Tuesday, October 27, 2015

ကရာတေးသမိုင်း(၃)




ကရာတေးသမိုင်း(၃)

တန်မင်းဆက်(TANG DYNASTY) လက်ထက်က ဂျပန်ဘာသာပြန်မှာ “ တရုတ် ”ဖြစ်ပြီး အိုကီနာဝါကျွန်းမှ တိုကျိုသို့ရောက်သည့် (၁၉၂၀)ခုနှစ် အစောပိုင်းကာလများက (KARA) ကို “ တရုတ် လက်”ဟု အဓိပ္ပါယ်ထွက်ဆိုမှ အမှန်ဖြစ်ကြောင်းယူဆသည့် ပုဂ္ဂိုလ်များလည်း ရှိခဲ့ပေသည်။ အိုကီနာဝါ တွင်မူ စစ်သည်တော်သုံး ကိုယ်ခံပညာဟု အဓိပ္ပါယ်ရသည်။ (BUSHI NO TE) ကို စစ်သည်တော်၏လက် (သို့မဟုတ်) ကရာတေးဟု ခေါ်ဆိုခဲ့ကြသည်။ (FUNAKOSHI) သည် ၎င်း၏ ထင်မြင်ယူဆချက်များကို တင်ပြခဲ့သော်လည်း အမှန်၊ အမှားကိုမူ ဆုံးဖြတ်ချက်မပေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် အိုကီနာဝါ ကျွန်းတွင်ပင် အဓိကအားဖြင့်(၂)မျိုး ကွဲပြားနေသောကြောင့်ပင်။ ၎င်းတို့မှာ (SHURI)နယ်တွင် ကစားသည့် ကိုယ်ခံပညာကို
(SHURI TE) ဟု ခေါ်ပြီး (NAWA) မြို့တွင် ကစားသည့် ကိုယ်ခံပညာကို (NAWA TE) ဟု ခေါ်ကြောင်း တွေ့ရှိရသောကြောင့် ဖြစ်သည်ဟု ၎င်းကပြောဆိုခဲ့သည်။
တစ်ဖန် (FUNAKOSHI) သည် သူငယ်စဉ်က ကစားခဲ့သည့် ကရာတေးပညာသည် တရုတ်သိုင်း(KENPO) နှင့် မတူသည့်အတွက် “ တရုတ်လက် ”ဟု အဓိပ္ပါယ်မထွက်ချင်ဘဲ (KARA) ကို “ ဘာမျှမပါ ” “ လက်နှက်မဲ့ ”ဟု အဓိပ္ပါယ်ပြန်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုထက်လေးနက်သည့် အဓိပ္ပါယ်ကို ဖွင့်ဆိုရပါလျှင် “ ကရာတေး ”သည် လူသားအားလုံး၏ လောဘ၊ ဒေါသ၊ မောဟ စသော မီးဆယ့်တစ်ပါး ငြိမ်းအေးစေနိုင်သည့် ပညာဟုပင် ခေါ်ဆိုချင်ကြောင်း (FUNAKOSHI) က ရေးသားပြောဆိုခဲ့ပေသည်။
ဤသို့ဖြင့် တိုကျို(TOKYO) မြို့သို့ (FUNAKOSHI)ရောက်ပြီး နှစ်အနည်းငယ်ကြာသောအခါတွင်မူ ကရာတေးကို စာလုံးပေါင်းနှင့်တကွ၊ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုပါ လူကြီးများရှေ့မှောက်တွင် တင်ပြခွင့်ရရှိခဲ့ပေတော့သည်။ (KEIRO UNIVERSITY) တွင် ကရာတေးနှင့်ပတ်သက်၍ သုတေသနပြု လုပ်ရန် သုတေသနအဖွဲ့ကိုပင် ဖွဲ့စည်းခဲ့ပေသည်။ (FUNAKOSHI) လည်း ဂျပန်ပြည်တွင် ကရာတေးကို ကစားကြမည်ဆိုလျှင် ကရာတေးနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ဘာသာပြန်ဆိုသင့်ကြောင်း အကြံပြု တင်ပြခဲ့ပေသည်။ ယင်းတို့မှာ …DAI NIPPON (GREAT JAPAN)၊ KENPO (FIST METHOD)၊ KARATE-DO (EMPTY HAND WAYS) ဖြစ်သည်။ ထိုသို့ အကြံပြုတင်ပြချက်များကြောင့် အိုကီနာဝါကျွန်းနှင့် တိုကျိုမြို့ရှိလူများက အပြစ်တင်ဝေဖန်ခဲ့သော်လည်း နှစ်ပေါင်းကြာလာသည်နှင့်အမျှ လက်ခံလာခဲ့ကြောင်း တွေ့ရပေတော့သည်။

No comments:

Post a Comment