Thursday, June 16, 2016

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၉)



မကြာမီပင် လောကငရဲဟု ဆိုလောက်သော ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခဲ့လေပြီ။ စစ်ကြီးနှင့်ပတ်သက်၍ အလွန်ဝမ်းနည်းစရာကောင်းသောအချက်မှာ (FUNAKOSHI) ၏ လူငယ်ပိုင်းတပည့်များ စစ်ထဲဝင်ခဲ့ကြခြင်းပင်ဖြစ်သ်။ စစ်ထွက်ခါနီးတွင် တပည့်များက (FUNASOSHI) အား လာရောက် ကန်တော့ခဲ့ကြသည်။ ရှေ့တန်းကျဆုံးသူများစာရင်းတွင် သူ့တပည့်များအမည် ပါဝင်လာတိုင်း (FUNAKOSHI) မှာ အင်မတန် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။
         (FUNAKOSHI) သည် စစ်ကြီးအတွင်းက သူ့သားအကြီးနှင့်အတူ ပူးပေါင်းနေထိုင်ခဲ့ပေသည်။ ဤတွင် (FUNAKOSHI) ကြောင့် နှစ်ရှည်လများ ဝေးကွာနေရှာသည့် သူ့ဇနီးကိုလည်း (FUNAKOSHI) က တိုကျိုသို့ ခေါ်ထားခဲ့သည်။ (၁၉၄၅) တွင် ကရာတေးကို အလွန်ကျွမ်းကျင်ပြီး (FUNAKOSHI) ၏ သင်တန်းကိုလည်း ကူညီပေးသည့် တတိယမြောက်သားဖြစ်သူ (YOSHITAKA) မှာ တီဘီရောဂါဖြင့် ကွယ်လွန်ခဲ့ရှာသည်။ သူအလွန်ပင် အားကိုးအားထားသည့် သားဆုံးသည့်အတွက် (FUNAKOSHI) ခမျာ အတော်ခံစားခဲ့ရရှာသည်။ မကြာမီ ဇနီးသည်လည်း ပန်းနာရောဂါဖြင့် ဆုံးပါးခဲ့ရပြန်သည်။
ကရာတေးပညာ၏ ဖခင်ကြီးဖြစ်သူ (FUNAKOSHI) သည် (၁၉၅၇) ဧပြီ(၂၆)တွင် ကွယ်လွန်ခဲ့လေပြီ။ ၎င်းမရှိသည့်နောက် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ သူ့ညာလက်ရုံးတပည့်ကြီးများက ကရာတေးပညာကို ဆက်လက်ဖြန့်ဖြူးခဲ့ကြလေသည်။
ယခုအခါ ကရာတေးပညာကို လူတိုင်းသိခဲ့ကြပြီ။ အရှေ့တောင်အာရှ၌ ကရာတေးပညာမှာ အားကစားနည်းတစ်ရပ်အဖြစ် အသက်ဝင်ခဲ့ပေပြီ။ နောင်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အိုလံပစ်၌ပင် ပါဝင်လာလိမ့်မည်ဟု ယူဆရပေသည်။
ထိုသို့ ကရာတေးပညာကို ကမ္ဘာကသိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် (FUNAKOSHI) ၏ တပည့်များကို မှတ်မိသမျှ ရေတွက်ကြည့်ရလျှင် (HIRONISHI) (SHIGERU EGAMI) (OBATA) တို့ဖြစ်ကြသည်။ အလျှင်းသင့်၍ ဆိုရလျှင် (OTUSUKA) ဟူသည့် ပုဂ္ဂိုလ်မှာ (WADORYU) ကရာတေးနည်းစနစ်ဟန်ကို စတင်တည်ထောင်ခဲ့သော ကရာတေးဖခင်ကြီး တစ်ဦးဖြစ်သည်။ သူသည် အသက်(၉၀)ရှိပြီး ယခုထိသက်ရှိထင်ရှားရှိကာ ခါးစည်းအနက်(၁၀)ဆင့်အထိ ရရှိသူဖြစ်သည်။ (မှတ်ချက်။ ဤစာအုပ်သည် (၁၉၉၄) မတိုင်မှီရေးထားသော စာအုပ်ဖြစ်ပါသည်)

No comments:

Post a Comment