Tuesday, September 22, 2015

MEIJI RESTORATION (ပြန်လည်ထူထောင်ခြင်း)







FUNAKOSHI ကို MEIJI RESTORATION ခေတ်(၁၈၆၈) နိုဝင်ဘာ(၁၀)တွင် အိုကီနာဝါကျွန်း၏ မြို့တော် SHURI ဖွားမြင်ခဲ့သည်။ ယောက်ျားပီသလိုသူများအတွက် ရောင်(သျှောင်)ထုံးခေတ်စားသည့် ထိုခေတ် တွင် FUNAKOSHI က ရောင်ထုံးကို ဖြုတ်၍ ခေတ်ကို တော်လှန်ခဲ့သည်။ ကရာတေးကို ရှေးဂျပန်စာ ခမ်းဂျီးနှင့်ရေးသောအခါ (KARA) ၏ အဓိပ္ပါယ်မှာ တရုတ်ဟု အဓိပ္ပါယ်ရ၍ (KARATE) ၏ အဓိပ္ပါယ်မှာ တရုတ်လက်ဟု ဘာသာပြန်ခဲ့ကြသည်။ သို့သော် (OKINAWA) ရော ဂျပန်တွင်ပါ ခေတ်စားလာသည့်အခါ (KARA) ကို ခမ်းဂျီးနှင့်ဖတ်လျှင် လဟာပြင်(SPACE) ဟု အဓိပ္ပါယ်ထွက်သောကြောင့် “ ကရာတေး”ကို လက်နှက်မဲ့ကိုယ်ခံပညာ (သို့မဟုတ်) မီးဆယ့်တစ်ပါးကို ငြိမ်းစေသည့် လောဘ-ဒေါသ-မောဟ ကင်းသည့် ပညာဟု ၄င်းက ဘာသာပြန်ဆိုစေခဲ့သည်။ ကား FUNAKOSHI ၏ ထူးခြားသော တော်လှန်မှုကြီး နှစ်ခုပင်ဖြစ်သည်။

No comments:

Post a Comment