Monday, April 24, 2017

2.Power(၁)


 2.Power(၁)

        ကရာတေးကစားရာတွင် အားပါရပေမည်။ အားပါရမည် ဆိုရာဝယ် (KATA) ရှိ (TECHNIQUE) အားလုံးကို ဆိုလိုသည်။ (KATA) ပါ အခြေခံနည်းစနစ်များ (KIHON WAZA) တွင်  အင်နှင့်အားနှင့် ဖြစ်မှ ကောင်းသည်။ မည်သည့် (TECHNIQUE) ကိုပင် လုပ်သည်ဖြစ်စေ အားမပါ ပါက အလကားပင်ဖြစ်သည်။
(ZUKI) တွင် အားမပါလျှင်ဖြစ်စေ၊ (GERI) တွင် အားမပါလျှင်ဖြစ်စေ အဓိပ္ပါယ်မရှိနိုင်ပေ။ တိုက်ခိုက်ရာတွင် မဆိုထားဘိ ခုခံရာတွင်လည်း အားပါမှ အဓိပ္ပါယ်ရှိသည်။ မှတ်သားဖူးသည့် အကြောင်းတစ်ခုရှိသည်။ ခါးစည်းအနက်အဆင့် အတော်မြင့်မြင့်ဆရာတစ်ဦးက (JION KATA) လှုပ်ရှားမှုတွင် (MAE GERI) ကန်ပြီး လက်သီးသုံးလုံးထိုးရာ ထိုးသောလက်သီးတွင် အားမပါ ပါက တိုက်ခိုက်လာသောပုဂိုလ်ကို အထင်သေးရာရောက်သည်ဟု  ဆိုခဲ့ခြင်းဖြစ်သည်။
          နှိုက်နှိုက်ချွတ်ချွတ်လေ့လာထားမည်ဆိုလျှင် (KATA) တွင်ပါသည့် (TECHNIQUE) အားလုံးကို အားနှင့်ချည်းလုပ်ကိုင်ရမည်ဆိုလျှင်လည်း မဟုတ်ပြန်ပေ။ အချို့သော (KATA) ၏ ကကွက်များ လှုပ်ရှားမှု သည် အားမပါဘဲနှင့် ကစားရသည်လည်း ရှိသည်။ ထိုကကွက်မျိုးကို ကိုယ်ခံပညာတွင် တကယ်သုံး တော့မည်ဆိုလျှင် (KATA) ကစဉ်က အားမထည့်ခဲ့သော်လည်း ကိုယ်ခံပညာအသုံးချရာတွင်မူ အားထည့်ကို ထည့်ရတော့မည် ဖြစ်သည်။ (KATA) ကကွက်များမှာ တစ်မိနစ်သာသာ သာ ကစားရသည့် က-ကွက်က များသည်။ အချို့အပိုင်းများ၌ အားမပါဘဲ ရှေးဆရာကြီးများက အဘယ့်ကြောင့် တီထွင်သင်ကြား ကြသည်ကို သုတေသနပြုကြည့်ရာတွင် တစ်ခါတစ်ရံ (Preservation of Energy) ရှိသည့်အားကို ဆက်သုံးရမည် ဖြစ်သောကြောင့် ထိမ်းသိမ်းကာ ချန်ထားသည့် သဘောရှိသည်။
          ဥပမာ-(KANKU-DAI) ကကွက်သည် ရှေးဆရာကြီးများ အဆင့်ဆင့် သယ်ဆောင်ထိမ်းသိမ်း ခဲ့ကြကာ ရန်သူ(၈)ယောက်ကို ခုခံကာကွယ်သည့် ကကွက်ဖြစ်သည်။ ပြိုင်ပွဲတွင် ကစားရာ၌(၂)မိနစ်၊ (၃)မိနစ်ခန့်သာ ကြာသော်လည်း မောပန်းသူများကို တွေ့နိုင်သည်။ ပြိုင်ပွဲမဟုတ်ဘဲ မိမိကြိုက် သလောက်သာ စိတ်လိုလက်ရ ခုခံကာကွယ်လျှင် သက်လုံပင် လုံလောက်နိုင်စရာ မရှိချေ။ ဤသို့ ခုခံကာကွယ်သည့်ကြားထဲကပင် အားကိုချန်ကစားရန် သတိထားစေချင်သဖြင့် ရှေးဆရာကြီးများက ထည့်သွင်းကစားစေခြင်း ဖြစ်သည်။

No comments:

Post a Comment