Sunday, September 27, 2015

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး (၁)





        လမစေ့ဘဲ မွေးသည့်အပြင် တစ်ဦးတည်းသော သားဖြစ်သူ (FUNAKOSHI) ကို ဖခင် (GISU) နှင့် နှစ်ဘက်အဘိုးအဘွားများက အချစ်ပုံခဲ့ကြသည်။ အဘိုးအဘွားအိမ်လိုက်နေရင်း မူလတန်းကျောင်းတက်ရာမှ ကျောင်းနေဘက်သူငယ်ချင်းကောင်းတစ်ဦးကို မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။ ထိုသူငယ်ကား (FUNAKOSHI) ၏ ဘဝတစ်ခုလုံးကို ပြောင်းလဲစေမည့် အိုကီနာဝါတွင် (FUNAKOSHI) ၏ဆရာဖြစ်သည့် (YASU SUNE AZATO) ၏သားဖြစ်သည်။ အိုကီနာဝါ၌ ကရာတေးပညာတွင် အလွန်နာမည်ကျော်သည့် ဆရာကြီး(AZATO) အား ကျော်လွှားနိုင်မည့်သူမရှိပေ။ ကရာတေးသာမက ဓါးသိုင်း (KENDO)၊ မြှားပစ်(KYUDO)၊ မြင်းစီးအပြင် စာပေအရာတွင်လည်း အလွန်တတ်ကျွမ်းပြောင်မြောက်လှပေသည်။
 “ထိုဆရာမျိုး၏ တပည့်ဖြစ်ရခြင်းအတွက် ကျွန်တော့်လောက် ကံကောင်းသည့်လူ မရှိပါ …”
ဟု FUNAKOSHI က ညွှန်းရလောက်သည့် ဆရာကြီးဖြစ်သည်။
ထိုစဉ်က အိုကီနာဝါတွင် ကရာတေးပညာကို တားမြစ်ထားပေသည်။ ထို့ကြောင့် (AZATO) ထံတွင် ကရာတေးသင်ခြင်းအမှုကို မည်သူ့အားမျှ (FUNAKOSHI) မပြောရဲခဲ့ပေ။ သို့ဖြစ်၍ လူခြေတိတ်သည့် ညအချိန်တို့တွင်သာ ကရာတေးပညာကို သင်ယူရသည်က များပေသည်။ မိမိအဘိုးအဘွားအိမ်နှင့် ဆရာ (AZATO) အိမ်တို့ အလှမ်းကွာသော်လည်း ကရာတေးပညာကို စုံမက်စွာ သင်ယူလေ့ကျင့်ခဲ့သည်။ ကနဦးက ကရာတေးပညာကို အသက်မွေးဝမ်းကျောင်းအဖြစ်မဟုတ်ဘဲ ကျန်းမာရေးအတွက်သာ ရည်ရွယ်ကစားခဲ့ပေသည်။ လေ့ကျင့်မှုကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်တောင့်တင်းလာပြီး ရောဂါဘယ ကင်းဝေးလေ ကရာတေးပညာကို တမြတ်တနိုး စောက်ချကစားလာလေဖြစ်သည်။
          နောင်သော် ကရာတေးသာမက (AZATO) က စာပေများကိုပါ သင်ကြားပို့ချပေးခဲ့၏။ ဤသို့ဖြင့် ဂန္တဝင်တရုတ်စာပေ (CHINESE CLASSICS) ကို ကျွမ်းကျင်လာပြီး မိမိအဘိုးအဘွားတို့ကိုပင် တစ်ဆင့်ပြန်လည်သင်ကြားပေးခဲ့သည်။ ဤတွင်စာပေကို အသုံးချရင်း ဆရာ့အနီးတွင် အစဉ်နေထိုင်ရန် ကျောင်းဆရာဘဝကို ဆုံးဖြတ်ချက်ချခဲ့သည်။

No comments:

Post a Comment