Saturday, November 28, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၄)





            (FUNAKOSHI) နှင့် (SHIN KIN GIMA) တို့ တွဲဖက်ပြသခဲ့သည်ကို (JIGORO KANO) က အလွန်သဘောကျ၍ ၎င်းပညာ (KARATE KATA) များကို မိမိတပည့်များလေ့လာလျှင် မည်မျှကြာမည် ထင်ကြောင်း မေးမြန်းခဲ့သည်။ (FUNAKOSHI) ကလည်း အနည်းဆုံး တစ်နှစ်ခန့် ကြာမည်ထင်ကြောင်း ပြောပြခဲ့သည်။ (KANO) က အခြေခံမျှ သင်ကြားပို့ချပေးရန် ပြောဆိုလာသဖြင့် (JUDO) သမားများနှင့် ကိုက်ညီအောင် (FUNAKOSHI) က သင်ကြားပေးခဲ့သည်။

Friday, November 27, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၃)


  

       

       အိမ်ရှေ့မင်းသား အိုကီနာဝါကျွန်းသို့အလည်လာပြီး မကြာခင်မှာပင် (FUNAKOSHI)၏ အထက် အရာရှိများက သူ့ကိုရာထူးတိုးမြှင့်ပေးကာ အိုကီနာဝါ၏ နယ်စွန်နယ်ဖျားတွင် အလုပ်လုပ်ရန် စေလွှတ်သည့် အတွက် ကျောင်းဆရာဘဝမှ အနားယူခဲ့ရပေသည်။ ထိုသို့ နားရခြင်းနောက်တစ်ချက်မှာ မိခင်နာမကျန်း၍ အိပ်ယာထဲလဲနေသဖြင့် တစ်ဦးတည်းသော သားဖြစ်သူအနေနှင့်ပြုစုလိုခြင်းကြောင့် ဖြစ်သည်။ သို့ဖြင့် အနှစ်(၃၀)ကျော် လုပ်လာခဲ့သည့် (FUNAKOSHI)၏ ကျောင်းဆရာဘဝမှာ ဤတွင် ဆုံးခန်းတိုင်ခဲ့သည်။ (FUNAKOSHI) ကမူ ဤသို့ အလုပ်မှအနားယူခဲ့ရသော်လည်း ကျောင်းကိစ္စများနှင့် ကရာတေးကိစ္စများကို အဆက်ပြတ်မခံခဲ့ပါဟု ပြောဆိုခဲ့ပေသည်။

Saturday, November 21, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၂)




      ကရာတေးသမိုင်းနှင့် ပတ်သက်၍ အထင်ကရဖြစ်စေသော အကြောင်းတစ်ရပ်လည်း ရှိသေး၏။ (၁၉၂၁)ခုနှစ်က ဂျပန်ပြည်၏ အိမ်ရှေ့မင်းသား (HIRO HITO) (ယခုကွယ်လွန်သွားသော ဘုရင်မင်းမြတ်) သည် ဥရောပခရီးစဉ်သွားရင်း အိုကီနာဝါကျွန်း၌ ခေတ္တဝင်ရောက် ရပ်နားခဲ့ပေသည်။ ထိုစဉ်က အိမ်ရှေ့ မင်းသားကို စောင့်ရှောက်လိုက်ပါသည့်ပုဂ္ဂိုလ်မှာ အိုကီနာဝါကျွန်းဇာတိဖွား ဗိုလ်ကြီး (NORIKUZU KANNA) ဖြစ်သည်။ ဗိုလ်ကြီးမှာ အိုကီနာဝါကျွန်းသားဖြစ်သည့်အတွက် အိမ်ရှေ့မင်းသားအား ကရာတေး ပညာဖြင့် ဧည့်ခံလိုသောကြောင့်

