Sunday, October 16, 2016

သိပ္ပံနည်းကျ ကရာတေး



သိပ္ပံနည်းကျ ကရာတေး
              တိုက်ပွဲ ၁၀၀ ကို အောင်နိုင်ခြင်းသည် အကျွမ်းကျင်ဆုံးမဟုတ်ပါ။
ရန်သူကို မတိုက်ခိုက်ပဲနှင့် (မေတ္တာတရား၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့်) အောင်နိုင်ခြင်းသည်သာ အကျွမ်းကျင်ဆုံးဖြစ်သည်။

“To win one hundred victories in one hundred battles is not the acme of skill. To subdue the enemy without fighting is the acme of skill”
Sun Tzu


               ကရာတေးသည် ဇင် ဗုဒ္ဓဘာသာ နှင့် များစွာ ပေါင်းစပ်နေကြောင်း တွေ့ရသည်။ ဂျပန်ပြည်တွင် ဆရာတော် ဗောဓိဓမ္မ ကို 達磨 Daruma) ၊ ဇင်(ဈာန်) ဗုဒ္ဓဘာသာ (Zen Buddhism) ၏ ရှေ့ဆောင်ဦးစီး စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။
               ဂျပန်ပြည် ကရာတေး ကိုယ်ခံပညာသည် ဇင်ဗုဒ္ဓဘာသာ ( ဈာန်) သမထ လမ်းစဉ် (သုညတ) ပေါ်တွင် အခြေခံသည်။ ရှောင်လင် ကွန်ဖူး ကိုယ်ခံပညာသည် ဇင်ဗုဒ္ဓဘာသာ( ဈာန်) သမထ လမ်းစဉ်ပေါ်တွင် အခြေခံသည်။
              သုညတသည် အလုံးစုံငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာ မရှိခြင်း လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှု မရှိခြင်း၊ သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ သုညတ အနတ္တ တရား မှာကျယ်ပြန့်စွာ ဇင်ဗုဒ္ဓဘာသာအများ နာကြားနေကြဆဲဖြစ်သည်။
             ဇင်ဗုဒ္ဓဘာသာ ကမ္မဌာန်း တရား သမထ (meditation) အလုပ်သည် သုညတ စိတ်နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် မှန်သောအားထုတ်ရသော အလုပ်မျိုးကို ဆိုလိုသည်။
             ဘာဝနာသည် သမထ ဘာဝနာ၊ ဝိပဿနာ ဘာဝနာ ဟူ၍ နှစ်မျိုးရှိ၏။ ကမ္မဌာန်းဟူသည် ကမ္မဌာန ဟူသော ပါဠိ စကားကို မြန်မာလို ခေါ်ဝေါ်ခြင်း ဖြစ်၏။ ကမ္မဌာနဟူသော ပါဠိစကား သည် ကမ္မပုဒ်နှင့် ဌာနပုဒ်တွဲစပ်၍ ဖြစ်သော စကားတည်း။ ထိုနှစ်ပုဒ်တွင် ကမ္မပုဒ် မှာ အလုပ် ဟူသော အနက်ကိုဟော၏။ ဌာနပုဒ်မှာ တည်ရာဟူသော အနက်ကို ဟော၏။ ထို့ကြောင့် ဘာဝနာအလုပ်၏ တည်ရာဖြစ်သော အာရုံများကို ကမ္မဌာန်း ဆိုသည်ဟု မှတ်ရမည်။
           သမထ ဘာဝနာ ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သမ္မာသတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် သမ္မာသမာဓိ(Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။)
             ကရာတေး 空手 ("empty hand") လက်နက်မဲ့ ခုခံကာကွယ်ခြင်း
မှာ မိမိအနေဖြင့် တိုက်ခိုက်သူ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျှင်မြန်စွာ ရှောင်တိမ်းကာ ၄င်းတိုက်ခိုက်သူအား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ် ကာကွယ်ခြင်းပင်ဖြစ်သည်။ အရေးအကြီးဆုံးအချက်သည် နည်းစနစ် (Systematic and Method) ဖြစ်သည်။

