Saturday, April 29, 2017

4.RHYTHM(၃)


                               4.RHYTHM(၃)

         နောက်ထပ် ဥပမာတစ်ခုမှာ ရေပန်းစားလွန်းသည့် (UNSU KATA) ဖြစ်သည်။ ယင်း (KATA) ၏ လှုပ်ရှားမှု အမှတ်စဉ် (၈)နှင့် (၉)တွင် (Tate Shuto Uke) နှင့် (Gyaku Zuki) ဖြစ်သည်။ လှုပ်ရှားမှု (၁၀)နှင့် (၁၁)တွင်လည်း (TECHNIQUE) မှာ အတူတူ(ဘယ်/ညာသာပြောင်းသည်။) ပင် ဖြစ်သည်။
(၁၂)နှင့် (၁၃)၊ (၁၄)နှင့် (၁၅) စသည်ဖြင့် စုစုပေါင်း လှုပ်ရှားမှု (၈)ခု ပါရှိသည်။ ထို(၈)ခုကို ကစားရာ၌ အချို့သော ပြိုင်ပွဲဝင်ကလေးများမှာ (RHYTHM) ကို တစ်ခုခြင်း၊ တစ်ချက်ခြင်း (MONO TONE) ကစားကြသည်။ အချို့ကြတော့လည်း လှုပ်ရှားမှု (၈)ခုစလုံးပေါင်းကာ အမြန်ကစားကြသည်။ ဤနေရာ၌ (KATA) ၏ သဘောမှာ လေးဘက်လေးတန်အရပ်မှ ဝိုင်းဝန်းတိုက်ခိုက်လာသည့်ရန်သူကို ခုခံကာကွယ်ပုံ အား လေ့ကျင့်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် (KATA) ၏ အမြုတေကို ပေါ်လွင်စေရန်အတွက် (Tate Shuto Uke) နှင့် (Gyaku Zuki) တို့ကို အတွဲလိုက် (၄)တွဲခွဲပြီး က-သင့် ကစားသင့်ပေသည်။ တွဲလုံးတစ်ခုနှင့်တစ်ခုအကြား ဆိုင်းတတ်လျှင် က-ကွက်မှာ အဓိပါယ်ပိုရှိပြီး၊ ပိုမို၍လည်း ကြည့်ကောင်းလာ ကာ (Stoccato) လည်းဖြစ်၊ (RHYTHM) လည်း မှန်လာပေမည်။
အခြားဥပမာတစ်ခုမှာ နှေးပြီးမြန်လျှင်သော်လည်းကောင်း၊ မြန်ပြီးနှေးလျှင်သော်လည်းကောင်း ခြားနားချက် (Contract) ကို ပီပီပြင်ပြင်ကလျှင် ကကွက်မှာ (RHYTHMIC) ပိုဖြစ်လာမည်။ (HEIAN) တွင် (Migi Oi Zuki) ကစားရန်ဖြစ်သည်။ ထို (Zuki) ပြီးလျှင် နောက်သို့ တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်၍ (Miji Fumikomi) နှင့် (Miji Gedan Barai) ကို ကစားရမည်ဖြစ်သည်။ ထို (TECHNIQUE) များ အပြီးတွင် (Haishu Uke) ကို အနှေးကစားရသည်။ ထိုကကွက်တွင် အမြန်ပြီးအနှေး၊ အမြန်ကို ပို၍မြန်၊ အနှေးကို ပို၍နှေးလျှင် (Contract) က ပိုမိုပီပြင်လာမည်။ ထိုသို့ ပိုမိုပေါ်လွင်ရန် (Oi Zuki မှ Fumikomi နှင့် Miji Gedan Barai) တို့ကို မြန်နိုင်သမျှမြန်ပြီး (Haishu Uke) ကိုမူ လုပ်ရိုးလုပ်စဉ်ထက် ပိုမိုနှေးကွေးကာ (TIMING CONTRACT) ကို ပေါ်လွင်အောင် ကစားရမည်။ ထို့အတွက် ကကွက်မှာ (RHYTHMIC) ပိုဖြစ်လာလိမ့်မည်။ ထို့ကြောင့် (KATA) ပြိုင်သောကလေးများသည် (Contract) ကို ပေါ်လွင်အောင် ကစားတတ်ရန် လိုပေသည်။

No comments:

Post a Comment