်သားက အပေါ်သို့ကြွတက်တင်းမာလာပေမည်။ (KATA) ကစားသော ကလေး၏ လက်မသည် တစ်ဆစ်ထဲချိုးကာ လက်ဖဝါးဘေးတွင် မြင်နေရလျှင် (HAITO) သည် မည်သည့်အစိတ်အပိုင်းကိုခေါ်ဆိုကြောင်း ယှဉ်ပြိုင်သောကလေးက နားမလည်သည်မှာ ထင်ရှားလှ၏။ (KATA) အလိုက် (TECHNIQUE) တစ်ခုခြင်းစီ၏ တိကျမှန်ကန်မှုရှိရမည့် ပုံကိုရေးရလျှင် ပြီးနိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့်ခက်ခဲနက်နဲသည့် ဥပမာကို ရွေးပေးခြင်းဖြစ်သည်။ လွယ်ကူသော ဥပမာအနေနှင့်မူ ရွှေ၊ ငွေ ဆုတံဆိပ်များ ရကြသည့် ကလေးများကို သက်ဆိုင်ရာ (KATA) ကစေသည့်အခါ (KIBA DACHI) ပါလာလျှင် မိမိခြေဖဝါးနှစ်ဖက်ကို မျဉ်းပြိုင်ကျအောင်ပင် မရပ်နိုင်သည်မှာ အတော်အရုပ်ဆိုးလှသည်။ (KIBA DACHI) လွတ်သည့် (KATA) ကလည်း နည်းလှသည်။ ပြိုင်ပွဲတစ်ခုကိုကြည့်ရသည်မှာ အတော်ပင် အူယားစရာကောင်းလှ၏။ ကရာတေးစတင်ကစားစဉ်ကပင် သင်ကြားလာသည့် (KIBA DACHI) ကိုပင် မှန်အောင် မရပ်နိုင်သည့်ကလေးက ရွှေတံဆိပ်ဆု ရချင် ရသွားတတ်သောကြောင့် ဖြစ်သည်။

No comments:

Post a Comment