              ဂျပန် ဘာသာ စကားလုံးကို မြန်မာအသံထွက်ဖြင့် ခေါ်ဆိုထားခြင်းဖြစ်သည်။ မူရင်း ဂျပန်ဘာသာ အသံထွက်အတိုင်းရေးပါက ခါရာ့တဲ (or) ကရာတေး ဟု လည်း ရေးသားနိုင်ပါသည်။
စကားလုံးတစ်လုံးစီ ကို ဘာသာပြန်ကြည့်ပါက-
ခါရာ့ မှာ
Empty "ဗလာ" ဖြစ်၍၊ တဲ မှာ Hand "လက်" ဟု အဓိပ္ပါယ်ရပါသည်။
              မိမိ က ရန်သူကို ကြိုတင် တိုက်ခိုက်ခြင်း မဟုတ်ပဲ ရန်သူက မိမိအား လာရောက် ထိပါးတိုက်ခိုက် မှသာ တုန့်ပြန် ကာကွယ်ခြင်းပင်ဖြစ်သည်။
ဂျပန်ကရာတေးကိုယ်ခံပညာ
日本の空手 တတ်လျှင် မိမိထက် အင်အား ဗလ သာသည်လည်းဖြစ်စေ၊ လက်နက်ကိုင်ဆောင်ထားသည်လည်းဖြစ်စေ၊ တယောက်ထက်များသည့် ရန်သူကို လည်းဖြစ်စေ ကောင်းစွာ ခုခံကာကွယ် တန်ပြန်တိုက်ခိုက်နိုင်သည်။
             စစ်မှန်သောကရာတေးပညာ၏ မူလရည်ရွယ်ချက်သည် အားကစားနှင့် ကိုယ်ခံပညာကို စနစ်တကျ ကျင့်ကြံရန် ဖြစ်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ နည်းစနစ်များ၊ ကျင့်စဉ်များ၊ ရိုးသားခြင်း၊ ယဉ်ကျေးခြင်း၊ ခွင့်လွှတ်ခြင်း နှင့် သည်းခံခြင်း ခံယူချက် သဘောတရားများ ပါဝင်သည်။
                  ကရာတေးပညာတွင် မည်သူ့ကိုမဆို ဘယ်သောအခါမှ မိမိက စတင်ပြီး မတိုက်ခိုက်ရ၊ အမြဲယဉ်ကျေးရမည်၊ ကြင်နာတတ်ရမည်၊ ရိုးသားရမည်၊ စွမ်းရည်ရှိရမည်.... ဟူသော စည်းကမ်းချက်များရှိသည်။
In Karate, there is no first attack!
Karate: begins and ends with courtesy!
Karate: begins and ends with mercy!
Karate: begins and ends with honesty!
Karate: begins and ends with ability!
ဟူသော အခြေခံ စည်းကမ်းချက်များလည်း ရှိသည်။

မိမိ၏ အရှက် ကိုဖြစ်စေ၊ အသက်နှင့် စည်းစိမ်ဥစ္စာတို့ကို ဖြစ်စေ ထိခိုက်နစ်နာမှု ရှိသောအခါမှသာ အတိုင်းအတာ (limit) တစ်ခုအနေဖြင့် အသုံးပြုခွင့်ရှိသည်။
အမျိုး ဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်သည့် အခါမှသာ ကရာတေးပညာကို
powerfully အသုံးပြုခွင့်ရှိသည်။
မည်သူ့ကိုမဆို အတတ်နိုင်ဆုံး သည်းခံပါ၊ ပြဿနာကိုရှောင်ရှားပါ၊ ရန်ကို ရှောင်ရှားပါ စသည်ဖြင့် အဆုံးအမ လမ်းညွှန်မှုများသည် ရှေးခေတ် မှသည် ယနေ့တိုင် အထင်အရှားရှိသည်။
“Forgiveness is the best”
“Tolerance is the best”
စစ်မှန်သောနည်းပညာကို နေ့စဉ် ကြိမ်ဖန်များစွာ လေ့ကျင့်ထားသော စစ်မှန်သော ကရာတေးပညာရှင်တစ်ဦး (ဝါ) ကိုယ်ခံပညာရှင်တစ်ဦးသည် မည်သည့် ရန်သူတစ်ဦးကိုသာမက လက်နက်ကိုင်ဆောင်ထားသော ရန်သူတစ်စုကိုပင် အကျိုး-အကန်း-အသေ ဖြစ်အောင် ပြုစွမ်းနိုင်သည်။ Victory depends on your daily training ဟူသော အဆိုအမိန့်ရှိသည်။ သို့ရာတွင် လိုအပ်သလောက်သာ အတိုင်းအခါ တစ်ခုအနေဖြင့်သာ powerful Karate ကို အသုံးပြုခွင့်ရှိသည်။ power control ရှိသည်။
