Tuesday, May 2, 2017

BELT LEVEL(၁)


BELT LEVEL(၁)

ဦးစွာဖော်ပြခဲ့သည့် ကရာတေး၏ အရေးကြီးသော အချက်ကြီး (၆)ချက်အပြင် သူ့နေရာနှင့် သူ အရေးကြီးသော အချက်လေးများလည်း ရှိကြပေသည်။ ကရာတေးကို လေ့လာလိုက်စားသည့် လူငယ်လေး များက နားလည်ကြပါသည်။
(BELT LEVEL) ဟူသည် (KATA) တစ်ခုကို က-ရာတွင် ခြေရွှေ့ပြီး က-ရသည့် လှုပ်ရှားမှု မှန်သမျှအားလုံး၌(Dachi) သည် ခါးအနိမ့်အမြင့် မပြောင်းရပေ။ (TECNIQUE) တစ်ခုမှ တစ်ခုသို့ ပြောင်းရွေ့ရာတွင်  ခါးအနိမ့်အမြင့် မညီညွတ်ခြင်းသည် ကရာတေးနည်းစနစ် မကောင်းဟု ဆိုနိုင် ပေသည်။
က-ကွက်တစ်ခုတွင် (Gedan Barai) တားစဉ်က ခါးနိမ့်တတ်ပြီး၊ (Zuki) တက်ထိုးရန် ခြေလှမ်းရာ၌ ခြေနှစ်ခုဆုံရာတွင် ခါးမြင့်တက်ပြီး၊ ထိုးလိုက်သည့် (Oi Zuki) အဆုံး၌ခါးပြန်နိမ့်သွားတတ်ပြန်သည်။ (TECHNIQUE) တစ်ခုတည်းမှာပင် အစနှင့် အဆုံး မညီညွတ်သည့်အတွက် (BELT LEVEL) က တစ်ပြေး တည်း မဖြစ်ပေ။ ကြည့်မကောင်းဘဲ လှိုင်းစီးသလို ဖြစ်နေ၏။ သိပံနည်းကျ ဆိုရလျှင် ထိုးလိုက်သည့် (Zuki) သည် ထိမှန်ရာနေရာသို့ ရောက်သောအခါ အားသည် ခါး၏ မညီမညာဖြစ်နေမှုကြောင့် တစ်နေရာတည်း စုဝေးမသက်ရောက်ဘဲ ပျံ့နှံ့သွားတတ်သည်။ တစ်နည်း (Concentrated Power) ဖြစ်မလာနိုင်ပေ။ အားက ပျံ့နှံ့ (Disperse) သွားသည်။ ထို့ကြောင့် (TECHNIQUE) တစ်ခုနှင့် တစ်ခုအကူး၌ ခြေများလှုပ်ရှားရာတွင် ခါးသည် တစ်ပြေးညီဖြစ်နေရမည်။
မြင်သာအောင် ဥပမာပြုရလျှင် (HEIAN-SHODAN) တွင် ပထမလှုပ်ရှားမှုမှာ ဘယ်ခြေ၊ ဘယ်ရွေ့၊ ဘယ်လက် (Gedan Barai) ဖြစ်သည်။ ထို (Gendan Barai) ရှိ ခါးအမြင့်သည် ဒုတိယလှုပ်ရှားမှုဖြစ်သည့် (Miji Oi Zuki) ထိုးပြီးသည်အထိ တစ်ပြေးညီ အတည်ဖြစ်သည်။

No comments:

Post a Comment