Wednesday, June 1, 2016

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၈)


  

      (DOJO) အသစ်ကို တည်ထောင်နိုင်သောအခါတွင်လည်း (FUNAKOSHI) သည် သူ၏ ဆရာကြီးနှစ်ဦးကို မမေ့ခဲ့ပေ။ (DOJO) အသစ်တွင် မိမိဆရာကြီးများသာရှိလျှင်၊ သို့မဟုတ် လာသင်ကြလျှင် သိပ်ကောင်းမည်ဟု စဉ်းစားမိခဲ့သည်။ ဆရာကြီးများသာရှိလျှင် …
“ ကောင်းတယ် (FUNAKOSHI) ရေ၊ သိပ်ကောင်းတာပဲ၊ ဆက်လုပ် ငါ့တပည့်။ အောင်မြင်မှုလေးအပေါ်မှာ ရောင့်ရဲတင်းတိမ်ပြီး ပျော်မနေနဲ့။ ကနေ့ဟာ အစပဲ ရှိသေးတယ် …”
“ Good work FUNAKOSHI but don't mist the mistake of complacency & for you still have much to do. Today, FUNAKOSHI, is only the beginning. ”
ဟု ပြောမည်ဖြစ်ကြောင်းကို စိတ်ဖြင့်စဉ်းစား ကြားယောင်မိသည်။ ထိုစဉ်က သူ့အသက်မှာ (၇၀)ရှိပြီ ဖြစ်သည်။ ဤအသက်အရွယ်ကျမှ “ အစ ”ဆိုလျှင် ရှေ့ဆက်ပြီး မည်သို့ဆောင်ရွက်ရ ကောင်းမည်နည်းဟု (FUNAKOSHI) တွေးမိသည်။
(SHOTO) ဟူသော အမည်နှင့် ပတ်သက်ပြီး (FUNAKOSHI) အား မကြာခဏ အမေးခံခဲ့ရဖူးသည်။ ဤတွင် (FUNAKOSHI) က ရှင်းပြခဲ့သည်။ (SHOTO) မှာ ဂျပန်လိုဖြစ်ပြီး၊ ထင်းရှူးလှိုင်းလေးများ (SPINE WAVE) ဟု အဓိပ္ပါယ်ရသည်။ ထိုအမည်ယူခဲ့ပုံမှာ (FUNAKOSHI) ကျက်စားရာ (SHURI) ဝန်းကျင်ရှိ တောတန်း၊ တောင်တန်းကလေးများပေါ်တွင် ထင်းရှူးပင် (RYUKU PINE) များ များစွာရှိပေသည်။ (FUNAKOSHI) သည် စိတ်အေးချမ်းသာစွာ ဈန်ဝင်လိုသည့်အခါ ထိုအနီးအနားရှိ တောင်တန်း (MOUNT TARAO) ပေါ်သို့ သွားလေ့ရှိသည်။ (MOUNT TARAO) ၏ အဓိပ္ပါယ်မှာ ကျားမြီး (TIGER TAIL) ဟု အဓိပ္ပါယ်ရသည်။ ဒေသခံများက ထိုတောင်တန်း၏ အမည်ကို ပေးခဲ့ရခြင်းမှာ အဝေးကကြည့်သည့်အခါ တောထူ၍ အဖျားဘက်သွယ်ကာ ရှူးသွားပြီး ကျားမြီးနှင့် တူသောကြောင့်ဖြစ်သည်။
ညအခါ လသာချိန်များတွင် (FUKAKOSHI) တစ်ယောက် လမ်းလျှောက်ထွက်လေ့ရှိသည်။ တိမ်စင်သည့်ည၏ လသာချိန်များတွင် ကြယ်တာရာများက ဝိုင်းရံခလျှက်ရှိသည်။ ဤအချိန်တွင် ထင်းရှူးပင်ကလေးများကို လေတိုးသည့် အသံသည် (FUNAKOSHI) အဖို့ သာယာနာပျော်ဖွယ် ဖြစ်ခဲ့ရသည်။ ဗေလုဝနတ်စောင်း (CELESTIAL MUSIC) ကဲ့သို့ အလွန်ပင် အရသာရှိသည့် ထိုနားဝင်ပီယံ ဂီတသံလေးကို စိတ်စွဲကာ မိမိကလောင်အမည်ကို “ ထင်းရှူးလှိုင်းကလေးများ ” ဟု (FUNAKOSHI) က ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

No comments:

Post a Comment