ကရာတေးပညာ တွင်သာမက ဂျူ ဒို၊ ဂျူ ဂျစ်ဆု၊ အိုက်ကီဒို၊ ကွန်ဖူး၊ ရှောင်လင်၊ ဗန်တို၊ တိုက်ကွန်ဒို၊ မြန်မာ့သိုင်း၊ လက်ဝှေ့ စသော ကိုယ်ခံပညာအားလုံး တို့သည်လည်း သူနည်းသူ့ဟန်နှင့်သူ အသုံးဝင်လှသည်၊ တန်ဖိုးရှိလှသည်။
မိမိကိုယ်မိမိ ယုံကြည်မှု ၊ အမှန်တရားကို ယုံကြည်မှု ထားပါ။ မိမိမှာ အောင်မြင်ဖြတ်သန်းနိုင်ရမယ် ဆိုတဲ့ ယုံကြည်မှု စိတ်ဆန္ဒသာ ရှိပါ။ ရန်သူ အားလုံးကို ဖြတ်ကျော်နိုင်ပါသည်။
မိမိကိုယ်မိမိ ယုံကြည်မှု နှင့် မိမိ လုံခြုံမှုကို မြှင့်တင်နိုင်ရန် လူတိုင်း အရေးကြုံလျှင် သက်လုံကောင်းစေရန် နည်းလမ်းတခု အဖြစ် ကရာတေး ကိုယ်ခံပညာရပ်ကို သင်ကြား လေ့ကျင့်နိုင်ကြပါသည်။
ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဇင်ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း Zazen 坐禅, 冥想, 沉思, သည် ထင်ရှားကျော်ကြားသည်။
ကရာတေး တွင် မိမိကိုယ်မိမိယုံကြည်ခြင်း(自信 self-confidence )+ မေတ္တာ-ဂရုဏာ (愛情のこもった優しさ Loving-kindness)+ သည်းခံခြင်း 忍耐 (我慢) patience + မိမိကိုယ်မိမိအားကိုးခြင်း(自立 self reliance)+ အသိဉာဏ်(インテリジェンス intelligence)+ လက်တွေ့ကျင့်စဉ်(実習 , 練習 practice) + နည်းစနစ်ကျခြင်း (体系的 空手, システム ( 組織 ) + စနစ် (体系的な方法 systematic methods) သည် အလွန်အရေးကြီးပေသည်။
ကရာတေး တွင်-
許し Forgiveness,
勇気 Courage,
忍耐 (我慢) Patience ,
空手の専門家 Expert in Karate,
強力な攻撃 Powerful attack,
精神的な電源開発 Mental power development,
物理的な電源開発 Physical power development,
戦闘訓練 Combat training,
自信 Self-confidence,
愛情のこもった優しさ Loving-kindness,
独立独歩 Self reliance,
インテリジェンス Intelligence,
実習 , 練習 Practice,
システマティック(組織)空手 systematic karate,
礼儀正しさ Politeness,
正直 Honesty,
謙虚 Humility,
セルフコントロール Self control သည် အလွန်အရေးကြီးပေသည်။

လူသားတိုင်း သည်းခံခြင်းတရား ပြည့်စုံနိုင်စေရန် လူသားတိုင်း မေတ္တာတရားတို့ကိုဖြည့်ဆည်းထားရန် လိုအပ် ပါသည်၊ ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ ၏ ပါရမီဆယ်ပါး တွင် မေတ္တာပါရမီ + ခန္တီ ပါရမီ (မေတ္တာ+သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း) ပါဝင်သည်၊

မည်သည့် နည်းစနစ် ကို မည်သို့သုံးခြင်းက အထိရောက်ဆုံးဖြစ်မည်နည်း.....!
လက်တွေ့ကျင့်စဉ် ၊ အမှန်တရား(real truth) ၊ အသိပညာ ၊ မေတ္တာ ၊ သည်းခံခြင်း များ develop ဖြစ်စေရန် ရရှိစေရန် မည်သို့သင်ကြားပေး သင့်သနည်း !
Ethics of Karate + အသိပညာ + လက်တွေ့ကျင့်စဉ်ကို မည်သို့ အမှန်ဆုံး ဆက်လက်ထိန်းသိမ်းထား အောင် သင်ကြားလေ့ကျင့်ပေးမည်နည်း....!