Friday, November 6, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း




          (FUNAKOSHI) ငယ်စဉ်က ကရာတေးပညာကို လူမသိအောင် သင်ကြားခဲ့ကြရသည်။ နောက်ပိုင်း တွင် လူသိများလာပြီး ပွင့်လင်းစွာသင်ယူကြရသည်။ ကရာတေးပညာကို လူသိများပြီး၊ ပိုမိုကျယ်ပြန့်လာစေ သည့် အကြောင်းများကား ရှိခဲ့ပေသည်။ (၂၀)ရာစုအစပိုင်းလောက်က  (FUNAKOSHI) စာသင်သည့် ကျောင်းသို့ မြို့နယ်ပညာရေမှူး (SHINDORO OGAWA) ရောက်လာသည့်အခါ ကပွဲမျိုးစုံနှင့် ဧည့်ခံခဲ့ကြသည်။ ဤတွင် မြို့နယ်ပညာရေးမှူးအား ဧည့်ခံပွဲ၌ (FUNAKOSHI) က ကရာတေးပြပွဲကို ထည့်သွင်းပြသခဲ့သည်။ (SHINDORO OGAWA) ကလည်း ကရာတေးကိုမြတ်နိုးသွားပြီး ၎င်း၏အထက် အဆင့်ဆင့် တိုင်းအထိပါ တင်ပြခဲ့သည်။ ထိုသို့တင်ပြရာမှ အချို့စာသင်ကျောင်းများတွင် ကရာတေးပညာ ကိုပါ သင်ယူခွင့်ပြုခဲ့ကြတော့သည်။

Thursday, November 5, 2015

ကရာတေးသမိုင်း(၅)



ကရာတေးသမိုင်း(၅)

ဂျပန်တွင် ကရာတေးပညာကို ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ကရာတေးသင်ကျောင်းများလည်း အထူးများပြားလာခဲ့သည်။ နည်းစနစ်များလည်း မတူဘဲ ဖြစ်လာခဲ့ရသည်။ (FUNAKOSHI) တို့ ငယ်စဉ်က အိုကီနာဝါတွင် ကရာတေးကစားလျှင် (NAWA TE) နှင့် (SHURU TE) နှစ်ကြောင်းသာရှိခဲ့သည်။ ထိုကျောင်းများကလည်း တရုတ်ကိုယ်ခံပညာကျောင်းကြီးနှစ်ကျောင်းနှင့် ပတ်သက်နှီးနွယ်ပေသည်။ (WUTANG) နှင့် (SHORINGI KENPO) ကျောင်းကြီးနှစ်ကျောင်းသည် မင်းဆက်သုံးခုဖြစ်သော (YUANG) (MING) နှင့် (CHIN) မင်းဆက်တို့တွင် အလွန်နာမည်ကြီးခဲ့ပေသည်။ (WUTAN) ကျောင်းကို (CHAN SAN FENG) က စတင်တည်ထောင်ခဲ့ပြီး (SHIRINGI) ကျောင်းကိုမူ (DARUMA) က စတင်ထူထောင်ခဲ့ခြင်းဖြစ် သည်။ (DARUMA) သည် (ZEN) ကို စတင်လေ့လာလိုက်စားခဲ့သူဖြစ်သည်။

Wednesday, October 28, 2015

ကရာတေးသမိုင်း(၄)


ကရာတေးသမိုင်း(၄)


(FUNAKOSHI) သည် ကရာတေး၏ အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း (KARA) ကို ၎င်း၏ဆန္ဒအရ ပိုမိုလေးနက်သည့် အဓိပ္ပါယ်ရောက်အောင် လူသားအားလုံး၏ လောဘ၊ ဒေါသ၊ မောဟ စသော မီးဆယ့်တစ်ပါးကို ငြိမ်းစေနိုင်သည့် စိတ်ပိုင်းဆိုင်ရာ အောင်မြင်ခြင်းပညာဟု ဒဿနိကဗေဒဆန်ဆန် ဖွင့်ဆိုခဲ့သည်။ ဤသို့ဖွင့်ဆိုခြင်းမှာ တရားတော်၌ ထိုသဘောမျိုး ရှိခြင်းကြောင့်ဖြစ်သည်။ ဂျပန်လို (SHIKI-SOKU-ZE-KU) (MATTER IS VOID) နှင့် (KU-SOKU-ZESHIKI) (ALL IS VANITY)တို့ ဖြစ်ပြီး မြန်မာလိုအဓိပ္ပါယ်မှာ “ ဒြပ်တို့၏ တည်မြဲမှု မရှိခြင်း ” နှင့် “ အရာအားလုံး အနတ္တသဘောဖြစ်ခြင်း ” တို့ဖြစ် ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

Tuesday, October 27, 2015

ကရာတေးသမိုင်း(၃)




ကရာတေးသမိုင်း(၃)

