Saturday, September 19, 2015

GICHIN FUNAKOSHI ၏ ဥယျောဇဉ်





        FUNAKOSHI သည် SANGYO KEIZA နှင့် HIROSHI ARIKATA WEEKLY SANKEY မဂ္ဂဇင်း အယ်ဒီတာတို့မှ  ကရာတေးအကြောင်းရေးဖို့ တိုက်တွန်းချက်ကို လက်ခံခဲ့ပြီး သူ၏ အတ္ထုပ္ပတ္တိကရေးရင်းနှင့် ကရာတေးအကြောင်းရေးမည်ဟုဆိုကာ KARATE DO- MY WAY OF LIFE စာအုပ်ကို ရေးသားခဲ့သည်။ စာအုပ်ကို ရေးသားဖြစ်အောင် စေ့ဆော်တိုက်တွန်းခဲ့သည့် မဂ္ဂဇင်းအယ်ဒီတာကို FONAKOSHI က ကျေးဇူးတင်ကြောင်း ပြောပြထားသည်။ စာအုပ်ရေးနေစဉ်တွင် FUNAKOSHI သည် ရာထူးဂုဏ်သိမ်မရှိ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သည်။
          ငယ်စဉ်က FUNAKOSHI သည် ကျန်းမာရေးချို့တဲ့ပြီး အရပ်ပုသူဖြစ်သည်။ ထို့ကြောင့် သူ၏ မိဘဆွေမျိုးများက အားကစားတစ်ခုခုကစားရန် တိုက်တွန်းကြသည်။ ထိုအချိန်ခါက ကရာတေးပညာသည် ဂျပန်နိုင်ငံတွင် မထွန်းကားသေးသော်လည်း FUNAKOSHI နေထိုင်ရာ OKINAWA (အိုကီနာဝါ) ကျွန်းတွင် ကရာတေးပညာ ရောက်ရှိထွန်းကားနေပြီဖြစ်သည်။

          FUNAKOSHI သည် ကျန်းမာရေးကောင်းမွန်ရန်ရည်ရွယ်ပြီး ကရာတေးကို ကစားခဲ့သည်။ ထိုသို့ကျန်းမာရေးအတွက် ကရာတေးကို ကစားခဲ့ရာမှ နှစ်ပေါင်း(၉၀)ကြာအထိ ကရာတေးပညာကို စောက်ချကစားဖြစ်ခဲ့သည်။ ခေတ်ပေါ်ကရာတေးပညာ၏ဖခင်ဟု သတ်မှတ်ခံရသည်အထိ ကရာတေးပညာ ကို မြတ်နိုးစွာ ကစားခဲ့သည်။
          ကရာတေးကစားခြင်းကြောင့် အသက်အရွယ်ကြီးရင့်လာသည့်တိုင်အောင် ကျန်းမာရေးအတွက် မည်သည့်ဆရာဝန်ကိုမျှမပြဘူးပဲ၊ တစ်ခါမှလည်း ဆေးမထိုးဘူး၊ ဆေးမသောက်ဘူးခဲ့ကြောင်း တန်ဖိုးထား မြတ်နိုးအားကိုးစွာ ညွှန်းဆိုခဲ့ပါသည်။ သက်တူရွယ်တူ သူငယ်ချင်းများက “ ဖူနာကိုရှိ မင်းသေတောင် သေပါဦးမလား၊ မင်းသေမယ်တောင် မထင်တော့ပါဘူး ” လို့ ချီးကျူးနောက်ပြောင် ပြောဆိုကြသော်လည်း FUNAKOSHI က ကရာတေးပညာကို စနစ်တကျနဲ့ အမြဲတမ်းကစားနေလို့ ကျန်းမာရေးကောင်းနေတာပဲလို့ ယုံကြည်ပါတယ်။ ကိုယ်အပူချိန်ရှိသည့်အခါမျိုး၊ ဖျားချင်သလိုဖြစ်သည့်အခါမျိုး ကရာတေးကစား လိုက်သည့်အခါ ကိုယ်အပူချိန်သက်သာသွားသည်ဟု ကရာတေးပညာအပေါ်ယုံကြည်မှု ရှိခဲ့သည်။ သူ၏ အစာအိမ်ရောဂါသည်လည်း ကရာတေးကစားမှုကြောင့် သက်သာပျောက်ကင်းလာသည်ဟု ထင်ကြောင်း FUNAKOSHI က ကရာတေးပညာကို အားကိုးယုံကြည်မှုရှိကြောင်း ညွှန်းဆိုခဲ့ပါသည်။
          ယခုအခါ(စာအုပ်ရေးစဉ်)တွင် အပြည်ပြည်ဆိုင်ရာ ကရာတေးပညာကို လေ့လာလိုက်စား လာကြသည်မှာ သိပ်မကြာသေးသော်လည်း အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီး လူတန်းစားမရွေး ကျယ်ကျယ်ပြန့်ပြန့် ကစားလာကြသောကြောင့် ကရာတေးဆရာတွေဟာ ဒီပညာတွေကို ကောင်းပါ တယ်ဆိုပြီး ဆက်လက်ထိမ်းသိမ်းကြရပါ့မယ်လို့ FUNAKOSHI က တိုက်တွန်းခဲ့ပါတယ်။

No comments:

Post a Comment