Friday, November 19, 2021

မနှောက်ယှက်မိစေနဲ့

မင်းရဲ့ရန်သူက အမှားလုပ်နေချိန်မှာ ဘယ်တော့မှ မနှောက်ယှက်မိစေနဲ့။

နပိုလီယန် ဘိုနာပတ်

Never interrupt your enemy when he is making a mistake...

Napoleon Bonaparte


Thursday, November 18, 2021

အမှန်တကယ် ကျွမ်းကျင်သူ


တိုက်ပွဲ (၁၀၀) ကို အောင်နိုင်ခြင်းသည် အကျွမ်းကျင်ဆုံး မဟုတ်။ ရန်သူကို မတိုက်ခိုက်ဘဲနှင့် အောင်နိုင်ခြင်းသည်သာ အကျွမ်းကျင်ဆုံးဖြစ်သည်။

ဆွန်ဇူး

Wednesday, November 17, 2021

ကိုယ်ခံပညာ

လူတော်တော်များများက ခုခံကာကွယ်တဲ့ ပညာရပ်တစ်ခုကို သင်ယူကြပါတယ်။ အဲဒီပညာက သူတို့ရဲ့အကြောက်တရားကို ကျော်လွှားနိုင်ယုံသာမက ယုံကြည်မှုကိုပါ တည်ဆောက်ပေးပါတယ်။

Many people learn the art of self-defense. It even builds their confidence in overcoming their fear.

Tuesday, November 16, 2021

အရှုံးမပေးနဲ့

လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့ မင်းရဲ့အကျင့်ကို မပြင်ဘူးဆိုရင် မင်းဘဝမှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

မာ့စ်အိုယားမ
"If you don’t overcome your tendency to give up easily, your life will lead to nothing."
Mas Oyama.

Monday, November 15, 2021

ဆရာကြီးဖူနာကိုရှိ ဂီချင်း နှင့် ဆရာကြီး မာဆာတိုရှိ နာကာရားမား

ရှိုတိုကန် ကရာတေးပညာ စတင်တည်ထောင်သည့် ကရာတေးဖခင်ကြီး ဆရာကြီးဖူနာကိုရှိ ဂီချင်း (၁၈၆၈-၁၉၅၇)နှင့် ဂျပန်ကရာတေးအသင်း (Japan Karate Association) နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား (၁၉၁၃-၁၉၈၇)

Saturday, May 6, 2017

HARA(HIP)(၂)


HARA(HIP)(၂)

ဤတွင် တစ်ခုပြောပြချင်မိသည်မှာ (KATA) ကို ခါးဖြင့် ကတတ်စေရန်မှာ ပြောရမည့်ကိစ္စမို့သာ ဆိုပြောနေရသည်။ ကရာတေးကစားသည့်လူငယ်များကို (HARA) သင်ကြားပေးရသည်မှာ အင်မတန်မှ ခက်ခဲလှပေသည်။ ဤသည်ကလည်း အတွေ့အကြုံအရ ပြောပြကောက်ချက်ချခြင်းဖြစ်သည်။

Friday, May 5, 2017

HARA(HIP)(၁)

 HARA(HIP)(၁)

ခါးထည့်ပြီးကစားတတ်လျှင် (KATA) မှာ အတော်ကျွမ်းကျင်တဲ့ ကရာတေးသမားပဲ ဆိုတာ အသိအမှတ်ပြုရသည်။ ယခုဆိုလိုသည့်ခါးမှာ (BELT LEVEL) က ခါး အနိမ့်အမြင့် တပြေးတည်း တညီတည်းကို ဆိုလိုသည်။ ယခုပြောမည့်ခါးမှာမူ အခြေခံ (Zuki, Uke, Uchi) မှ အစ ကုန်ကုန်ပြောရလျှင် (Geri) မှာပင် ခါးထည့်ကာ ကစားတတ်ရမည်ကို ဆိုလိုခြင်း ဖြစ်သည်။