FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၅)
(NIHA) မြို့တွင် (ITOSU) ရှိစဉ်တစ်ချိန်က ဖြစ်သည်။ ပန်းခြံတစ်ခု၌
အပန်းဖြေရင်း ဆိုင်တစ်ဆိုင် တွင် ဝင်စားမည်ပြုစဉ် ကိုယ်ခန္ဓာကြံ့ခိုင်တောင့်တင်းသည့်
လူငယ်တစ်ဦးက ဆရာ(ITOSU) ကို အလွန် ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးခဲ့သည်။
(ITOSU)လည်း ဝမ်းဗိုက်ရှိ ကြွက်သားများဖြင့် တင်းခံလိုက် ရာ လူငယ်၏လက်သီး ပြန်ကန်ထွက်သွားရသည်။
(ITOSU) က ညာလက်ဖြင့်ဖမ်းပြီး ဆိုင်ကအထွက်တွင် စားပွဲထိုးအား ဝိုင်အရက်နှင့် အစားအသောက်ကို
မှာခဲ့သေးသည်။ ပြီးမှ လူငယ်ကို သူနှင့်မျက်နှာချင်း ဆိုင်အောင်လှည့်ပြီး …
“ မင်းငါ့ကို
ဘာအငြိုးရှိမှန်းတော့ မသိဘူး၊ ဒါပေမယ့် လာပါ ငါနဲ့အရက်အတူသောက်ရအောင် …”
ဟု ဆွဲခေါ်ခဲ့ဘူးသည်။
တစ်ကြိမ်တွင်
ကရာတေးပညာဖြင့် ဘဝင်မြင့်နေသည့် လူငယ်တစ်ဦးနှင့် ဆရာကြီး (ITOSU) တို့ တွေ့ဆုံကြပြန်သည်။
လူငယ်လေးမှာ ကရာတေးပညာတတ်ကျွမ်းသည်နှင့်အမျှ ညပိုင်းလူရှင်းချိန်တွင် လမ်းကြိုလမ်းကြားလျှောက်သွားသူများကို
သူ့ပညာစမ်းလေ့ရှိသည်။ ဤမျှဖြင့် မတင်းတိမ်သေးသည့် လူငယ်လေးမှာ
ဆရာကြီး (ITOSU)ကိုပင်
ပညာစမ်းရန် ရည်ရွယ်ခဲ့ပြန်သည်။ တစ်ညတွင် (ITOSU) လမ်းလျှောက်ထွက်ချိန်၌ လူငယ်ကရာတေးသမားလေးက
နောက်မှ လက်သီးဖြင့် တအားထိုးချခဲ့သည်။ ဤသို့ထိုးချချိန်အထိ (ITOSU) မှာ ပြင်ဆင်မှုမရှိသကဲ့သို့နေခဲ့သည်။
လူငယ်၏လက်သီး မိမိခါးအနီး ရောက်မှ လက်သီးကို ညာလက်ဖြင့်ဖမ်းခဲ့သည်။ မြဲမြံပုံမှာ ပြုတ်တူနှင့်
ညှပ်ထားသကဲ့သို့ဖြစ်၏။ လူငယ်မှာ ရုန်းရင်းကန်ရင်း (ITOSU)ဆွဲခေါ်ရာသို့ တရွတ်တိုက်ပါသွား၏။
ပြီးမှ (ITOSU) က မည်သူနည်းမေးရာ (GORO)ဟု ဖြေခဲ့သည်။ ဤတွင် (ITOSU)က မိမိကဲ့သို့ အသက်ကြီးဝါကြီး၊
အဖိုးကြီးမျိုးကို ဤသို့ မနောက်ပြောင်သင့်ကြောင်း ပြောဆိုဆုံးမခဲ့ပေသည်။
တစ်ရက်တွင်
လူဆိုးလူသွမ်းတစ်စုက ဆရာကြီး(ITOSU)မှန်း မသိဘဲ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြ သည်။ ဘာမျှ
မကြာလိုက်ပါ။ လူဆိုးလူသွမ်းကလေးများ လမ်းထဲတွင် လဲနေကြောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်သူတစ်ဦးက
ဆရာကြီး(AZATO) ထံ လာရောက်ပြောကြားခဲ့သည်။ ဆရာကြီး(AZATO)ကလည်း …
“ ဒီလူငယ်လေးတွေဟာ
မျက်နှာမှောက်ရက်နဲ့ လဲနေကြတယ် မဟုတ်လား …”
ဟု ပြန်မေးခဲ့သည်။ ဤတွင် လာပြောသူက …
“ ဆရာကြီး ဘယ်လိုများသိပါသလဲခင်ဗျာ
…”
ဟုမေးရာ …
“ လွယ်ပါတယ်ကွာ
ကရာတေးကို တစ်ဖက်ကမ်းခတ်တဲ့သူတွေထိုးရင် နောက်ပြန်လဲခဲပါတယ်။ ဒါ့ကြောင့် (ITOSU) လို
လူကထိုးရင် နောက်ပြန်မလဲဘူး။ အင်း … ဒီကလေးတွေ အသက်မှရှင်ပါ့မလားလို့
စဉ်းစားမိတယ်ကွာ …”
ဟု ပြောကြားခဲ့သည်။
နောက်ဆုံးအဖြစ်အပျက်တစ်ခုမှာ
ညသန်းခေါင်ကျော်အချိန်၊ ဆရာကြီး(ITOSU) အိမ် သူခိုးကပ်စဉ် က ဖြစ်သည်။ ထိုစဉ် ဆရာကြီးက
တံခါးဆီသွားကာ မဖွင့်ဘဲ လက်သီးဖြင့်ထိုးချခဲ့သည်။ တံခါးပေါက်ပြီး နောက် လက်သီးဆုပ်ကို
ဖြည်ကာ အထဲဝင်ရန်ကြိုးစားနေသည့် သူခိုးလက်အား ဖမ်းထားလိုက်သည်။ သစ်သားတံခါးများသည်
ထိုးလျှင် အချွန်အစများဖြင့် ပဲ့ထွက်ကုန်တတ်၏။ ဆရာကြီး(ITOSU) ထိုးလိုက် သောအခါတွင်မူ
အစများမထွက်ဘဲ အပေါက်တစ်ပေါက်ထဲ ဖြစ်နေခဲ့၏။ (ITOSU) ၏ ပိုင်နိုင်ကျွမ်းကျင်မှုကို ဆရာကြီး(AZATO)
က (FUNAKOSHI) အား နောင်သော် ပြန်လည်ပြောကြားခဲ့ပေသည်။
No comments:
Post a Comment