Wednesday, June 29, 2016

ဆဌမအာရုံ(၂)



ဆဌမအာရုံ(၂)
ဒုတိယဇာတ်ကြောင်း

          ဂျပန်ပြည်က နာမည်အကျော်ဆုံးဓားသမားကြီး (MUSASHI MIYAMOTO) ကို သူလိုပင် နာမည်ကျော်ကြားသည့် အခြားဓားသိုင်းဆရာကြီးတစ်ဦးက အိမ်အလည်ဖိတ်ခေါ်ခဲ့သည်။ ချိန်းဆိုဖိတ်ခေါ် သည့် နေ့ရက်သို့ရောက်သောအခါ
          " ငါ MUSASHI ဘဲ…"

ဟု ပြောခဲ့သည်။ အစောင့်ကလည်း အရိုအသေပေးပြီး …
          " ဒီလိုဆိုကြွပါ၊ ဆရာကြီးလာမယ်ဆိုလို့ ကျွန်တော့်သခင်က မျှော်နေပါတယ်…"
ဟုပြောကာ (MUSASHI) ကို ခေါ်ဆောင်သွားသည်။ အိမ်အဝင်ဝရောက်သောအခါ (MUSASHI) က အစောင့်ကို…
          " မင်းရဲ့သခင်ဆီသွားဖို့ ဒီလမ်းအပြင် နောက်တစ်လမ်းရော ရှိသေးလား…"
ဟု မေးခဲ့သည်။ အစောင့်ကလည်း …
          " ရှိပါတယ်…"
ဟု ဆို၏။ ဤတွင် (MUSASHI) က …
          " အေး…ရှိရင် ဒီလမ်းက မသွားဘဲ၊ အဲဒီလမ်းက သွားမယ်…"
ဟုဆိုကာ ဝင်ရောက်လာခဲ့သည်။ ဖိတ်ခေါ်သည့် ဓားသိုင်းဆရာကြီးဆီသို့ရောက်သောအခါ ဓားသိုင်းဆရာကြီးက ရပ်ပြီး…
          " တကယ်တတ်ကျွမ်းတဲ့ ဓားသမားကို ငါ ကနေ့ တွေ့ရပြီ …"
လို့ မှတ်ချက်ချပြီး (MUSASHI) ကို ခေါ်လာဖို့ မူလက စီစဉ်ထားတဲ့ လမ်းဘက်လှည့်ကြည့်ပြီး ဓားနဲ့ စောင့်နေကြတဲ့ အစောင့်(၄-၅)ယောက်ကို …
          " မလိုတော့ဘူး ပြန်ကြတော့…"
ဟု အချက်ပြခဲ့ပေသည်။ ဤသည်မှာ (MUSASHI) ၏ ဆဌမအာရုံကို ပြခြင်းပင် ဖြစ်တော့သည်။

No comments:

Post a Comment