Wednesday, October 28, 2015

ကရာတေးသမိုင်း(၄)


ကရာတေးသမိုင်း(၄)


(FUNAKOSHI) သည် ကရာတေး၏ အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း (KARA) ကို ၎င်း၏ဆန္ဒအရ ပိုမိုလေးနက်သည့် အဓိပ္ပါယ်ရောက်အောင် လူသားအားလုံး၏ လောဘ၊ ဒေါသ၊ မောဟ စသော မီးဆယ့်တစ်ပါးကို ငြိမ်းစေနိုင်သည့် စိတ်ပိုင်းဆိုင်ရာ အောင်မြင်ခြင်းပညာဟု ဒဿနိကဗေဒဆန်ဆန် ဖွင့်ဆိုခဲ့သည်။ ဤသို့ဖွင့်ဆိုခြင်းမှာ တရားတော်၌ ထိုသဘောမျိုး ရှိခြင်းကြောင့်ဖြစ်သည်။ ဂျပန်လို (SHIKI-SOKU-ZE-KU) (MATTER IS VOID) နှင့် (KU-SOKU-ZESHIKI) (ALL IS VANITY)တို့ ဖြစ်ပြီး မြန်မာလိုအဓိပ္ပါယ်မှာ “ ဒြပ်တို့၏ တည်မြဲမှု မရှိခြင်း ” နှင့် “ အရာအားလုံး အနတ္တသဘောဖြစ်ခြင်း ” တို့ဖြစ် ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

Tuesday, October 27, 2015

ကရာတေးသမိုင်း(၃)




ကရာတေးသမိုင်း(၃)

တန်မင်းဆက်(TANG DYNASTY) လက်ထက်က ဂျပန်ဘာသာပြန်မှာ “ တရုတ် ”ဖြစ်ပြီး အိုကီနာဝါကျွန်းမှ တိုကျိုသို့ရောက်သည့် (၁၉၂၀)ခုနှစ် အစောပိုင်းကာလများက (KARA) ကို “ တရုတ် လက်”ဟု အဓိပ္ပါယ်ထွက်ဆိုမှ အမှန်ဖြစ်ကြောင်းယူဆသည့် ပုဂ္ဂိုလ်များလည်း ရှိခဲ့ပေသည်။ အိုကီနာဝါ တွင်မူ စစ်သည်တော်သုံး ကိုယ်ခံပညာဟု အဓိပ္ပါယ်ရသည်။ (BUSHI NO TE) ကို စစ်သည်တော်၏လက် (သို့မဟုတ်) ကရာတေးဟု ခေါ်ဆိုခဲ့ကြသည်။ (FUNAKOSHI) သည် ၎င်း၏ ထင်မြင်ယူဆချက်များကို တင်ပြခဲ့သော်လည်း အမှန်၊ အမှားကိုမူ ဆုံးဖြတ်ချက်မပေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် အိုကီနာဝါ ကျွန်းတွင်ပင် အဓိကအားဖြင့်(၂)မျိုး ကွဲပြားနေသောကြောင့်ပင်။ ၎င်းတို့မှာ (SHURI)နယ်တွင် ကစားသည့် ကိုယ်ခံပညာကို

Monday, October 26, 2015

ကရာတေးသမိုင်း(၂)




ကရာတေးသမိုင်း(၂)

၁၆၀၉ ခုနှစ်ခန့်တွင် အိုကီနာဝါ၏ လက်ရှိဘုရင်ကို ဂျပန်ကျွန်းများက ရန်ပြုနယ်ချဲ့လိုသည့်အတွက် စစ်သားများစုဆောင်းခဲ့သည်။ ထိုသို့စုဆောင်းရာတွင် အိုကီနာဝါကျွန်းမှ ကရာတေးသမားများ ပါဝင်ခဲ့သည်။ အိုကီနာဝါသို့ ပထမဆုံးဝင်ရောက်သည့် နယ်ချဲ့ဘုရင်မှာ (SATSUMA) ဒေသကို အုပ်စိုးသည့် ဘုရင် (SHIMASU) ဖြစ်သည်။ (SHIMASU) ခေါင်းဆောင်သည့် နယ်ချဲ့တပ်များကို အိုကီနာဝါကျွန်းရှိ စစ်သည်တို့က သတ္တိပြောင်စွာ ရွပ်ရွပ်ချွန်ချွန်တိုက်သော်လည်း အင်အားခြင်းမမျှသဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဤသို့ ရှုံးနိမ့်ရသည့်အတွက်(SHIMASU) အုပ်ချုပ်နေသည့် အချိန်တွင်လည်း အိုကီနာဝါရှိ လူကြီးရော၊ ကလေးပါမကျန် လက်နှက်ကိုင်ခွင့် ပိတ်ပင်တားမြစ်ခံရပြန်သည်။ ထိုသို့လက်နှက်ကိုင်ဆောင်ခွင့်ကို တားမြစ်တိုင်း၊ တားမြစ်တိုင်း၊ လက်နှက်မဲ့တိုက်ခိုက်မှုပညာကို အားသွန်ခွန်စိုက်ပိုမိုလေ့လာ လိုက်စားခဲ့ ကြသည်မှာ ဓမ္မတာဖြစ်သည်။ သို့ဖြင့် ကရာတေးပညာမှာ ပိုမိုထင်ပေါ်လာခဲ့သည်။

