Tuesday, June 28, 2016

ဆဌမအာရုံ(၁)



 ဆဌမအာရုံ(၁)
ပထမဇာတ်ကြောင်း
          ဂျပန်ပြည် (SHOGUN) အုပ်ချုပ်ရေးခေတ်တွင် စစ်သည်တော်များအား ဓားသိုင်းပညာ သင်ပေးရသည့် နာမည်ကျော်ဓားသိုင်းဆရာကြီး (MUNIMORI YAGYU) တစ်ဦးရှိသည်။ ဂျပန်နိုင်ငံတွင် ဧပြီလထဲ၌ ချယ်ရီပန်းကြည့်သောနေ့တွင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုနေ့တွင် (YAGYU) သည် တပည့်တစ်ဦးနှင့် သာယာသော ချယ်ရီရှုခင်းများကို လေ့လာရန် ဥယျာဉ်အတွင်း လမ်းလျှောက်ထွက်လာခဲ့ပေသည်။
ထိုသို့ (YAGYU)က ချယ်ရီပန်းများအလှကို ခံစားနေစဉ် သူ့တပည့်၏ စိတ်ထဲတွင် ဆရာကြီးလေ့ကျင့်နေသည်ကိုလည်း အကြိမ်ကြိမ်မြင်ဖူးပြီ၊ ဂျပန်မှာရှိတဲ့ ဓာသိုင်းဆရာတွေနဲ့ ယှဉ်တဲ့အခါမှာလည်း ဆရာကြီး(YAGYU) ကပဲ နိုင်ခဲ့တယ်။ ခုနေခါ ဆရာကြီးငါ့ကို ကျောပေးပြီး ချယ်ရီပန်းတွေကြည့်နေတုန်း တိုက်ခိုက်လိုက်နိုင်ရင်တော့ အငိုက်မိသွားမှာပဲဟု အကြောင်းမဲ့ စဉ်းစားခဲ့ သည်။ ဤတွင် ရုတ်ချည်းဆိုသလို ဆရာကြီး(YAGYU) က အနီးရှိသစ်ပင်ကိုကျောကပ်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်ကြည့်လိုက်သည်။ အသေအခြာပင် သတိကြီးစွာဖြင့် မမြင်နိုင် သော ရန်သူကိုရှာနေ၏။ ထိုအခါ တပည့်ဖြစ်သူကလည်း လန့်သွားကာ…
          " ဘာဖြစ်လို့လဲ၊ ဘာဖြစ်တာလဲ…"
ဟု မေးမြန်းလိုက်သည်။ ထိုအခါ (YAGYU) က
          " ဆန်းတယ်ကွာ၊ ငါ့ဟာငါ အေးအေးချမ်းချမ်း ချယ်ရီပန်းလေးတွေကို ကြည့်နေတာ၊ ဗြုန်းဆို ငါ့စိတ်ထဲ ရန်သူရှိနေတယ်လို့ ထင်လိုက်ရတယ်။ ပိုပြီးဆန်းတာက ဒီစိတ်ဖြစ်ပေါ်လာတာ မြန်သလို၊ ခုတော့လည်း ပျောက်သွားပြီ…"
ဟု ဆိုခဲ့ပေသည်။

No comments:

Post a Comment