Thursday, April 28, 2016

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၆)




(FUNAKOSHI) ဂျပန်ပြည်သို့ရောက်ပြီး မကြာမီ ကမ္ဘာကျော်ပန်းချီဆရာကြီး (HOANKOSUKI) က ကရာတေးအကြောင်း စာအုပ်လေးဘာလေးရေးရန် တိုက်တွန်းခဲ့ဖူးသည်။ ဤတွင် (FUNAKOSHI) ကလည်း ကရာတေးကို စာတစ်စောင်၊ ပေတစ်ဖွဲ့ မှတ်တမ်းတင်မှုမျိုး မရှိဖူးသေးကြောင်း စဉ်းစားမိသည်။ ထို့ကြောင့် ရေးချင်စိတ်ဖြစ်ပေါ်လာကာ သူ၏ဆရာကြီး နှစ်ဦးဖြစ်သူ (AZATO) နှင့် (ITOSU) ထံသို့ကရာတေးနှင့်ပတ်သက်သော အကြောင်းချင်းရာများကို လိုအပ်သလို အကူအညီပေးရန် တောင်းခံ မေတ္တာရပ်ခံခဲ့သည်။

          သို့ဖြင့် (FUNAKOSHI) သည် (၁၉၂၂) ခုနှစ်မှာပင် သူ၏ ပထမဆုံးသော ကရာတေးစာအုပ် (RYUKU KAMPO KARATE) ကို (BUKYOSHA) ကုမ္ပဏီမှ ထုတ်ဝေခဲ့သည်။ ကရာတေးနှင့် ပတ်သက်၍ယခင်မှတ်တမ်းများ မရှိခဲ့သဖြင့် (FUNAKOSHI) က ၎င်းစာအုပ်အား ကိုယ်တွေ့အတွေ့အကြုံများအပေါ် မှီငြမ်းရေးသားခဲ့ရသည်။ စာအုပ်အတွင်း အမှာစာများကိုမူ အထင်ကရဖြစ်သည့် နိုင်ငံကျော်ပုဂ္ဂိုလ်ကြီးများက ဝိုင်းဝန်းချီးမြှင့်ခဲ့ကြသည်။ ၎င်းပုဂ္ဂိုလ်ကြီးများမှာ အိုကီနာဝါ၏ မြို့တော်ဝန် (HISAMASA)၊ ရေတပ်ဗိုလ်ချုပ် (ROKURO YASHIRO)၊ ဒုတိယဗိုလ်ချုပ်ကြီး (CHIYO MATSU OKA) နှင့် နောက်တစ်ဦးမှာ အိမ်ရှေ့မင်းသား အိုကီနာဝါကျွန်းသို့ ကြွရောက်လာစဉ်က အတူလိုက်ပါခဲ့သည့် ရေတပ်ဗိုလ်ချုပ် (NORIKAZU KANNA) တို့ ဖြစ်ကြပေသည်။
          (FUNAKOSHI) ၏ နောက်ထပ်စာအုပ်တစ်အုပ်မှာ ကကွက်(KATA) များအကြောင်းကို အတိအကျ ရေးသားပြုစုထားသည့် လူကြိုက်အင်မတန်များသော နာမည်ကြီးစာအုပ် (KARATE-DO KYOHAN) ဖြစ်သည်။ (၁၉၃၅)ခုနှစ်က ထုတ်ဝေပြီး စာအုပ်မျက်နှာဖုံးဒီဇိုင်းရေးဆွဲသူမှာ ကမ္ဘာကျော်ပန်းချီဆရာကြီး (HOAN KOSUGI)  ဖြစ်သည်။

No comments:

Post a Comment