FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၂)
၁၈၈၈ ခု၊ ပထမဆုံး ကျောင်းဆရာလုပ်စက အသက်(၂၁)နှစ်အရွယ်ရှိ (FUNAKHOSHI)
သည် ကလေးများကို စာသင်ပေးရသည်။ တားမြစ်ထားသည့် ကရာတေးပညာကိုမူ အလုပ်အားသည့် ညအခါတွင်
ခက်ခက်ခဲခဲသင်ယူခဲ့ရသည်။ လမိုက်ရက်များတွင် လက်ဆွဲမီးအိမ်ကလေးဖြင့် ဆရာ (AZATO) ထံသို့ အရောက်သွားခဲ့သည်။ (AZATO) ၏ နောက်ဖေးကွက်လပ်တွင်
(KATA)တစ်ပု၏စီကို အကြိမ်ကြိမ်ဖြင့် နှစ်ရှည်လများ ကျင့်ခဲ့ရသည်။ တစ်ခါတစ်ရံ မြေကြီးပေါ်လဲကျသည်အထိ
ပင်ပန်းကြီးစွာလေ့ကျင့် ပါသော်လည်း ဆရာ(AZATO) စိတ်တိုင်းမကျသဖြင့် ထပ်တလဲလဲ ဆက်လက်လေ့ကျင့်နေခဲ့ရသည်။ ဆရာစိတ်တိုင်းကျ ကစားပြနိုင်သည့် တစ်ခါတစ်လေမှသာ
ကောင်းသည်ဟု ချီးကျူးအသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ထိုသို့အပြောခံရခြင်းသည်ပင်လျှင်
အကောင်းဆုံးဆုလာဘ်ဖြစ်ကြောင်း (FUNAKOSHI) က ဆိုခဲ့သည်။
(KATA) များကိုလည်း ဆရာသင်ပေးသမျှနှင့်
ရောင့်ရဲတင်းတိမ်ကာ၊ အသစ်ထပ်သင်ရန် ဆရာကို မပြောဝံ့ခဲ့ပေ။
(FUNAKOSHI)
အဖို့ နောက်ထပ်ကံကောင်းသည့်အချက်မှာ ဆရာကြီး (AZATO) က အိုကီနာဝါကျွန်းရှိ၎င်း၏ မိတ်ဆွေဖြစ်သူ
ကရာတေးကို တစ်ဖက်ကမ်းခတ်တတ်သည့် ဆရာကြီး (ITOSU)ထံ ပညာသင်ရန် ခွင့်ပြုစေလွှတ်ခဲ့ခြင်းပင်
ဖြစ်တော့သည်။ ထိုခေတ်ကာလက တပည့်ခွဲခြားမှု မရှိခဲ့ကြောင်း ဤအချက်က သိသာစေခဲ့သည်။ (FUNAKOSHI)
လည်း အသက်(၈၀)ကျော်သည်အထိ ဘဝလမ်းမှန်ပေါ်တွင် တိုးတက်ကောင်းမွန်ခဲ့ခြင်းမှာ ထိုဆရာကြီးနှစ်ဦး၏
ကျေးဇူးပင်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။
သို့ဖြင့် (FUNAKOSHI)
လည်း အတန်းငယ်လေးများကို စာသင်ရာမှ အတန်းကြီးများကို သင်ကြားနိုင်ရေးအတွက် အလွတ်အရည်အချင်းစစ်
စာမေးပွဲကို ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ပြန်သည်။ ဤတွင် (SHURI) ခေါ် တောမြို့လေးမှ (NAHA)
မြို့သို့ ပြောင်းရွေ့ခဲ့ရသည်။ အစိုးရရုံးစိုက်ရာ (NAHA) မြို့သို့ ပြောင်းရွေ့ခဲ့ရခြင်းမှာ
(FUNAKOSHI) အဖို့ ကံကောင်းခြင်းတစ်ရပ် ဖြစ်ခဲ့ပြန်သည်။ ကရာတေးကို ပိုမိုလေ့ကျင့်ခွင့်
ရလာသည်။
No comments:
Post a Comment