Saturday, May 6, 2017

HARA(HIP)(၂)


HARA(HIP)(၂)

ဤတွင် တစ်ခုပြောပြချင်မိသည်မှာ (KATA) ကို ခါးဖြင့် ကတတ်စေရန်မှာ ပြောရမည့်ကိစ္စမို့သာ ဆိုပြောနေရသည်။ ကရာတေးကစားသည့်လူငယ်များကို (HARA) သင်ကြားပေးရသည်မှာ အင်မတန်မှ ခက်ခဲလှပေသည်။ ဤသည်ကလည်း အတွေ့အကြုံအရ ပြောပြကောက်ချက်ချခြင်းဖြစ်သည်။

Friday, May 5, 2017

HARA(HIP)(၁)

 HARA(HIP)(၁)

ခါးထည့်ပြီးကစားတတ်လျှင် (KATA) မှာ အတော်ကျွမ်းကျင်တဲ့ ကရာတေးသမားပဲ ဆိုတာ အသိအမှတ်ပြုရသည်။ ယခုဆိုလိုသည့်ခါးမှာ (BELT LEVEL) က ခါး အနိမ့်အမြင့် တပြေးတည်း တညီတည်းကို ဆိုလိုသည်။ ယခုပြောမည့်ခါးမှာမူ အခြေခံ (Zuki, Uke, Uchi) မှ အစ ကုန်ကုန်ပြောရလျှင် (Geri) မှာပင် ခါးထည့်ကာ ကစားတတ်ရမည်ကို ဆိုလိုခြင်း ဖြစ်သည်။

Thursday, May 4, 2017

ISOMATRIC

 ISOMATRIC

(ISOMATRIC) ကို အလွယ်ဆိုရလျှင် ကြွက်သားများကို ညှစ်ခြင်း (Muscle Toning) ပင် ဖြစ်သည်။ (ISOMATRIC) လေ့ကျင့်ခန်းများကို စနစ်တကျဖြင့် သီးခြားလေ့ကျင့်နိုင်ပါက ကိုယ်ခန္ဓာရှိ ကြွက်သားများကို ကြံ့ခိုင်ဖွံ့ဖြိုးသည်အထိ အကျိုးပြုနိုင်ပေသည်။ (၁၉၆၀)ဝန်းကျင်လောက်က (US) နိုင်ငံတွင် (ISOMATRIC)          လေ့ကျင့်ခန်းများကို အထူးလိုက်စားခဲ့ကြကြောင်း ဖတ်ဖူးသည်။

Wednesday, May 3, 2017

BELT LEVEL(၂)


BELT LEVEL(၂)

(KATA) များတွင် ခါးကို (Dachi) အမြင့်ဖြင့် ရပ်ရမည့် နေရာများလည်း ရှိပါသည်။ (HEIAN-SHODAN) တွင် ညာခြေ၊ ညာလက်ဖြင့် (Gedan Barai) တားရာ၌ (KATA) ၏ အဓိပါယ်အရ ရန်သူက မိမိတားလိုက်သော ညာလက်ကို ဖမ်းလိုက်သဖြင့် မိမိညာလက်ကို ပြန်ရုန်းသော အကွက်တစ်ခုဖြစ်ပါသည်။

Tuesday, May 2, 2017

BELT LEVEL(၁)


BELT LEVEL(၁)

ဦးစွာဖော်ပြခဲ့သည့် ကရာတေး၏ အရေးကြီးသော အချက်ကြီး (၆)ချက်အပြင် သူ့နေရာနှင့် သူ အရေးကြီးသော အချက်လေးများလည်း ရှိကြပေသည်။ ကရာတေးကို လေ့လာလိုက်စားသည့် လူငယ်လေး များက နားလည်ကြပါသည်။

Monday, May 1, 2017

6.Focus


6.Focus

(FOCUS) မှာ ကိုယ်ခံပညာနှင့် အားကစားကို သိသိသာသာ ခြားနားစေသော အချက်တစ်ခုဖြစ် သည်။ ဥပမာ- အနောက်တိုင်းလက်ဝှေ့ (BOXING) ကလည်း လက်သီးထိုးသည်။ (KARATE) ကလည်း လက်သီးထိုးသည်။ သို့သော် (KARATE) က ထိုးသမျှ လက်သီးတိုင်းတွင် (FOCUS) ပါပေသည်။