Real ကရာတေးပညာကို မည်သို့ အကောင်းဆုံး ဆက်လက်ထိန်းသိမ်း
ထားအောင်ကြံဆောင် မည်နည်း….! မျိုးဆက်သစ် ကရာတေး လူငယ်များကို စစ်မှန်သော ကရာတေး နည်းစနစ်များနှင့် ethics of Karate တို့ကို မည်သို့ လက်ဆင့်ကမ်း Handover, the process of transferring လုပ်ဆောင်ပေးမည်နည်း....! စသည့် အချက်များသည် ယနေ့ခေတ် ကျွန်တော်တို့ ကရာတေးဆရာ များ အလေးထား စဉ်းစားလုပ်ဆောင်ရမည့်အချက်များဖြစ်သည်။
ကရာတေး (karate) တွင်ပါသော ခရ (kara) သည် လက်ထဲတွင် တစ်စုံတစ်ရာ မပါပဲ ဗလာ သက်သက်ဖြင့် ရန်သူကို ခုခံတိုက်ခိုက်ရသော ကိုယ်ခံပညာဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသော်လည်း အမှန်စစ်စစ် (kara) ၏ မူလရည်ရွယ်ချက်သည် လူတို့တွင် ရှိကြသော လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အမုန်းတရား စသော မကောင်းမှု မျိုးစုံများ မရှိအောင်၊ မဖြစ်အောင် မိမိစိတ်ကို ဗလာ (empty) ထားရမည်ဟုဆိုသည်။ စိတ်ကို မကောင်းမှုမျိုးစုံတို့ကို မတွေးအောင်-မရှိအောင်၊ တစ်နည်းအားဖြင့်ဆိုရင် ဗလာဖြစ်အောင် ထားပါ ဟူသော ရည်ရွယ်ချက်များ ပါရှိသည်။ ပြောဆိုလေ့ရှိပါသည်။
သို့ရာတွင် တစ်ချို့သော ကိုယ်ခံပညာအနည်းငယ်တတ်သော ကရာတေး နည်းနည်းပါးပါးသင်ပြီး လူတွင်ကျယ်၊ လူတတ်ကြီးများ လုပ် နေသော လူငယ်လူရှုပ် လူငယ် တစ်စုကြောင့်လည်း ကရာတေးအပါအဝင် ကိုယ်ခံပညာ များ
အလှောင်ပြောင်ခံ အထင်လွဲခံရသည့် ဖြစ်ရပ်တစ်ချို့ကိုလည်း ကြားသိဖူးပါသည်။
မတတ်တစ်ခေါက် မိုက်ရူးရဲ သူတို့တွေကြောင့် စစ်မှန်သော ကရာတေးပညာရှင်များ၊ ကိုယ်ခံပညာရှင်များ အနေရ အထိုင်ရ ခက်လှသည်။ စိတ်အနှောင့်အရှက် ဖြစ်ရသည်။ ထိုတတ်ရောင်ကား လူငယ်များသည် သူတစ်ပါးအပေါ် ရန်လိုခြင်း၊ ရန်ဖြစ်ခြင်းသာမက၊ မိမိအိမ်သား မောင်နှမများကိုသာမက၊ မိမိလူကြီးမိဘများကိုသည်ပင် မထေမဲ့မြင် ပြုတတ်လေ့ရှိသည်။
ထိုကြောင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲချုပ် အောင်မြင်စွာ မဖွဲ့ စည်းမှီ ၁၉၈၁ခုနှစ် ကာလကတည်းကပင် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ ချုပ် ဖွဲ့စည်းနိုင်ရေးအတွက် လည်းကောင်း၊ ကရာတေး ပညာရပ်နှင့် လေ့ကျင့်သူ လူငယ်များ၊ စစ်မှန်သော ကရာတေးပညာကို စနစ်တကျ သင်ကြားနိုင်ရေးအတွက် လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနသို့ စာဖြင့် လည်းကောင်း၊ (၈.၆.၁၉၈၁) ကြေးမုံသတင်းစာ မှ တစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံးသို့ လည်းကောင်း၊ ကျွန်တော်က ဓာတ်ပုံနှင့် တကွ ရေးသားတင်ပြအကြံပြုခဲ့ပါသည်။ ကျွန်တော်၏ သတင်းစာပါ ဤကရာတေး ဆောင်းပါး သည် မြန်မာ့ကရာတေးလောက အတွက် (Myanmar Karatedo Federation) အတွက် သမိုင်းဝင်ကရာတေး ဆောင်းပါး (Document) တစ်ပုဒ်ဖြစ်ခဲ့သည်။
