Monday, May 9, 2016

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၇)




(၁၉၂၃)ခု စက်တင်ဘာတွင် ဂျပန်ပြည်သမိုင်း၌ အပြင်းထန်ဆုံးသော ငလျင်လှုပ်ခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် တိုကျိုရှိအိမ်များ မီးလောင်ကာ အပျက်အစီးများခဲ့ရသည်။ ထိုငလျင်ကို (THE GREAT KANTO EARTHQUAKE) ဟု အမည်ပေးခဲ့ကြသည်။ တိုကျိုမြို့တစ်မျို့လုံး၏ အပျက်အစီးများကြားတွင် ကံကောင်းထောက်မသည်မှာ (FUNAKOSHI) တို့ ကစားရာ (DOJO) ဖြစ်သော (MEISEI JUKU) လုံးဝ မပျက်စီးခြင်းပင် ဖြစ်သည်။ သို့သော် (DOJO) ကို အတန်အသင့်တော့ ပြင်လိုက်ရသည်။
     ဤတွင် ဂျပန်ဒါးသိုင်းဆရာကြီး (HIROMICHI NAKAYAMA) က (DOJO) အဆင်မပြေခင်စပ်ကြား၌ မိမိတို့၏ ဒါးသိုင်းကျင့်ရာ(DOJO) တွင် ကရာတေးလေ့ကျင့်သင်ကြားရန် ခွင့်ပေးခဲ့ပေသည်။ ၎င်းဒါးသိုင်း (DOJO) တွင် ကရာတေးကစားရသည်မှာ အချိန်လောက်ငမှု မရှိခဲ့ပေ။ (FUNAKOSHI) တို့ (DOJO) ပျက်စီးခြင်း၊ ကရာတေးပညာကို လိုက်စားသည့် တပည့်များ များပြားလာခြင်းတို့ကြောင့် (DOJO) အသစ်တစ်ခုဖွင့်ရန် အကြံဖြစ်ခဲ့သည်။ ၉၁၉၃၅) ဝန်းကျင်တွင်မူ နိုင်ငံနှင့်အဝှမ်း ကရာတေးပညာကို ပံ့ပိုးကူညီသူ များပြားလာသဖြင့် ကရာတေးလိုက်စားသည့် ပုဂ္ဂိုလ်များ စုစည်းကာ ကရာတေး (DOJO) အသစ်တစ်ခုကို (ZOSHIGAYA TOSHIMA) ရပ်ကွက်တွင် သီးခြားဖွင့်လှစ်ခဲ့ကြတော့သည်။
          (FUNAKOSHI) က ၎င်း(DOJO) အသစ်ထဲသို့ ပထမဦးဆုံး ဝင်လိုက်ရသည့်အတွက် ဝမ်းသာဂုဏ်ယူမှုမှာ ယခုတိုင် အရသာရှိနေဆဲဟု ဆိုခဲ့ဖူးသည်။ (DOJO) အဝင်ဝတွင် တင်ထားသည့် ဆိုင်းဘုတ်အသစ်တစ်ခုမှာ (SHOTO KAN) ပင်ဖြစ်သည်။ (DOJO) ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသည့် ကော်မတီလူကြီးမင်းများက အဘယ်ကြောင့် (FUNAKOSHI)၏ ကလောင်အမည်ကို ပေးခဲ့မှန်း မသိပေ။ အဘယ့်ကြောင့်ဆိုသော် (SHOTO KAN) မှာ (FUNAKOSHI) ငယ်စဉ်က တရုတ်ကဗျာများ ရေးစပ်ရာတွင် သုံးသော ကလောင်အမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

No comments:

Post a Comment