Tuesday, April 25, 2017

2.Power(၂)



2.Power(၂)

         (KANKU-DAI) ၏ ကကွက်လှုပ်ရှားမှုတွင် မိမိလက်ကို အဖမ်းခံရခြင်းမှ ရုန်းထွက်သည့် လှုပ်ရှားမှုကို တွေ့ရသည်။ ထိုလှုပ်ရှားမှုမှာ အတော်ပင် သက်သာငြားသော်လည်း အမောဖြေသည့် လေရှူ-လေထုတ်နည်းပါမှ မှန်ကန်မှုရှိသည်။ (KATA) တစ်ခုတွင် အင်နှင့်အားနှင့် ထိုးကန်နေရသည့် ကြားကပင် အားမပါဘဲလုပ်ရသည်ကလေးများ ရှိပါသည်။
ဤတွင် ကစားသောကလေးက ထိုနေရာမျိုးကို အားနှင့် ကစားပြန်လျှင်လည်း ထိုပြိုင်ပွဲဝင်ကလေးမှာ ဘာမှ မသိကြောင်း ထင်ရှားပြန်သည်။ (JION-KATA) ၏ လှုပ်ရှားမှုတွင်ပါသည့် (TEI SHO-UCHI) ကလည်း ထိုသဘောပင်ဖြစ်သည်။
          ထို့ကြောင့် (KATA) တို့၌ အားပါသင့်သည်များကို သိသိသာသာ အားထည့်ရမည်။ လုပ်ဆောင် သွားသည့် (TECHNIQUE) များကို (Powerful) ဖြစ်ရမည်။
          အားကို ခွဲခြားပြီးသုံးတတ်ရန် ရှေးဆရာကြီးများက ကကွက်များတွင် သက်ဆိုင်ရာ (TECHNIQUE) တစ်မျိုးထဲကိုပင် ခြေလှမ်း(၃)လှမ်းဖြင့် ကစားခိုင်းခြင်းများလည်း ရှိသည်။ ဥပမာ- (HEIAN) ၏ အလယ်ပိုင်းသို့ အလာတွင် (JODAN-UKE) (၃)ခါ ပါဝင်ပေသည်။ ထို(၃)ခုတွင် အားပါရာ၌ ပထမ(JODAN-UKE) တွင် အားအတော် ပါရမည်ဖြစ်သည်။ ဒုတိယ (JODAN-UKE) တွင် အားလျော့ကစားရမည်။ တတိယ (JODAN-UKE) ကား အားအပါဆုံးဖြစ်ရမည်ဟု ဆရာကြီးများက ဆုံးမထားပေသည်။ ဤအချက်မှာ (Degree of Power) မတူကြောင်း ပြရာရောက်သည်။ ထို(KATA) မှာပင် အလယ်လိုင်းအပြန်တွင် တစ်မျိုးတည်းကိုပင် ခြေလှမ်း(၃)လှမ်းဖြင့် ကစားခိုင်းပြန်ပါသည်။ ပထမထိုးချက်မှာ အတော်အားပါ၍ ဒုတိယ အားအနည်းငယ်နည်းကာ တတိယထိုးချက်မှာ အားအပါဆုံးဖြစ်ရပေမည်။
          တန်းမြင့်ကကွက်(တစ်နည်း)ပြိုင်ပွဲတွင် (KATA) နှင့် ဥပမာ ပေးရလျှင် (JION KATA) တွင် လှုပ်ရှားမှု၌ (Teisho Uchi-TECHNIQUE) တစ်မျိုးထဲကို (၃)ခါ လုပ်ခိုင်းထားသည်။ ထုံးစံအတိုင်း ပထမသည် အတော်အားပါ၍ ဒုတိယက အားအတန်ငယ်လျော့ကာ တတိယက အားအပါဆုံးဖြစ်ရပေမည်။ သို့ဖြင့် မည်သည့် (KATA) ပင် ကသည်ဖြစ်စေ (TECHNIQUE) တစ်ခုထဲကို (၃)ကြိမ်ပြုရလျှင် ဤသို့ခွဲကာ ကစားရပေမည်။ ဤသည်မှာ (KATA) အမှတ်ပေးရာတွင် ချင့်ချိန်ကျင့်သုံးရန်နှင့် (KATA) ကရာတွင် သုံးရမည့် (Power) ပင် ဖြစ်သည်။ 

Photo:Sayar Gyi U Khin Mg Oo

No comments:

Post a Comment