ကရာတေးတွင်အသုံးချမှုသိပ္ပံပညာများ (Applied Sport Science ) ပါဝင်သည်။ ကရာတေးကျွမ်းကျင်မှု ဆိုင်ရာများတွင် စွမ်းအား(Power) ၊စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အရှိန် (Centripetal Acceleration) ၊ မျဉ်းဖြောင့်လှုပ်ရှားမှုအရှိန်(Linear acceleration) ၊ နည်းပရိယာယ်(Tactics)၊ အား (နယူတန် ၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမ Force = Mass x Acceleration) ၊ စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အား (centrifugal force) ၊ ဂရက်ဗီတေးယှင်း ကမ္ဘာမြေကြီးဆွဲအား(Gravitation) ၊ မိုမင်တမ် (ခေါ်) အဟုန်(Momentum) ၊ မျဉ်းဖြောင့်အတိုင်း ရွေ့လျားသည့်လှုပ်ရှားမှု(Linear motion) ၊ စက်ဝိုင်း ပုံသဏ္ဌာန်ရွေ့လျားသည့် ရွေ့ရှားမှု(Circular motion)၊ တော်ဆို ရိုတေးယှင်းနယ် ဖို့စ် (ခေါ်) တင်ပဆုံ ခြေသလုံး ဝမ်းဗိုက်ပိုင်း ခါး နှင့် အထက်က ရင်ခေါင်းပိုင်း လက်မောင်း လက်ဖျံ ပေါင်းစပ်လည်ပတ်ရွေ့လျားသည့် အား (Torso rotational force) ၊ အင်နားရှား(Inertia) ၊ အလုပ်ပြီးခြင်း (Workdone) ၊ အလျင် အမြန်နှုန်း(Velocity)၊ ပါဝါ(power) နှင့်လှုပ်ရှားမှု(Movement) ...စသည့် သိပ္ပံနည်းကျကျ သင်ရိုးညွှန်းတမ်း အချက်များပါဝင်သည်။ လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော ကိုယ်ခံပညာသိပ္ပံ ပညာတွင် အခြေခံသည်။ ရုပ်ပိုင်းဆိုင်ရာစွမ်းအား(physical power) ၊ စိတ်ပိုင်းဆိုင်ရာစွမ်းအား(spiritual power) ဆိုင်ရာ သီအိုရီ နှင့် လက်တွေ့ကျင့်စဉ် ဟူ၍ပါဝင်သည်။
မြန်မာနိုင်ငံတွင် ရှိုတိုကန် ကရာတေး စတိုင်နှင့် ကျိုရှင်ကိုင်း ကရာတေး စတိုင် တို့ကို အဓိကထားပြီး ကစားကြသည်။ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ တို့တွင် ကရာတေး သင်တန်းများ ပေါ် ထွန်းခဲ့သည်။
ကျိုရှင်ကိုင်း (Kyokushin) စတိုင်(Style) သည် ရှိုတိုကန် စတိုင်(Style) ပြီးလျှင် ဒုတိယမြောက် အထင်ရှားဆုံးသော ကရာတေး စတိုင်(Style) ဖြစ်သည်။
ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism) သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် (520 AD) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြ ဆရာတော်ဖြစ်သည်။ မဟာယာန ဗုဒ္ဓဘာသာနှင့် ဇင်ဗုဒ္ဓဘာသာတို့တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ တရုတ်ပြည် ရှောင်လင် ဘုရားကျောင်း သို့ ရောက်ရှိခဲ့ပြီး ရှောင်လင် ကိုယ်ခံပညာ နှင့် ချန် ဗုဒ္ဓဘာသာ ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။
ဂျပန်ပြည်တွင် ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma) ၊ ဇင်(ဈာန်) ဗုဒ္ဓဘာသာ( Zen Buddhism) နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ ရှေ့ဆောင် ဦးစီး ဦးကိုင် စတင်တည်ထောင်သူ အဖြစ် ဖော်ပြကြသည်။
ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဇင် ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း Zazen 坐禅 သည် ထင်ရှားကျော်ကြားသည်။
"ဇင်" သည် ကျင့်စဉ်သည် စိတ်ကို ပစ္စုပန်တည့်တည့်တွင် အဓိက ထားရှိသည့် နည်းလမ်းများ၊ ကျင့်စဉ်များပါဝင်သည်။ သုတ္တန်၊ အဘိဓမ္မာ စသည့် တရားများ၊ အထူးပါဝင်ခြင်း မရှိချေ။ သစ္စာလေးပါးနှင့် ဝိပဿနာ ကျင့်စဉ်များ ပါဝင်ခြင်း
မရှိချေ။ လူအများနားလည်ရန် " ဇင်ဝါဒ" ဟူ၍လည်းကောင်း၊ "ဇင် ဗုဒ္ဓဘာသာ " ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးနှုန်းရသော်လည်း စင်စစ် ဇင်ဝါဒ ကို တစ်စုံ တစ်ရာ ပညတ် သတ်၍ ခေါ်ဝေါ်နိုင်ခြင်းမရှိချေ။
ဆရာတော် ဗောဓိဓမ္မ အစရှိသော ဇင်ဗုဒ္ဓဘာသာ အဆုံးအမများ နှင့်
ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း တို့သည် ကရာတေး(Karate) ၏ (Kara) ဗလာ ကို ......" မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား
မိမိအနေဖြင့်အချိန်မဆိုင်းပဲ ချက်ချင်း လက်ချည်းသက်သက်("လက်နက်မဲ့ Unarmed Combat ") ဖြင့် ခုခံကာကွယ်ခြင်း " ......ဟုဖော်ပြခဲ့သည်။ ကရာ (Kara) ၏ ဗလာ ကို ငါ-အတ္တဝါဒစိတ် (Ego/selfish) မရှိခြင်း/ ဗလာဖြစ်ခြင်း ၊ အမုန်းတရား (Hatred) နှင့် မကောင်းမှုစိတ် စသော စိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ လောဘစိတ် (
グリード、欲望 Greed / Desire)၊ ဒေါသစိတ် (怒り Anger )၊ မောဟစိတ် (無知、妄想 Ignorance/Delusion) စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ မာနခက်ထန် ယုတ်မာမှုမရှိခြင်း/ ဗလာဖြစ်ခြင်း... ဟုဖော်ပြခဲ့သည်။
မြင့်မြတ်ဖြူစင်သောမေတ္တာစိတ်ရှိခြင်း၊ စိတ်ယဉ်ကျေးမှု ရှိခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ စိတ်ကို အတိတ် (Past) နှင့် အနာဂတ် (Future) သို့ တွေဝေ ငေးမောမနေပဲ ပစ္စုပန် (Present) တည့်တည့်တွင် စိတ်ကိုကောင်းစွာ တည်ငြိမ်စွာ ထားရှိခြင်း...စသည်တို့သည် ကရာတေးပညာရှင်တို့၏ အရေးကြီး သော အကောင်းဆုံးအရည်အချင်း (空手マスターズの倫理 Ethics of Karate Masters and 空手の基本的なスキル fundamental skills of karate) များဖြစ်သည်...ဟုဖော်ပြခဲ့သည်။
သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် သုညတ ဝါဒ Śūnyatā (仏教) တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ သုညတ Śūnyatā (or) emptiness သည် အလုံးစုံ ငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာခြင်း ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။
ကြည့်မှန်၏ ရှေ့တွင်ကြည့်သူ၏ကိုယ်နေကိုယ်ထား အမူအရာသည် ပကတိအတိုင်း
မိမိတို့ကိုယ်နေကိုယ်ထား အမူအရာကို မိမိတို့ ပြန်မြင်နိုင်သော ကြည့်မှန် (
ミラー反射効果 Mirror Reflection Effect) နှင့်တူသော ကံ၊ ကံ၏ အကျိုးနိယာမ 因果関係 (アクション、反応 ) Causality ဟု ခေါ်ဆိုနိုင်သောအမှန်တရားရှိခြင်း "..... ဟုရှင်းလင်းခဲ့သည်။
ဂျပန် ကရာတေး Founder ဟုခေါ်ကြသော ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း 船越 義珍 (၁၈၆၈-၁၉၅၇) သည် ကရာတေး ကိုယ်ခံပညာ သမိုင်းတွင် ဩဇာ အကြီးမားဆုံးသော ဆရာကြီး ဖြစ်သည်။
ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော်(၉) ပါး တွင် သတ္ထာဒေဝ မနုဿာနံ--- နတ် လူ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာသခင်(ဘုရား) ဖြစ်သည် (Buddha is the Teacher of the Human and Gods)...ဟု ဂုဏ်တော် ပါရှိခဲ့သည်။ မိန့်ဆိုတော်မူခဲ့သည်။ ငါသည် ဖန်ဆင်းရှင်ထာဝရဘုရား God ဟု မိန့်ဆိုတော်မမူခဲ့ပါ (Buddha is not a creator God ) ။ ကမ္ဘာလောက နှင့် နတ်(God)- လူ- ဗြဟ္မာ-သတ္တဝါ-အားလုံးတို့၏ အမြင့်မြတ်ဆုံးဆရာသခင်(ဘုရား) ဖြစ်သည်။
ဗုဒ္ဓဘာသာ တခုတည်းကသာ ဘုရားယုံကြည်ခြင်းကို သာမက ဘုရား၊တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း(believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ဂရုဏာ (Loving-kindness)+မိမိကိုယ်မိမိအားကိုးခြင်း(self reliance)+ အသိဉာဏ်(intelligence)+ လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။
ဇင်ဗုဒ္ဓဘာသာသည် တရုတ်ပြည်မှာမြစ်ဖျားခံပြီး ဂျပန် မှာ ထွန်းကားပါသည်။ ယဉ်ကျေးမူ အမွေအနှစ် တွေကိုလည်း အမျိုးသား ယဉ်ကျေးမူအမွေ အဖြစ် တန်ဖိုးထားပြီး ထိမ်းသိမ်း စောင့်ရှောက်မူတွေကိုလုပ်ကြပါသည်။ ဂျပန်နိုင်ငံကို ဗုဒ္ဓဘာသာ သာသနာ သည် တရုတ်နိုင်ငံ ကနေ ဂျပန် ဇင်ဗုဒ္ဓဘာသာ သာသနာပြု ဘုန်းတော်ကြီးတွေ ကတဆင့် ရောက်ရှိသည်။
ဇင် (ဈာန်) ဗုဒ္ဓဘာသာ သည် ဂျပန် တွင် ကိုးကွယ်ကျင့်သုံးကြသော မဟာယာန ဗုဒ္ဓဘာသာ တစ်မျိုး ဖြစ်ပြီး သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် သုညတ ဝါဒ (SUNYATA) တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ "ဆာတိုရီ" Satori (ိံ) ကျင့်စဉ်သည် လွန်စွာနာမည်ကြီးလှသည်။
ဇင် (ဈာန်) ဗုဒ္ဓဘာသာ တွင် ဝိပဿ နာလမ်းစဉ် မရှိ။ ဇင်ဗုဒ္ဓဘာသာ သည် ( ဈာန်) သမထ လမ်းစဉ်ပေါ်တွင် အခြေခံသည်။
ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism) သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် အေဒီ (၅၂ဝ) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော်ဖြစ်သည်။ တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။
တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။
ဇင် (ဈာန်) ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း
坐禅 သည် ထင်ရှားကျော်ကြားသည်။
တရုတ်ပြည်တွင် ဆရာတော် ဗောဓိဓမ္မ ကို
達摩 Bodhidharma ဟု ခေါ်ဆိုသည်။
ချန် ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင် ကွန်ဖူး ကိုယ်ခံပညာ တို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ကြသည်။ ဂျပန်ပြည်တွင် ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma ဟု ခေါ်ဆိုသည်။
ဇင်ဗုဒ္ဓဘာသာ (Zen Buddhism) နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ကြသည်။
တရုတ်ပြည်မှ လာသော မဟာယာန ချန်( ) ဗုဒ္ဓဘာသာ သုညတ တရား အယူအဆများပေါ်တွင် မူတည်၍ ဂျပန်တို့သည် ဇင် () ဗုဒ္ဓဘာသာ အဖြစ်ပြောင်းလဲလာခြင်းပင် ဖြစ်သည်။