တန်မင်းဆက်(TANG DYNASTY) လက်ထက်က ဂျပန်ဘာသာပြန်မှာ “ တရုတ် ”ဖြစ်ပြီး အိုကီနာဝါကျွန်းမှ တိုကျိုသို့ရောက်သည့် (၁၉၂၀)ခုနှစ် အစောပိုင်းကာလများက (KARA) ကို “ တရုတ် လက်”ဟု အဓိပ္ပါယ်ထွက်ဆိုမှ အမှန်ဖြစ်ကြောင်းယူဆသည့် ပုဂ္ဂိုလ်များလည်း ရှိခဲ့ပေသည်။ အိုကီနာဝါ တွင်မူ စစ်သည်တော်သုံး ကိုယ်ခံပညာဟု အဓိပ္ပါယ်ရသည်။ (BUSHI NO TE) ကို စစ်သည်တော်၏လက် (သို့မဟုတ်) ကရာတေးဟု ခေါ်ဆိုခဲ့ကြသည်။ (FUNAKOSHI) သည် ၎င်း၏ ထင်မြင်ယူဆချက်များကို တင်ပြခဲ့သော်လည်း အမှန်၊ အမှားကိုမူ ဆုံးဖြတ်ချက်မပေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် အိုကီနာဝါ ကျွန်းတွင်ပင် အဓိကအားဖြင့်(၂)မျိုး ကွဲပြားနေသောကြောင့်ပင်။ ၎င်းတို့မှာ (SHURI)နယ်တွင် ကစားသည့် ကိုယ်ခံပညာကို

Monday, October 26, 2015

ကရာတေးသမိုင်း(၂)




ကရာတေးသမိုင်း(၂)

၁၆၀၉ ခုနှစ်ခန့်တွင် အိုကီနာဝါ၏ လက်ရှိဘုရင်ကို ဂျပန်ကျွန်းများက ရန်ပြုနယ်ချဲ့လိုသည့်အတွက် စစ်သားများစုဆောင်းခဲ့သည်။ ထိုသို့စုဆောင်းရာတွင် အိုကီနာဝါကျွန်းမှ ကရာတေးသမားများ ပါဝင်ခဲ့သည်။ အိုကီနာဝါသို့ ပထမဆုံးဝင်ရောက်သည့် နယ်ချဲ့ဘုရင်မှာ (SATSUMA) ဒေသကို အုပ်စိုးသည့် ဘုရင် (SHIMASU) ဖြစ်သည်။ (SHIMASU) ခေါင်းဆောင်သည့် နယ်ချဲ့တပ်များကို အိုကီနာဝါကျွန်းရှိ စစ်သည်တို့က သတ္တိပြောင်စွာ ရွပ်ရွပ်ချွန်ချွန်တိုက်သော်လည်း အင်အားခြင်းမမျှသဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဤသို့ ရှုံးနိမ့်ရသည့်အတွက်(SHIMASU) အုပ်ချုပ်နေသည့် အချိန်တွင်လည်း အိုကီနာဝါရှိ လူကြီးရော၊ ကလေးပါမကျန် လက်နှက်ကိုင်ခွင့် ပိတ်ပင်တားမြစ်ခံရပြန်သည်။ ထိုသို့လက်နှက်ကိုင်ဆောင်ခွင့်ကို တားမြစ်တိုင်း၊ တားမြစ်တိုင်း၊ လက်နှက်မဲ့တိုက်ခိုက်မှုပညာကို အားသွန်ခွန်စိုက်ပိုမိုလေ့လာ လိုက်စားခဲ့ ကြသည်မှာ ဓမ္မတာဖြစ်သည်။ သို့ဖြင့် ကရာတေးပညာမှာ ပိုမိုထင်ပေါ်လာခဲ့သည်။

