Thursday, October 1, 2015

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၃)








(FUNAKOSHI) မြို့တွင် လုပ်သက်ကြာလာသည့်အခါ အထက်အရာရှိများက(FUNAKOSHI) အား ကျောင်းအုပ်ရာထူးသို့ တိုးပေးရန်စီစဉ်ရာ၊ ၄င်းက လက်မခံခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် အိုကီနာဝါ၏ အစွန်အဖျားကျွန်းများသို့ ပြောင်းရွေ့အမှုထမ်းရပါက ၎င်း၏ကရာတေးဆရာကြီးများနှင့် ဝေးကွာမည်စိုး သောကြောင့်ဖြစ်၏။ တစ်ဖန်၎င်း၏ မိခင်သည်လည်း ထိုစဉ်က မမာမကျန်းဖြစ်နေသည်။ ကျောင်းဆရာလခ နှင့် မိသားစုစားဝတ်နေရေး မဖူလုံနိုင်သော်လည်း ကရာတေးပညာကို မြတ်နိုးစိတ်၊ ကရာတေးဆရာကြီးများ ကို ချစ်ခင်ရိုသေစိတ်တို့ကြောင့် (FUNAKOSHI) ရာထူးတက်လမ်းကို ငြင်းဆန်စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။
          (FUNAKOSHI) ကျောင်းဆရာလုပ်နေစဉ်ကပင် ရောင်ထုံးဖြတ်ရန်ဥပဒေတစ်ရပ်ကို အစိုးရက ထုတ်ပြန်ခဲ့သည်။ ဤတွင် လူငယ်များအကြား အုပ်စုနှစ်စုကွဲလာသည်။ (FUNAKOSHI) မှာ ရောင်ဖြုတ်ချင် သည့် အုပ်စု၌ပါဝင်ပေသည်။ ရောင်မဖြုတ်ချင်သည့် လူငယ်များတွင် ကရာတေးသမားများပါဝင် သောကြောင့်
ဆရာများက ဆံပင်ဖြတ်လျှင် မိမိတတ်သည့် ကိုယ်ခံပညာဖြင့် ရှောင်တိမ်းပြေးထွက်ကြသည်။ ထိုအချိန်က (FUNAKOSHI) ကဲ့သို့ ကရာတေးပညာတတ်သောဆရာများ အစိုးရထံ၌ မျက်နှာပန်းပိုလှခဲ့ကြ သည်။ အချို့လူငယ်များမှ မတတ်သာလွန်း၍သာ ရောင်အဖြတ်ခံရသော်လည်း လက်သီးကိုကျစ်နေအောင် ဆုပ်ထားခဲ့ကြ၏။ သို့ဖြင့် ဂျပန်တွင် ရောင်ထုံးဓလေ့ တိမ်ကောပပျောက်ခဲ့ရသည်။
          (FUNAKOSHI) တွင် (AZATO) နှင့် (ITOSU) တို့အပြင် အခြားဆရာကြီးများလည်း ရှိပါသေး သည်။ ထိုဆရာကြီးများမှာ (KIYUNA),(TOONNO),(NIGAKI) နှင့် (MATSUMURA) တို့ဖြစ်သည်။ ၎င်းတို့တွင် ကရာတေးပညာတွင်သာမက အတွေးအခေါ် အမြှော်အမြင်များပါ ကျယ်ပြန့်စွာတတ်ကျွမ်း ကြသည်။ (KIYUNA0 ၏ထူးခြားချက်မှာ လက်နှင့်သစ်ခေါက်များကို ခွာယူနိုင်ခြင်းပင်ဖြစ်သည်။ (TOONNO) မှာမူ (NAHA) မြို့တော်က ဖြစ်ပြီး ကရာတေးအပြင် တရုတ်စာပေကိုပါ နှံ့စပ်သူဖြစ်သည်။ (NIGAKI) က ကရာတေးအပြင်၊ အတွေးအခေါ်ပိုင်းတွင် လေးနက်ကျွမ်းကျင်မှုရှိသည်။ (MATSUMURA) ကား အလွန်ထင်ရှား ကျော်ကြားသည့် ကရာတေးသမားကောင်းကြီးတစ်ဆူ ဖြစ်တော့သည်။
          ထိုခေတ်ဆရာကြီးများ၏ အတွေးအခေါ် အမြှော်အမြင်ရှိပုံကို ဆရကြီး (AZATO)၏ ဟောကိန်းအရ
သိနိုင်ပေသည်။ (SHURI)နှင့် ဆိုက်ဘေးရီးယား မီးရထားလမ်းဖောက်ချိန်၊ ဂျပန်နှင့် ရုရှ သင့်မြတ်နေချိန်က ဖြစ်သည်။ (AZATO) က ထိုမီးရထားလမ်းကြီးပြီးလျှင် ရုရှနှင့် ဂျပန်စစ်ဖြစ်လိမ့်မည်ထင်ကြောင်း (FUNAKOSHI) ကို ပြောခဲ့ဖူးသည်။ (AZATO) ၏ ဟောကိန်းအတိုင်း (၁၉၀၄)တွင် ရုရှနှင့် ဂျပန် စစ်ဖြစ်ခဲ့ကြသည်။ ကရာတေးဆရာကြီးများ၏ ထက်မြက်သည့်အတွေးအခေါ်နှင့် သိမြင်နှံ့စပ်မှုကို ဤအချက်က သိသာထင်ရှားစေသည်။ ထို့ကြောင့်လည်း (FUNAKOSHI) က ကရာတေးသာမက စာပေ ပညာ ကိုပါ လက်လွတ်မခံဘဲ လေ့လာလိုက်စားခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment