Thursday, April 27, 2017

4.RHYTHM(၁)

 4.RHYTHM(၁)

(RHYTHM) ကို ယေဘူယျအားဖြင့် နားလည်ကြသည်မှာ အနှေး၊ အမြန်ပင်ဖြစ်သည်။ ထိုသို့ နှေးလိုက်မြန်လိုက်ဖြစ်နေ၍ (KATA) ကနေပုံမှာ မျက်စိပဒါသ ရှိလှသည်။ (KATA) တွင် (RHYTHM) မှာ အတော်ပင် အရေးကြီးပေသည်။ နှေးရမည့်နေရာတွင် မြန်၍ မြန်ရမည့်နေရာတွင် နှေးလျှင် (KATA) ပျက်စီးတတ်သည်။
(SPEED) ကဏ္ဍက ပြောလက်စကို ဆက်လက်ပြောပြချင်ပါသည်။ (TEIKKI SHODAN/ TEIKKI NIDAN/ TEIKKI SANDAN-KATA) များသည် အင်နှင့် အားနှင့် က-ရမည့် က-ကွက်များဖြစ်ကြသည်။ အားကို ဦးစားပေး က-ကြသည်။ (NIJUSHIHO/ KANKU-SHO/ EMPI- KATA) များကမူ (SPEED) ကို ဦးစားပေးကာ က-ရသော က-ကွက်များဖြစ်သည်။
          (TEAM KATA) ပြိုင်ပွဲတစ်ခုတွင် တိုင်း/ပြည်နယ်တစ်ခုက (NIJUSHIHO KATA) နှင့် ဝင်ရောက်ယှဉ်ပြိုင်သည်။ (TEAM KATA) ဖြစ်၍ ညီရပေမည်။ ညီချင်၍ (SPEED) နှင့် (RHYTHM) ကို နှေးပစ်လိုက်သည်။ အင်မတန်မြန်ဆန်ပြီး သွက်လက်ဖြတ်လတ်စွာကရမည့် (NIJUSHIHO) ကို ညီစေလို၍ အားနှင့်အင်နှင့် က-ရမည့် (TEIKKI) က-ကွက်များက (RHYTHM) နှင့် ချလိုက်သောအခါ ယင်း (KATA) ၏ အမြုတေ(ESSENCE) မှာ ပျောက်ကွယ်သွားရတော့၏။
          ဤနေရာတွင် (RHYTHM) နှင့် ပတ်သက်၍ ဆရာ့ဖခင်(ဒါးတန်း-ဦးသန့်) ရှိစဉ်က ပြောခဲ့ဖူးသည်။ ဆရာ့ဖခင်မှာ ဓာတ်ပုံနှင့် ဂီတကို ဝါသနာလည်းပါ၊ ကျော်လည်းကျော်ကြားသူ တစ်ဦးဖြစ်သည်။ မြို့မဆရာငြိမ်းတို့နှင့် တစ်ဖွဲ့တည်းသား သက်တူရွယ်တူ မိတ်ဆွေများဖြစ်သည်။ ဂီတ (RHYTHM) ကို ကြားဖူးသည်နှင့် ကရာတေး (RHYTHM) နှင့် မည်သို့ကွာခြားကြောင်း အဖေ့ကို မေးခဲ့ဖူးသည်။ နာမည်ကျော် ပန်းချီဆရာကြီး (ဦး)ပေါ်ဦးသက်၏ ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖတ်ဖူးသည်။ ဤတွင် ပန်းချီပညာတွင်လည်း (RHYTHM) ရှိနေကြောင်း တွေ့ရသည်။ ထို့အပြင် ပညာရပ်(၃)ခုတွင်ပါဝင်သော (RHYTHM) ကို စိတ်ဝင်စားစရာကောင်းသဖြင့် ဆရာ့ဖေဖေအား မေးကြည့်ရာ ရှင်းပြခဲ့သည်။
(၁) ပန်းချီ၊ ဓာတ်ပုံတွင်ပါဝင်သည့် (RHYTHM) မှာ (FORM RHYTHM)
(၂) ဂီတတွင် ပါဝင်သည့် (RHYTHM) မှာ (TIMING RHYTHM)
(၃) ကရာတေးတွင် ပါဝင်သည့် (RHYTHM) မှာ (MOVEMENT RHYTHM) တို့ ဖြစ်သည်။

No comments:

Post a Comment