Saturday, October 10, 2015

ကရာတေးသမိုင်း





ကရာတေးသမိုင်း

(GICHIN FUNAKOSHI) သည် ကရာတေး၏ သမိုင်းကို သုံးသပ်ရာတွင် အခက်အခဲများကို တွေ့ရသည်။ သမိုင်းရေးအချက်အလက်၊ အထောက်အထားစာများ မရှိခြင်း၊ ကရာတေးပညာကို မည်သူက တီထွင်၍ မည်သို့တိုးတက်လာအောင်လုပ်ကာ မည်သည့်အချိန်က စတင်ပေါ်ပေါက်လာပြီး မည်သို့ ပြောင်းလဲသည်ကို မသိခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ပါးစပ်ရာဇ၀င်အဖြစ်သာ သိခဲ့ရသည့် ကရာတေး သမိုင်းကြောင်းတွင် တစ်ခါတစ်ရံ စိတ်ကူးယဉ် ဒဏ္ဍာရီဆန်သည့် မမှန်ကန်သောအချက်အလက်များ ပါဝင်လာတတ်ပေသည်။
(FUNAKOSHI) ငယ်စဉ် (MEGI) ခေတ်ဦးကဆိုလျှင် ကရာတေးပညာကို အစိုးရက ပိတ်ပင် တားမြစ်ခဲ့သဖြင့် တရားဝင်လေ့ကျင့်သင်ကြားခွင့် မရပေ။ ကရာတေးအသင်းများနှင့် ကြေးစားဆရာ များလည်း မရှိသဖြင့် ကျွမ်းကျင်သူပုဂ္ဂိုလ်များက တပည့်အနည်းငယ်ကိုသာ လျှို့ဝှက်သင်ကြားပေးခဲ့ရ သည်။ ကရာတေးဖြင့် အသက်မွေးဝမ်းကြောင်းသည့် အလုပ်မျိုးလည်း ထိုခေတ်က မရှိပေ။ ထို့ကြောင့် (FUNAKOSHI)က …
" ကျွန်တော်ဟာ ဆရာကြီး(AZATO) ရဲ့တစ်ဦးတည်းသော တပည့်ဖြစ်ပါတယ် …"

Friday, October 9, 2015

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၅)






(NIHA) မြို့တွင် (ITOSU) ရှိစဉ်တစ်ချိန်က ဖြစ်သည်။ ပန်းခြံတစ်ခု၌ အပန်းဖြေရင်း ဆိုင်တစ်ဆိုင် တွင် ဝင်စားမည်ပြုစဉ် ကိုယ်ခန္ဓာကြံ့ခိုင်တောင့်တင်းသည့် လူငယ်တစ်ဦးက ဆရာ(ITOSU) ကို အလွန် ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးခဲ့သည်။ (ITOSU)လည်း ဝမ်းဗိုက်ရှိ ကြွက်သားများဖြင့် တင်းခံလိုက် ရာ လူငယ်၏လက်သီး ပြန်ကန်ထွက်သွားရသည်။ (ITOSU) က ညာလက်ဖြင့်ဖမ်းပြီး ဆိုင်ကအထွက်တွင် စားပွဲထိုးအား ဝိုင်အရက်နှင့် အစားအသောက်ကို မှာခဲ့သေးသည်။ ပြီးမှ လူငယ်ကို သူနှင့်မျက်နှာချင်း ဆိုင်အောင်လှည့်ပြီး …
          “ မင်းငါ့ကို ဘာအငြိုးရှိမှန်းတော့ မသိဘူး၊ ဒါပေမယ့် လာပါ ငါနဲ့အရက်အတူသောက်ရအောင် …”
ဟု ဆွဲခေါ်ခဲ့ဘူးသည်။
          တစ်ကြိမ်တွင် ကရာတေးပညာဖြင့် ဘဝင်မြင့်နေသည့် လူငယ်တစ်ဦးနှင့် ဆရာကြီး (ITOSU) တို့ တွေ့ဆုံကြပြန်သည်။ လူငယ်လေးမှာ ကရာတေးပညာတတ်ကျွမ်းသည်နှင့်အမျှ ညပိုင်းလူရှင်းချိန်တွင် လမ်းကြိုလမ်းကြားလျှောက်သွားသူများကို သူ့ပညာစမ်းလေ့ရှိသည်။ ဤမျှဖြင့် မတင်းတိမ်သေးသည့် လူငယ်လေးမှာ

