Friday, November 27, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၃)


  

       

       အိမ်ရှေ့မင်းသား အိုကီနာဝါကျွန်းသို့အလည်လာပြီး မကြာခင်မှာပင် (FUNAKOSHI)၏ အထက် အရာရှိများက သူ့ကိုရာထူးတိုးမြှင့်ပေးကာ အိုကီနာဝါ၏ နယ်စွန်နယ်ဖျားတွင် အလုပ်လုပ်ရန် စေလွှတ်သည့် အတွက် ကျောင်းဆရာဘဝမှ အနားယူခဲ့ရပေသည်။ ထိုသို့ နားရခြင်းနောက်တစ်ချက်မှာ မိခင်နာမကျန်း၍ အိပ်ယာထဲလဲနေသဖြင့် တစ်ဦးတည်းသော သားဖြစ်သူအနေနှင့်ပြုစုလိုခြင်းကြောင့် ဖြစ်သည်။ သို့ဖြင့် အနှစ်(၃၀)ကျော် လုပ်လာခဲ့သည့် (FUNAKOSHI)၏ ကျောင်းဆရာဘဝမှာ ဤတွင် ဆုံးခန်းတိုင်ခဲ့သည်။ (FUNAKOSHI) ကမူ ဤသို့ အလုပ်မှအနားယူခဲ့ရသော်လည်း ကျောင်းကိစ္စများနှင့် ကရာတေးကိစ္စများကို အဆက်ပြတ်မခံခဲ့ပါဟု ပြောဆိုခဲ့ပေသည်။

          (၁၉၂၁)ခုနှစ် ကုန်ခါနီးတွင် ပညာရေးဝန်ကြီးဌာနက ဂျပန်ပြည်၏ ရှေးရိုးကိုယ်ခံပညာရပ်များအား ပြည်သူလူထုကို ပြသရန်အစီအစဉ်များ ပြုလုပ်ခဲ့ပေသည်။ ဤတွင် (FUNAKOSHI) ကလည်း အိုကီနာဝါ ကျွန်းမှ ကရာတေးပညာကို “ တိုကျို ”တွင် ဝင်ရောက်ပြသချင်မိသည်။ သို့သော် လူထုပရိသတ်က ကရာတေးအကြောင်းကို နကန်းတစ်လုံးမျှ မသိသေးပေ။ ထို့ကြောင့် ခမ်းခမ်းနားနား ထည်ထည်ဝါဝါနှင့် ကရာတေးကိုကြည့်ရင်း စွဲမက်သွားအောင် ကရာတေး၏ ရပ်ပုံရပ်နည်း (DACHI)၊ ကကွက်(KATA) များပါသော လက်၊ ခြေ လှုပ်ရှားဟန်များကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သည်။ ပြပွဲမစမီ ထိုဓာတ်ပုံများကို ဦးစွာခင်းကျင်းပြသခဲ့ပေသည်။ ထို့ကြောင့် ကရာတေးပြပွဲမှာလည်း  (FUNAKOSHI) မျှော်လင့်ထားသည် ထက် ပိုမိုအောင်မြင်ကြောင်း တွေ့ရသည်။
          ပြပွဲအပြီးတွင် အိုကီနာဝါသို့ (FUNAKOSHI) ပြန်မည်ပြုသောအခါ (JUDO) ပညာ၏ဖခင် (JUDO) ကို စတင်တည်ထောင်သူ (JIGORO KANO) က တားမြစ်ခဲ့သည်။ သူတို့၏ (KODOKAN) ခန်းမကြီးထဲတွင် (FUNAKOSHI) ၏ ကရာတေးပညာကို ပြသရန် မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။ ဤသို့ နာမည်ကြီး ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီး၏ တောင်းဆိုမှုကို (FUNAKOSHI) မငြင်းခဲ့ပေ။ (JUDO) လေ့ကျင့်ယှဉ်ပြိုင်ရာ (KODOKAN) ခန်းမထဲတွင် ကရာတေးသိုင်းကွက် (KARATE KATA) များကို (SHIN KIN GIMA) ဆိုသူ ကရာတေးသမားတစ်ဦးနှင့် တွဲဖက်ပြသခဲ့ကြသည်။ (SHIN KIN GIMA) သည် (TOKYO SHOKA DAIGA) ၏ ပထမတန်းစား ကရာတေးသမားကောင်း ဖြစ်ပေသည်။

No comments:

Post a Comment