Wednesday, April 26, 2017

3.SPEED

 3.SPEED

          မည်သည့် (TECHNIQUE) ကိုပင်လုပ်လုပ် (SPEED) ပါရမည်။ (SPEED) နှစ်မျိုးတွင်…
(1) Reaction Time (တုန့်ပြန်သက်ရောက်မှုအချိန်) တွင် ဖြစ်မည့် အရှိန်နှင့်
(2) Movement Time (လှုပ်ရှားမှုအချိန်) တွင် ဖြစ်မည့်အရှိန်တို့ ဖြစ်သည်။

          (Reaction Time) ဆိုသည်မှာ (TECHNIQUE) တစ်ခုပြီး နောက်တစ်ခု စလုပ်ပြီဆိုလျှင် တုံ့ဆိုင်းမနေဘဲ အတတ်နိုင်ဆုံးမြန်အောင် လုပ်ခြင်းပင်ဖြစ်သည်။ ၎င်းကို (KUMITE) တွင် ရှင်းလျှင် ပို၍လွယ်ကူပေသည်။ ဆိုလိုသည်မှာ တစ်ဖက်လူ၏တိုက်ခိုက်ချက်ကို နောက်/ဘေးသို့ ဆုတ်ရှောင်ရင်းက တစ်ဖက်လူ၏ လစ်ဟာနေသော နေရာကိုမြင်လိုက်သည်နှင့် ဝင်ရောက်တိုက်ခိုက်ပစ်ခြင်းကို ဆိုလိုသည်။ (Reaction Time) က မည်မျှအရေးကြီးသနည်းဆိုလျှင် တာတိုပြိုင်ပွဲတစ်ခုတွင် တာလွှတ်ခါနီး၊ တာထွက်ခါနီး၌ ဒိုင်လူကြီး၏ သေနတ်သံကို ကြားသည်နှင့်တစ်ပြိုင်နက် အပြေးသမားများက ဗြုန်းဆို ချက်ခြင်း တာထွက်ရသည်။
          ဗဟုသုတအားဖြင့် ဆိုရလျှင် ကမ္ဘာကျော်တာတိုအပြေးသမား (VEN JOHNSON) သည် (၁၉၈၂)ခုနှစ်က အီတလီနိုင်ငံ ရောမမြို့(Rome) တွင် ကျင်းပသည့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် တာထွက်ကောင်းသဖြင့် အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ကြောင်း ရေးသားချက်များကို ဖတ်ခဲ့ရဖူးသည်။ သေနတ်သံကြားသည်နှင့် (Reaction) စကာ ပြေးထွက်ကြရသည်။
          ကရာတေး (KATA) ကရာတွင် ဤသို့ပင်ဖြစ်သည်။ အထူးသဖြင့် (KATA) တွင် (MAE GERI) ကန်ရန်ပါလာလျှင် နောက်ခြေနှင့် တက်ကန်မည့်ကိစ္စတွင် နှေးထိုင်းနေသည်ကို တွေ့ရသည်။ (GERI) ကန်လိုက်သည်ကတော့ မြန်ပါသည်။ (KATA) သည် (Movement Time) ဖြစ်သည်။ ကန်မည်ဟု ဆုံးဖြတ်ဟန်ပြင်လိုက်ခြင်းက (Reaction Time) ဖြစ်သည်။ ထို (Reaction Time) ရော (Movement Time) ပါ မြန်ပါမှ (SPEED) ပါပြီး (TECHNIQUE) က အားပါပေမည်။ (REYTHM) တွင်လည်း ထပ်ပြောပါဦးမည်။ ပြိုင်ပွဲများတွင် ဤ(SPEED) နှင့် ပတ်သက်၍ ခဏခဏတွေ့နေရသည်။ ဥပမာ- (NIJUSHIHO KATA) ကို နှေးနှေးကွေးကွေးကြီး ကနေတာမျိုးဖြစ်သည်။


No comments:

Post a Comment