Thursday, October 1, 2015

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၄)









(AZATO) မှာ ကရာတေးပညာအပြင် ဒါးသိုင်းအရာမှာလည်း အလွန်ကျွမ်းကျင်သူတစ်ဦး ဖြစ်သေး သည်။ သို့သော် ၎င်း၏ဒါးသိုင်းပညာနှင့်ပတ်သက်၍ ကြွားဝါသည့်စကားမျိုး မပြောဘူးကြောင်း၊ (FUNAKOSHI) က  ဆိုခဲ့သည်။ တစ်ကြိမ်တွင် …
          “ FUNAKOSHI ရေ … ဂျပန်မှာရှိတဲ့ တော်ပေ့ဆိုတဲ့ ဒါးသိုင်းသမားတွေနဲ့ ယှဉ်ရရင် ငါတော့ ရှုံးလိမ့်မယ် မထင်ဘူး ”ဟု ပြောခဲ့ဖူးသည်။
          ဆရာကြီး (AZATO) ယုံကြည်သည့်အတိုင်း အဖြစ်အပျက်တစ်ခု ဖြစ်သွားဖူးသည်။ ထိုစဉ်က အိုကီနာဝါတွင် နာမည်ကြီးဒါးသိုင်းဆရာကြီး (YORIN KANNA) ဆိုသူတစ်ဦး ရှိခဲ့ဖူးသည်။ ထိုသူ၏ ဒါးသိုင်း ပညာကောင်းမှု၊ တရုတ်စာပေ ကျွမ်းကျင်မှုနှင့် ခန္ဓာကိုယ်ဖွံ့ထွားကြံ့ခိုင်မှုက လူတိုင်းပါးစပ်ဖျားတွင် အထူး ရေပန်းစားခဲ့ရသည်။ (AZATO) နှင့်မူ ယှဉ်နိုင်စရာမရှိဟု ထင်ရလောက်သည်။ သို့သော် တကယ်တမ်း ဒါးရေးယှဉ်ပြိုင်ရာ၌ ဆရာကြီး (AZATO) ကပင် အနိုင်ရခဲ့သည်။
          “ ဆရာ၊ ဘယ်လိုနိုင်အောင် လုပ်ခဲ့ပါသလဲ …”

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၃)








(FUNAKOSHI) မြို့တွင် လုပ်သက်ကြာလာသည့်အခါ အထက်အရာရှိများက(FUNAKOSHI) အား ကျောင်းအုပ်ရာထူးသို့ တိုးပေးရန်စီစဉ်ရာ၊ ၄င်းက လက်မခံခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် အိုကီနာဝါ၏ အစွန်အဖျားကျွန်းများသို့ ပြောင်းရွေ့အမှုထမ်းရပါက ၎င်း၏ကရာတေးဆရာကြီးများနှင့် ဝေးကွာမည်စိုး သောကြောင့်ဖြစ်၏။ တစ်ဖန်၎င်း၏ မိခင်သည်လည်း ထိုစဉ်က မမာမကျန်းဖြစ်နေသည်။ ကျောင်းဆရာလခ နှင့် မိသားစုစားဝတ်နေရေး မဖူလုံနိုင်သော်လည်း ကရာတေးပညာကို မြတ်နိုးစိတ်၊ ကရာတေးဆရာကြီးများ ကို ချစ်ခင်ရိုသေစိတ်တို့ကြောင့် (FUNAKOSHI) ရာထူးတက်လမ်းကို ငြင်းဆန်စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။
          (FUNAKOSHI) ကျောင်းဆရာလုပ်နေစဉ်ကပင် ရောင်ထုံးဖြတ်ရန်ဥပဒေတစ်ရပ်ကို အစိုးရက ထုတ်ပြန်ခဲ့သည်။ ဤတွင် လူငယ်များအကြား အုပ်စုနှစ်စုကွဲလာသည်။ (FUNAKOSHI) မှာ ရောင်ဖြုတ်ချင် သည့် အုပ်စု၌ပါဝင်ပေသည်။ ရောင်မဖြုတ်ချင်သည့် လူငယ်များတွင် ကရာတေးသမားများပါဝင် သောကြောင့်