ဇင်ဗုဒ္ဓဘာသာ၏ ကျင့်စဉ်အနှစ်ချုပ်သည်ကား ထိုးထွင်းသိမြင်စွမ်းသော"ဗောဓိဉာဏ်" (Satori) ဟု ခေါ်ဆိုသည်။ ဇင် () (ဈာန်) ကျင့်စဉ် အနှစ်ချုပ် "ဆာတိုရီ" Satori (ိံ) သည် အလွယ်နှင့်ရနိုင်သော တရားမျိုးမဟုတ်။ (Satori and kenshō are commonly translated as enlightenment, a word that is also used to translate bodhi, wisdom and buddhahood.) အကြိမ်ကြိမ် အထပ်ထပ်တရားရှုမှတ်ခြင်း ကျင့်ကြံ အားထုတ် စီးဖြန်းရ၏။
ကန်ရှော (見性) (ဗောဓိ) သည် ဇင်ဗုဒ္ဓဘာသာ ဘုရားလောင်းကျင့်စဉ် ၏ အနှစ်သာရ ဖြစ်သည်။ ဇင်ဗုဒ္ဓအယူဝါဒ၏ပုံစံ အများစုသည် ကမ္မဋ္ဌဌာန်း တရားထိုင်ခြင်း သမထအလုပ်သည် စိတ်နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။
အရှင်ဗောဓိဓမ္မ တရုတ် ပြည် သို့ ကြွ၍ ဇင်ဗုဒ္ဓဘာသာ( ဈာန်) ဂိုဏ်း ကို တည်ထောင်သည်။ ကိုရီးယားပြည် သို့ ဗုဒ္ဓသာသနာတော် ရောက်ရှိသည် ။
ဂျပန်ပြည်တွင် ဆူမိကို (ဆွိကို)
推古天皇 Empress Suiko (အေဒီ ၅၅၄-အေဒီ ၆၂၈) ဘုရင်မကြီးလက်ထက် ရှိုတိုကု တိုင်းရှိ မင်းသားကြီး 聖徳太子 Prince Shotoku Taishi (အေဒီ ၅၇၄-အေဒီ ၆၆၂) ၏ ကြိုးပမ်း မှူကြောင့် ဂျပန်တပြည်လုံး မဟာယန ဇင်ဗုဒ္ဓဘာသာ ကို ကိုးကွယ်ခဲ့ကြသည် ။
ရှိုတိုကု တိုင်းရှိ မင်းသားကြီးသည် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူဖြစ်ပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ်ကြေငြာခဲ့သည်။ (၁၁) ရာစုတွင် ဂျပန်နိုင်ငံသို့ ဗုဒ္ဓရုပ်ပွားတော် စတင်ရောက်ရှိသည် ။ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေး ဥပဒေကိုရေးဆွဲခဲ့သည်။
Ref
·

http://26.yun285.cf/…
http://www.altiusdirectory.com/Society/historians-list.html
၁၉၇၈ -၁၉၈၁ ခုနှစ် ဆိုရှိကိ ကရာတေးအသင်း နည်းပြချုပ်
· ဦးမြင့်ကြွယ် ရေးသားပြုစုခဲ့သော ကရာတေး Thesis: Kihon (
基本), Kata ( or ), Kumite (組手) " The 3 Ks process of Karate" ၁၉၈၁ ခုနစ် ဂျပန် ကရာတေး အသင်း Japan Karate Association
· သုညတ ဝါဒ (or) Sunyata (or) emptiness အကြောင်း ၁
· သုညတ ဝါဒ (or) Sunyata (or) emptiness အကြောင်း၂
· About Shwedagon Pagoda
· Doctrine of Lord Buddha
· တရုတ်ပြည် ကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ-ဆရာတော် ဗောဓိဓမ္မ
· ဂျပန်ပြည် ကရာတေး ကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာဆရာတော် ဗောဓိဓမ္မ
· ဇင်ဗုဒ္ဓဘာသာ၏ နာမည်ကျော်သော ပုံပြင် တစ်ပုဒ်
· The Buddhist Attitude to God by Dr V. A. Gunasekara
D.T.Suzuki ၏ Manual of Zen Buddhism

(PS: ဤဆောင်းပါး မူလရေးသားသူကို လေးစားစွာဖြင့် Credit: ပေးပါသည်။ ကူးယူမှတ်သားမိသည့် ဤဆောင်းပါးတွင် ရေးသားသူဆောင်းပါးရှင်၏ အမည်ကို ဖော်ပြလိုသော်လည်း မိတ်ဆွေတစ်ဦးထံမှ လက်ဆင့်ကမ်း ကူးခဲ့ရခြင်းဖြစ်၍ ကျန်နေခဲ့ရပါသည်။ ဖတ်ရှုဖူးသူ မိတ်ဆွေများမှ ဆောင်းပါးရှင်အမည်ကို သိလျှင် ကျေးဇူးပြု၍ ပြောပြပေးစေလိုပါသည်။)

No comments:

Post a Comment