Saturday, October 10, 2015

ကရာတေးသမိုင်း





ကရာတေးသမိုင်း

(GICHIN FUNAKOSHI) သည် ကရာတေး၏ သမိုင်းကို သုံးသပ်ရာတွင် အခက်အခဲများကို တွေ့ရသည်။ သမိုင်းရေးအချက်အလက်၊ အထောက်အထားစာများ မရှိခြင်း၊ ကရာတေးပညာကို မည်သူက တီထွင်၍ မည်သို့တိုးတက်လာအောင်လုပ်ကာ မည်သည့်အချိန်က စတင်ပေါ်ပေါက်လာပြီး မည်သို့ ပြောင်းလဲသည်ကို မသိခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ပါးစပ်ရာဇ၀င်အဖြစ်သာ သိခဲ့ရသည့် ကရာတေး သမိုင်းကြောင်းတွင် တစ်ခါတစ်ရံ စိတ်ကူးယဉ် ဒဏ္ဍာရီဆန်သည့် မမှန်ကန်သောအချက်အလက်များ ပါဝင်လာတတ်ပေသည်။
(FUNAKOSHI) ငယ်စဉ် (MEGI) ခေတ်ဦးကဆိုလျှင် ကရာတေးပညာကို အစိုးရက ပိတ်ပင် တားမြစ်ခဲ့သဖြင့် တရားဝင်လေ့ကျင့်သင်ကြားခွင့် မရပေ။ ကရာတေးအသင်းများနှင့် ကြေးစားဆရာ များလည်း မရှိသဖြင့် ကျွမ်းကျင်သူပုဂ္ဂိုလ်များက တပည့်အနည်းငယ်ကိုသာ လျှို့ဝှက်သင်ကြားပေးခဲ့ရ သည်။ ကရာတေးဖြင့် အသက်မွေးဝမ်းကြောင်းသည့် အလုပ်မျိုးလည်း ထိုခေတ်က မရှိပေ။ ထို့ကြောင့် (FUNAKOSHI)က …
" ကျွန်တော်ဟာ ဆရာကြီး(AZATO) ရဲ့တစ်ဦးတည်းသော တပည့်ဖြစ်ပါတယ် …"

Friday, October 9, 2015

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၅)






(NIHA) မြို့တွင် (ITOSU) ရှိစဉ်တစ်ချိန်က ဖြစ်သည်။ ပန်းခြံတစ်ခု၌ အပန်းဖြေရင်း ဆိုင်တစ်ဆိုင် တွင် ဝင်စားမည်ပြုစဉ် ကိုယ်ခန္ဓာကြံ့ခိုင်တောင့်တင်းသည့် လူငယ်တစ်ဦးက ဆရာ(ITOSU) ကို အလွန် ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးခဲ့သည်။ (ITOSU)လည်း ဝမ်းဗိုက်ရှိ ကြွက်သားများဖြင့် တင်းခံလိုက် ရာ လူငယ်၏လက်သီး ပြန်ကန်ထွက်သွားရသည်။ (ITOSU) က ညာလက်ဖြင့်ဖမ်းပြီး ဆိုင်ကအထွက်တွင် စားပွဲထိုးအား ဝိုင်အရက်နှင့် အစားအသောက်ကို မှာခဲ့သေးသည်။ ပြီးမှ လူငယ်ကို သူနှင့်မျက်နှာချင်း ဆိုင်အောင်လှည့်ပြီး …
          “ မင်းငါ့ကို ဘာအငြိုးရှိမှန်းတော့ မသိဘူး၊ ဒါပေမယ့် လာပါ ငါနဲ့အရက်အတူသောက်ရအောင် …”
ဟု ဆွဲခေါ်ခဲ့ဘူးသည်။
          တစ်ကြိမ်တွင် ကရာတေးပညာဖြင့် ဘဝင်မြင့်နေသည့် လူငယ်တစ်ဦးနှင့် ဆရာကြီး (ITOSU) တို့ တွေ့ဆုံကြပြန်သည်။ လူငယ်လေးမှာ ကရာတေးပညာတတ်ကျွမ်းသည်နှင့်အမျှ ညပိုင်းလူရှင်းချိန်တွင် လမ်းကြိုလမ်းကြားလျှောက်သွားသူများကို သူ့ပညာစမ်းလေ့ရှိသည်။ ဤမျှဖြင့် မတင်းတိမ်သေးသည့် လူငယ်လေးမှာ

Thursday, October 1, 2015

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၄)









