Monday, May 9, 2016

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၇)




(၁၉၂၃)ခု စက်တင်ဘာတွင် ဂျပန်ပြည်သမိုင်း၌ အပြင်းထန်ဆုံးသော ငလျင်လှုပ်ခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် တိုကျိုရှိအိမ်များ မီးလောင်ကာ အပျက်အစီးများခဲ့ရသည်။ ထိုငလျင်ကို (THE GREAT KANTO EARTHQUAKE) ဟု အမည်ပေးခဲ့ကြသည်။ တိုကျိုမြို့တစ်မျို့လုံး၏ အပျက်အစီးများကြားတွင် ကံကောင်းထောက်မသည်မှာ (FUNAKOSHI) တို့ ကစားရာ (DOJO) ဖြစ်သော (MEISEI JUKU) လုံးဝ မပျက်စီးခြင်းပင် ဖြစ်သည်။ သို့သော် (DOJO) ကို အတန်အသင့်တော့ ပြင်လိုက်ရသည်။