Monday, March 21, 2016

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၅)





             (FUNAKOSHI) မှာ ၎င်းအပေါ် ကျေးဇူးရှိခဲ့သူများအားလည်း မည်သည့်အခါမျှ မမေ့လျော့ခဲ့ပေ။ သူတစ်ပါး၏ ကျေးဇူးကို အထူးသိတတ်သူဖြစ်သည်။ တစ်နေ့သ၌ (FUNAKOSHI) နှင့် တပည့်တစ်ဦးသည် လမ်းလျှောက်ရင်း (KODOKAN) ကျောင်းကြီးရှေ့ကို ဖြတ်ကျော်မိကြသည်။ ဤတွင် (FUNAKOSHI) က (KODOKAN) ကျောင်းကြီးကို ရိုသေကျနစွာ တလေးတစားဖြင့် အရိုအသေပြု (REI) ခဲ့ပေသည်။ တပည့်လုပ်သူကလည်း …
          “ ဆရာကြီး … ဆရာကြီးဟာ ကရာတေးမှာ အင်မတန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီး ဖြစ်လျှက်နဲ့ ဘာမှမဆိုင်တဲ့ ဂျူဒိုကျောင်းကြီးကို ဘာ့ကြောင့် အရိုအသေပြုရသလဲ …” ဟု မေးသည်။ (FUNAKOSHI)က …
          “ ငါ့တပည့်၊ ငါဟာ (KODOKAN)ကို အရိုအသေပြုနေတာ မဟုတ်ဘူး၊ ငါဂျပန်ရောက်စဉ်က
ဆင်းရဲဒုက္ခရောက်နေတဲ့ ငါ့အပေါ် စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင် (KANO) ကို အလေးပြုခြင်းသာ ဖြစ်တယ်”

          ဟု ရှင်းလင်းပြောပြခဲ့သည်။  ထို့ကြောင့် ကျေးဇူးတရား၏ အရေးပါပုံနှင့် ကျေးဇူးတရားကို သိတတ်ခြင်းသည် အရေးကြီးသောအချက်ဖြစ်ကြောင်း ကရာတေးဝါသနာရှင်အားလုံး သိထားသင့်သည်။
          ဂျပန်ရောက်စက အခက်အခဲကလေးများနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရသော်လည်း နှစ်အနည်းငယ် အတွင်း စားဝတ်နေရေးရော စီးပွားရေးပါ (FUNAKOSHI) အတွက် ပြေလည်စ ပြုလာသည်။ ဂျပန်ရှိ တက္ကသိုလ်ကျောင်းကြီးများတွင် ကရာတေးပညာကို ဦးစွာစတင်သင်ကြားပေးခဲ့ရသည်။ တက္ကသိုလ်မှာ (KEIO) တက္ကသိုလ်ပင်ဖြစ်သည်။ ဒုတိယမြောက်တက္ကသိုလ်မှာ (TAKUSHOKU) တက္ကသိုလ်ဖြစ်ပြီး နောင်သောအခါ ကရာတေးလောကတွင် နာမည်ကြီးလာမည့် (NAKAYAMA)၊ (MIKAMI)၊ (KANAZAWA) စသည့် ကရာတေးဆရာကြီးများ အတန်းပညာရော၊ ကရာတေးပညာပါ သင်ယူခဲ့ရာ တက္ကသိုလ်ကြီး ဖြစ်ပေသည်။ ဆရာကြီး (NAKAYAMA) သည် ထိုတက္ကသိုလ်မှပင် ဘွဲ့ရပြီး ၎င်းတက္ကသိုလ်၏အားကစား အရာရှိ ဖြစ်ခဲ့သည်။ တတိယသင်ကြားရာ အားကစားဌာနမှာ (WASEDA) စတုတ္ထမှာ (HOSEI)၊ ပဉ္စမမှာ ဂျပန်ဆေးကောလိပ် (NIPPON MEDICAL COLLEGE)၊ ဆဌမမြောက် ကရာတေးပို့ချခဲ့ရာတကက္ကသိုလ်မှာ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ် (TOKYO UNIVERSITY OF AGRICULTURE) တို့ ဖြစ်ကြသည်။

No comments:

Post a Comment