(AZATO) မှာ ကရာတေးပညာအပြင် ဒါးသိုင်းအရာမှာလည်း အလွန်ကျွမ်းကျင်သူတစ်ဦး ဖြစ်သေး သည်။ သို့သော် ၎င်း၏ဒါးသိုင်းပညာနှင့်ပတ်သက်၍ ကြွားဝါသည့်စကားမျိုး မပြောဘူးကြောင်း၊ (FUNAKOSHI) က  ဆိုခဲ့သည်။ တစ်ကြိမ်တွင် …
          “ FUNAKOSHI ရေ … ဂျပန်မှာရှိတဲ့ တော်ပေ့ဆိုတဲ့ ဒါးသိုင်းသမားတွေနဲ့ ယှဉ်ရရင် ငါတော့ ရှုံးလိမ့်မယ် မထင်ဘူး ”ဟု ပြောခဲ့ဖူးသည်။
          ဆရာကြီး (AZATO) ယုံကြည်သည့်အတိုင်း အဖြစ်အပျက်တစ်ခု ဖြစ်သွားဖူးသည်။ ထိုစဉ်က အိုကီနာဝါတွင် နာမည်ကြီးဒါးသိုင်းဆရာကြီး (YORIN KANNA) ဆိုသူတစ်ဦး ရှိခဲ့ဖူးသည်။ ထိုသူ၏ ဒါးသိုင်း ပညာကောင်းမှု၊ တရုတ်စာပေ ကျွမ်းကျင်မှုနှင့် ခန္ဓာကိုယ်ဖွံ့ထွားကြံ့ခိုင်မှုက လူတိုင်းပါးစပ်ဖျားတွင် အထူး ရေပန်းစားခဲ့ရသည်။ (AZATO) နှင့်မူ ယှဉ်နိုင်စရာမရှိဟု ထင်ရလောက်သည်။ သို့သော် တကယ်တမ်း ဒါးရေးယှဉ်ပြိုင်ရာ၌ ဆရာကြီး (AZATO) ကပင် အနိုင်ရခဲ့သည်။
          “ ဆရာ၊ ဘယ်လိုနိုင်အောင် လုပ်ခဲ့ပါသလဲ …”

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၃)








(FUNAKOSHI) မြို့တွင် လုပ်သက်ကြာလာသည့်အခါ အထက်အရာရှိများက(FUNAKOSHI) အား ကျောင်းအုပ်ရာထူးသို့ တိုးပေးရန်စီစဉ်ရာ၊ ၄င်းက လက်မခံခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် အိုကီနာဝါ၏ အစွန်အဖျားကျွန်းများသို့ ပြောင်းရွေ့အမှုထမ်းရပါက ၎င်း၏ကရာတေးဆရာကြီးများနှင့် ဝေးကွာမည်စိုး သောကြောင့်ဖြစ်၏။ တစ်ဖန်၎င်း၏ မိခင်သည်လည်း ထိုစဉ်က မမာမကျန်းဖြစ်နေသည်။ ကျောင်းဆရာလခ နှင့် မိသားစုစားဝတ်နေရေး မဖူလုံနိုင်သော်လည်း ကရာတေးပညာကို မြတ်နိုးစိတ်၊ ကရာတေးဆရာကြီးများ ကို ချစ်ခင်ရိုသေစိတ်တို့ကြောင့် (FUNAKOSHI) ရာထူးတက်လမ်းကို ငြင်းဆန်စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။
          (FUNAKOSHI) ကျောင်းဆရာလုပ်နေစဉ်ကပင် ရောင်ထုံးဖြတ်ရန်ဥပဒေတစ်ရပ်ကို အစိုးရက ထုတ်ပြန်ခဲ့သည်။ ဤတွင် လူငယ်များအကြား အုပ်စုနှစ်စုကွဲလာသည်။ (FUNAKOSHI) မှာ ရောင်ဖြုတ်ချင် သည့် အုပ်စု၌ပါဝင်ပေသည်။ ရောင်မဖြုတ်ချင်သည့် လူငယ်များတွင် ကရာတေးသမားများပါဝင် သောကြောင့်

Sunday, September 27, 2015

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး (၂)









