Wednesday, May 3, 2017

BELT LEVEL(၂)


BELT LEVEL(၂)

(KATA) များတွင် ခါးကို (Dachi) အမြင့်ဖြင့် ရပ်ရမည့် နေရာများလည်း ရှိပါသည်။ (HEIAN-SHODAN) တွင် ညာခြေ၊ ညာလက်ဖြင့် (Gedan Barai) တားရာ၌ (KATA) ၏ အဓိပါယ်အရ ရန်သူက မိမိတားလိုက်သော ညာလက်ကို ဖမ်းလိုက်သဖြင့် မိမိညာလက်ကို ပြန်ရုန်းသော အကွက်တစ်ခုဖြစ်ပါသည်။
လက်ချည်းသက်သက်ရုန်းနေလျှင် အားနည်းနေမည်ဖြစ်၍  ညာခြေကို တစ်ဝက်သိမ်းပြီးမှ လက်အားနှင့် ခြေအား(၂)အားပေါင်းကာ လွတ်အောင်ရုန်းသည့်အပြင် ထိုညာလက် (Kentsui Uchi) ဖြင့် တန်ပြန်တိုက်ခိုက်ရသည့်အခါ (Dachi) သဘာဝအရ (Rinoji Dachi) သည် ကျဉ်း၍ ခါးသည် မြင့်ကို မြင့်ပစ်ရပေမည်။ ထို့ကြောင့် (HEIAN-SHODAN) နှင့် ဥပမာပြုရလျှင် ပထမဆုံးလှုပ်ရှားမှုမှသည် နောက်ဆုံး (TECHNIQUE) ဖြစ်သည့် 9Hidari Shuto Uke) အထိ (BELT LEVEL) သည် အနိမ့်အမြင့် အပြောင်းအလဲ မရှိပေ။ သို့သော် (Kentsui Uchi) မထုခင် တစ်နေရာတော့မူ မြင့်ကို မြင့်ရပေမည်။
ပြိုင်ပွဲများတွင် က-လေ့ရှိသော တန်းမြင့်က-ကွက်များတွင် ကြမ်းခင်းဘက်လှဲချပြီး အိပ်ရသည်များ ပါဝင်ပေသည်။ က-ကွက် သဘော သဘာဝအရ ခြေစုံမတ်မတ်ရပ်ခြင်း၊ ခြေကျဉ်းကျဉ်းဖြင့် ရပ်ခြင်းတို့တွင်မူ အနိမ့်အမြင့် ရှိနိုင်ပေသည်။ ထိုသို့သော က-ကွက်မျိုးမှလွဲလျှင် ရွေ့လျားမှုတိုင်း ခါးအမြင့်က တစ်ပြေးညီ သာ ဖြစ်ရမည်။ ခါးတစ်ပြေးညီ ကစားတတ်သည့် ကရာတေးသမားတစ်ယောက်၏ (KATA) ကို ကြည့်လျှင် (အတွေ့အကြုံအရ) ပြိုင်ကားကလေးကို မောင်းသလို၊ မြွေကလေးများ လမ်းသွားသလို နိမ့်ဝပ်ပြီး သေသေသပ်သပ်နှင့် ကြည့်၍ ပသာဒ ရှိလှသည်။ နှစ်သက်ရင့်နှင့် နှစ်သက်နု၊ ဆရာကောင်းတပည့် (KATA) က-နေစဉ်တွင် ကြည့်ပြီး ကောက်ချက်ချနိုင်သည်။

No comments:

Post a Comment