Friday, July 1, 2016

ဆဌမအာရုံ(၃)



 ဆဌမအာရုံ(၃)
 
တတိယဇာတ်ကြောင်း

(HAYWARD NIDHIOKA) သည် ဂျူဒို တတ်ကျွမ်းသည့် နည်းပြဆရာတစ်ဦး ဖြစ်ပေသည်။ ထို့ပြင် (SHOTOKAN KARATE) ကိုလည်း အင်မတန် ကျွမ်းကျင်သည့် ပုဂ္ဂိုလ်ဖြစ်ကာ ပြိုင်ပွဲအများအပြားတွင် လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ယခုအခါ တက္ကသိုလ်၏ နည်းပြဖြစ်သည်။ အဓိကတာဝန်မှာ (Southern California University) ၏ အားကစား ညွှန်ချုပ်ဖြစ်ပေသည်။ ၎င်း၏ဆရာမှာ (FUNAKOSHI) ၏ ညာလက်ရုံး (SHIGERU EGAMI) ဖြစ်သည်။

(NISHIOKA) က ပြောပြဖူးသည်။ အမေရိကသို့ သူမပြောင်းခင် ဂျပန်တွင် ရှိစဉ်အခါက ကရာတေးနှင့် ပတ်သက်၍ သူ့ဆရာ (EGAMI) နှင့် ဆွေးနွေးခဲ့ကြဖူးသည်။    ဤတွင် (EGAMI) က အကြံ ပြုသည်မှာ…
" (NISHIOKA) ရေ၊ မင်းဗဟုသုတတိုးအောင် (AIKIDO) ကို ထွင်တဲ့ ဆရာကြီး (MORIHEI UESHIBA) ဆီ သွားပြီးဆွေးနွေးပါ…"
ဟု ပြောဆိုခဲ့သည်။ (NISHIOKA) လည်း ဆရာကြီး (UESHIBA) နှင့် တွေ့ဆုံ ဂါရဝပြုခဲ့ရသည်။ ထိုစဉ်က ဆရာကြီးအသက်မှာ (၈၀)ကျော်နေပြီ။ ခန္ဓာကိုယ်သေးသေးသွယ်သွယ်နှင့် အထင်ကြီးရက်စရာ မရှိပေ။ ထို့ကြောင့်လည်း ဂါရဝပြုတွေ့ဆုံစဉ်က (NISHIOKA) ၏ စိတ်ထဲတွင်…
          " အခုနေများ တိုက်ခိုက်လိုက်ရရင် ဒီဆရာကြီး ဘာမှတတ်နိုင်မှာ မဟုတ်ဘူး …"
ဟု တွေးလိုက်မိသည်။ ဤတွင် ဆရာကြီးက (NISHIOKA) ကို သေသေချာချာစိုက်ကြည့်ပြီး…
" မင်း ဒီလိုအတွေးတွေ မဝင်သင့်ဘူး…"
ဟု ပြောခဲ့သည်။ (NISHIOKA) လည်း ကြောက်လန့်သွားကာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့် သွားခဲ့ရသည်။ ဤသည်မှာ ဆရာကြီး (UESHIBA) ၏ ဆဌမအာရုံကို ပြသခြင်းပင်ဖြစ်သည်။

(PS: ဓာတ်ပုံမှာ (AIKIDO)၏ ဖခင် ဆရာကြီး (MORIHEI UESHIBA) ၏ ပုံဖြစ်ပါသည်။)

No comments:

Post a Comment