                ၁၈၈၈ ခု၊ ပထမဆုံး ကျောင်းဆရာလုပ်စက အသက်(၂၁)နှစ်အရွယ်ရှိ (FUNAKHOSHI) သည် ကလေးများကို စာသင်ပေးရသည်။ တားမြစ်ထားသည့် ကရာတေးပညာကိုမူ အလုပ်အားသည့် ညအခါတွင် ခက်ခက်ခဲခဲသင်ယူခဲ့ရသည်။ လမိုက်ရက်များတွင် လက်ဆွဲမီးအိမ်ကလေးဖြင့် ဆရာ (AZATO) ထံသို့  အရောက်သွားခဲ့သည်။ (AZATO) ၏ နောက်ဖေးကွက်လပ်တွင် (KATA)တစ်ပု၏စီကို အကြိမ်ကြိမ်ဖြင့် နှစ်ရှည်လများ ကျင့်ခဲ့ရသည်။ တစ်ခါတစ်ရံ မြေကြီးပေါ်လဲကျသည်အထိ ပင်ပန်းကြီးစွာလေ့ကျင့် ပါသော်လည်း ဆရာ(AZATO) စိတ်တိုင်းမကျသဖြင့် ထပ်တလဲလဲ ဆက်လက်လေ့ကျင့်နေခဲ့ရသည်။  ဆရာစိတ်တိုင်းကျ ကစားပြနိုင်သည့် တစ်ခါတစ်လေမှသာ ကောင်းသည်ဟု ချီးကျူးအသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ထိုသို့အပြောခံရခြင်းသည်ပင်လျှင် အကောင်းဆုံးဆုလာဘ်ဖြစ်ကြောင်း (FUNAKOSHI) က ဆိုခဲ့သည်။

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး (၁)





        လမစေ့ဘဲ မွေးသည့်အပြင် တစ်ဦးတည်းသော သားဖြစ်သူ (FUNAKOSHI) ကို ဖခင် (GISU) နှင့် နှစ်ဘက်အဘိုးအဘွားများက အချစ်ပုံခဲ့ကြသည်။ အဘိုးအဘွားအိမ်လိုက်နေရင်း မူလတန်းကျောင်းတက်ရာမှ ကျောင်းနေဘက်သူငယ်ချင်းကောင်းတစ်ဦးကို မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။ ထိုသူငယ်ကား (FUNAKOSHI) ၏ ဘဝတစ်ခုလုံးကို ပြောင်းလဲစေမည့် အိုကီနာဝါတွင် (FUNAKOSHI) ၏ဆရာဖြစ်သည့် (YASU SUNE AZATO) ၏သားဖြစ်သည်။ အိုကီနာဝါ၌ ကရာတေးပညာတွင် အလွန်နာမည်ကျော်သည့် ဆရာကြီး(AZATO) အား ကျော်လွှားနိုင်မည့်သူမရှိပေ။ ကရာတေးသာမက ဓါးသိုင်း (KENDO)၊ မြှားပစ်(KYUDO)၊ မြင်းစီးအပြင် စာပေအရာတွင်လည်း အလွန်တတ်ကျွမ်းပြောင်မြောက်လှပေသည်။
 “ထိုဆရာမျိုး၏ တပည့်ဖြစ်ရခြင်းအတွက် ကျွန်တော့်လောက် ကံကောင်းသည့်လူ မရှိပါ …”
ဟု FUNAKOSHI က ညွှန်းရလောက်သည့် ဆရာကြီးဖြစ်သည်။

Tuesday, September 22, 2015

MEIJI RESTORATION (ပြန်လည်ထူထောင်ခြင်း)







FUNAKOSHI ကို MEIJI RESTORATION ခေတ်(၁၈၆၈) နိုဝင်ဘာ(၁၀)တွင် အိုကီနာဝါကျွန်း၏ မြို့တော် SHURI ဖွားမြင်ခဲ့သည်။ ယောက်ျားပီသလိုသူများအတွက် ရောင်(သျှောင်)ထုံးခေတ်စားသည့် ထိုခေတ် တွင် FUNAKOSHI က ရောင်ထုံးကို ဖြုတ်၍ ခေတ်ကို တော်လှန်ခဲ့သည်။ ကရာတေးကို ရှေးဂျပန်စာ ခမ်းဂျီးနှင့်ရေးသောအခါ (KARA) ၏ အဓိပ္ပါယ်မှာ တရုတ်ဟု အဓိပ္ပါယ်ရ၍ (KARATE) ၏ အဓိပ္ပါယ်မှာ တရုတ်လက်ဟု ဘာသာပြန်ခဲ့ကြသည်။ သို့သော် (OKINAWA) ရော ဂျပန်တွင်ပါ ခေတ်စားလာသည့်အခါ (KARA) ကို ခမ်းဂျီးနှင့်ဖတ်လျှင် လဟာပြင်(SPACE) ဟု အဓိပ္ပါယ်ထွက်သောကြောင့် “ ကရာတေး”ကို လက်နှက်မဲ့ကိုယ်ခံပညာ (သို့မဟုတ်) မီးဆယ့်တစ်ပါးကို ငြိမ်းစေသည့် လောဘ-ဒေါသ-မောဟ ကင်းသည့် ပညာဟု ၄င်းက ဘာသာပြန်ဆိုစေခဲ့သည်။ ကား FUNAKOSHI ၏ ထူးခြားသော တော်လှန်မှုကြီး နှစ်ခုပင်ဖြစ်သည်။

