Friday, April 28, 2017

4.RHYTHM(၂)


4.RHYTHM(၂)

        ထို (RHYTHM) သုံးခုတွင် ကရာတေးနှင့်ပတ်သက်သည့် (MOVEMENT RHYTHM) မှာ အလွယ်တကူပြောလျှင် အနှေး-အမြန်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ကရာတေး ဝါသနာရှင်များ သတိထားလိုက်စားသင့်သည်မှာ သက်ဆိုင်ရာ (TECHNIQUE) များကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ နှေးသင့်သည်ကို နှေး၍၊ မြန်သင့်သည်တို့ကို မြန်ရန်မှာ အထူးအရေးကြီးလှသည်။

          ဥပမာ-(BASSI-DAI) က-ကွက်တွင် (Hidari Tate Shuto) ထုတ်ရာ… ရှေးဆရာကြီးများက အနှေးဖြင့် ဆောင်ရွက်ခိုင်းသည်။ သူပြီးလျှင် ဆက်လက်ပြုလုပ်ရမည့် (Zuki) နှင့် (Uchi, Uke) တို့ကိုမူ နှစ်ခုပေါင်းကာ အမြန်တွဲခိုင်းခဲ့သည်။ တစ်ဖန် နောက်ထပ် (Zuki) နှင့် (Uchi) တွဲလုံးကိုမူ မြန်ခိုင်းပြန်သည်။ လှုပ်ရှားမှုစုစုပေါင်း (၅)ခုဖြစ်သည်။ ဤတွင် (Tate Shuto) ကို နှေးပြီးမှ (Zuki) နှင့် (Uchi, Uke) ကို မြန်ပြီးရပ်ကာ၊ ဒုတိယတွဲလုံးဖြစ်သည့် (Zuki) နှင့် (Uchi, Uke) တို့နှင့် ဖြတ်ခိုင်းထားရမည်။ ထိုတွဲလုံးမျိုးကို မဖြတ်တတ်လျှင် (Tate Shuto) အပြီးတွင် နောက်ထပ်လုပ်ရမည့် လှုပ်ရှားမှု(၄)မျိုးစလုံးကို ပြိုင်ပွဲဝင်ကလေးတစ်ဦးက ဇောနှင့် တစ်ဆက်တည်း ပေါင်းက-သွားတတ်သည်။ ဤနေရာတွင် (RHYTHM) မှာ (Tate Shuto) ကို နှေးပြီး၊ ပထမတွဲလုံးကိုမြန်၊ ဒုတိယတွဲလုံးကိုလည်း မြန်ရမည်။ သို့သော် ဒုတိယတွဲလုံး မထုတ်ခင် (ပထမတွဲလုံးအပြီး၌) တစ်စက္ကန့်၏ (၅)ပုံ (၁)ပုံခန့် ရပ်ကို ရပ်ရပေမည်။ ထိုသို့ဆိုင်းတတ်လျှင် (RHYTHM) မှာ ပိုကောင်းလာမည်။  အမြန်တွဲလုံးများကိုလည်း ခွဲ ခွဲပြီး သူ့နေရာနှင့်သူ ရပ်တတ်လျှင် (Stoccato) (ဇတ်တောက်) ပိုဖြစ်လာပေမည်။

No comments:

Post a Comment