Thursday, May 4, 2017

ISOMATRIC

 ISOMATRIC

(ISOMATRIC) ကို အလွယ်ဆိုရလျှင် ကြွက်သားများကို ညှစ်ခြင်း (Muscle Toning) ပင် ဖြစ်သည်။ (ISOMATRIC) လေ့ကျင့်ခန်းများကို စနစ်တကျဖြင့် သီးခြားလေ့ကျင့်နိုင်ပါက ကိုယ်ခန္ဓာရှိ ကြွက်သားများကို ကြံ့ခိုင်ဖွံ့ဖြိုးသည်အထိ အကျိုးပြုနိုင်ပေသည်။ (၁၉၆၀)ဝန်းကျင်လောက်က (US) နိုင်ငံတွင် (ISOMATRIC)          လေ့ကျင့်ခန်းများကို အထူးလိုက်စားခဲ့ကြကြောင်း ဖတ်ဖူးသည်။

ကရာတေးဆရာကြီးများ မည်မျှ အမြင်ကျယ်သနည်းဆိုသော် ထို (ISOMATRIC) လေ့ကျင့်ခန်း များကို (KATA) တွင် နှစ်နေရာ၊ သုံးနေရာခန့် ထည့်ထည့်ထားတတ်သည်။ အချို့ (KATA) များက နှစ်ပေါင်း ရာ-ထောင် ကတည်းက တည်ရှိခဲ့ကြသည်။ ထို့ကြောင့် ကရာတေးသမားများမှာ (ISOMATRIC) ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကစားခဲ့ကြကြောင်း ထင်ရှားသည်။ (KATA) များထဲတွင် ထည့်သွင်း ကစားသည့် (ISOMATRIC) အများဆုံးလုပ်ကြရသည့် (TECHNIQUE) မှာ (Tate Shuto) ပင်ဖြစ်သည်။
ထို (Tate Shuto) ကို မှန်မှန်ကန်ကန် နည်းလမ်းကျကျနှင့် လုပ်တတ်ချင်လျှင် နှေးလျှင်ပြီးရော သဘောဖြင့် (RHYTHM) ကို နှေးရုံမျှဖြင့်မပြီးဘဲ အားပါရမည်။ အားထည့်ရာတွင်လည်း (Tate Shuto) ကို နားကဖြစ်စေ၊ ခါးကဖြစ်စေ စတင်တားသည်နှင့် အစမှ အဆုံးထိ အားထည့်ထားရမည်။ ထိုသို့ အစမှ အဆုံးထိ အားကိုပြင်းထန်စွာသုံးစွဲရာ၌ အချို့သောကရာတေးသမားများက မလိုအပ်ဘဲ အတော်ကြာ အောင် နှေးနေကြည်။ အလှပျက်မည်စိုး၍ အစရော အဆုံးပါ အားမပါလျှင်လည်း မှားနေကြသည်။ နည်းလမ်းအမှန်မှာ (Tate Shuto) လက်ကို  စတင်လှုပ်ရှားစဉ်က ဘာအားမှ မထည့်ဘဲ တဖြည်းဖြည်း ညှစ်ရင်း အားက တစ်စတစ်စ ပြင်းထန်လာကာ အဆုံးကိုရောက်သည်အထိ အပြင်းထန်ဆုံးအားမျိုးကို ထည့်တတ်မှ (TECHNIQUE) က အမှန်ဖြစ်သည်။ ဤသို့ဆောင်ရွက်ရာ၌ (Gradual Application of Strength) တဖြည်းဖြည်း အားပါသွားရမည်မှန်း ရှင်းပါသည်။
အစမှ အဆုံးထိ တောက်လျှောက်အားပါနေပြန်လျှင်လည်း မဟုတ်။ ဘာအားမှ မပါဘဲ ဆောင်ရွက်ပြန်လျှင်လည်း မှားပြန်သည်။ ဤသည်ကို ဒိုင်များက ကြည့်တတ်ရမည်။ အချို့ဂျပန်ဆရာကြီး များ (TATE TECHNIQUE) လုပ်ဆောင်ရာတွင် သိပ်ပြီးနှေးလှချည့် မဟုတ်ဘဲ အားကို တဖြည်းဖြည်း ထည့်လိုက်ပုံက သိကို သိသာလွယ်လှသည်။ အကြောင်းမဲ့ ဆောင်ရွက်ခြင်းမျိုး မဟုတ်ပေ။ (KATA) ၌ အားကို မည်သို့ဆောင်ရွက်ရမည်ဟု မည်သို့ပင် အလွယ်တကူပြောပြော၊ ရေးရေး၊ ဝါသနာရှင်များ နားလည်ရမည်မှာ အားကို ဆုံးခန်းတိုင်ရောက်သည်နှင့် အပြင်းထန်ဆုံးညှစ်ကစားရမည်ဟု ဆိုခြင်းပင် ဖြစ်သည်။

No comments:

Post a Comment