Saturday, September 19, 2015

GICHIN FUNAKOSHI ၏ ဥယျောဇဉ်





        FUNAKOSHI သည် SANGYO KEIZA နှင့် HIROSHI ARIKATA WEEKLY SANKEY မဂ္ဂဇင်း အယ်ဒီတာတို့မှ  ကရာတေးအကြောင်းရေးဖို့ တိုက်တွန်းချက်ကို လက်ခံခဲ့ပြီး သူ၏ အတ္ထုပ္ပတ္တိကရေးရင်းနှင့် ကရာတေးအကြောင်းရေးမည်ဟုဆိုကာ KARATE DO- MY WAY OF LIFE စာအုပ်ကို ရေးသားခဲ့သည်။ စာအုပ်ကို ရေးသားဖြစ်အောင် စေ့ဆော်တိုက်တွန်းခဲ့သည့် မဂ္ဂဇင်းအယ်ဒီတာကို FONAKOSHI က ကျေးဇူးတင်ကြောင်း ပြောပြထားသည်။ စာအုပ်ရေးနေစဉ်တွင် FUNAKOSHI သည် ရာထူးဂုဏ်သိမ်မရှိ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သည်။
          ငယ်စဉ်က FUNAKOSHI သည် ကျန်းမာရေးချို့တဲ့ပြီး အရပ်ပုသူဖြစ်သည်။ ထို့ကြောင့် သူ၏ မိဘဆွေမျိုးများက အားကစားတစ်ခုခုကစားရန် တိုက်တွန်းကြသည်။ ထိုအချိန်ခါက ကရာတေးပညာသည် ဂျပန်နိုင်ငံတွင် မထွန်းကားသေးသော်လည်း FUNAKOSHI နေထိုင်ရာ OKINAWA (အိုကီနာဝါ) ကျွန်းတွင် ကရာတေးပညာ ရောက်ရှိထွန်းကားနေပြီဖြစ်သည်။

Thursday, September 17, 2015

ဆရာကြီး ဦးကျော်ညွန့်၏ အမှာစာ




          ပြီးခဲ့သည့် အဆာဟိအမှုဆောင် အစည်းအဝေး (၁၉၉၄)တွင် ကျင်းပမည့် အဆာဟိကရာတေး အသင်းကြီး၏ ငွေရတုသဘင်အတွက် ရန်ပုံငွေရှာရန် တင်ပြဆွေးနွေးကြပါသည်။ ကရာတေးနှင့် ပတ်သက်၍ ဗဟုသုတတိုးစေရန်အတွက် စာအုပ်ငယ်တစ်ခုပြုစုဖို့ တပည့်အားလုံးက တောင်းပန်ကြသည်။ ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်းဆိုသလို ရန်ပုံငွေလည်းရ၊ ဗဟုသုတလည်းရနိုင်ရန် နည်းလမ်းသည် အကောင်းဆုံးဖြစ်ကြောင်း တင်ပြကြသည်။
          ကျွန်တော်လည်း ဆောင်ရွက်ပေးပါမည်ဟု လိုလိုချင်ချင်ပဲ ကတိပေးလိုက်ပါသည်။ တွင် အလျင်းသင့်၍ ဖော်ပြလိုပါသည်။ စာရေးတာကတော့ ဗီဇကပင် ကျွန်တော်ဝါသနာပါ ပါသည်။ ဂုတ် ကျီးပေါင်းတက်ခြင်းဖြစ်ပါသည်။ ကျွန်တော့်ရောဂါသည် စာရေးခြင်းနှင့် ဖီလာဖြစ်နေပါသည်။ ခေါင်းငုံ့ မေးချိုးပြီး ဘာမျှမလုပ်ရဟု သမားတော်က တားမြစ်ပါသည်။ ကရာတေးကိုလည်း လုံးဝမကစားရဟု ပိတ်ပင်ထားသည်။