Friday, November 6, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း




          (FUNAKOSHI) ငယ်စဉ်က ကရာတေးပညာကို လူမသိအောင် သင်ကြားခဲ့ကြရသည်။ နောက်ပိုင်း တွင် လူသိများလာပြီး ပွင့်လင်းစွာသင်ယူကြရသည်။ ကရာတေးပညာကို လူသိများပြီး၊ ပိုမိုကျယ်ပြန့်လာစေ သည့် အကြောင်းများကား ရှိခဲ့ပေသည်။ (၂၀)ရာစုအစပိုင်းလောက်က  (FUNAKOSHI) စာသင်သည့် ကျောင်းသို့ မြို့နယ်ပညာရေမှူး (SHINDORO OGAWA) ရောက်လာသည့်အခါ ကပွဲမျိုးစုံနှင့် ဧည့်ခံခဲ့ကြသည်။ ဤတွင် မြို့နယ်ပညာရေးမှူးအား ဧည့်ခံပွဲ၌ (FUNAKOSHI) က ကရာတေးပြပွဲကို ထည့်သွင်းပြသခဲ့သည်။ (SHINDORO OGAWA) ကလည်း ကရာတေးကိုမြတ်နိုးသွားပြီး ၎င်း၏အထက် အဆင့်ဆင့် တိုင်းအထိပါ တင်ပြခဲ့သည်။ ထိုသို့တင်ပြရာမှ အချို့စာသင်ကျောင်းများတွင် ကရာတေးပညာ ကိုပါ သင်ယူခွင့်ပြုခဲ့ကြတော့သည်။

          နောက်ထပ်အကြောင်းရင်းတစ်ရပ်မှာ (FUNAKOSHI) တို့မြို့သို့ ရေတပ်သင်္ဘောတစ်စင်း ဆိုက်ရောက်စဉ်က ဖြစ်သည်။ ၎င်းသင်္ဘောကို ရေတပ်ဗိုလ်ချုပ် (ထိုစဉ်က ဗိုလ်ကြီးအဆင့်ရှိ) (ADMIRAL ROKURO YASHIRO) က ဦးစီးအုပ်ချုပ်ခဲ့ပြီး (FUNAKOSHI) တို့ကျောင်းမှ ကလေးများက ကရာတေး ကစားနေကြပုံကို တွေ့မြင်သွားပေသည်။ မြင်လျှင် မြင်ချင်းပင် ဤပညာသည် စစ်နှင့်ပတ်သက်သည့် ပညာဖြစ်သည်ဟု ၎င်းကယူဆပြီး သူ့လက်အောက်ရှိလူများကို ကရာတေးပညာ မသင်မနေရ အမိန့် ထုတ်ပြန်ခဲ့ဖူးသည်။
          တစ်ဖန် (၁၉၁၂) ခုနှစ်ခန့်က ဘုရင့်ရေတပ်မတော်ဗိုလ်ချုပ် (DEWA) ပါဝင်သည့် ရေတပ် သင်္ဘောသည် (FHUJO) ပင်လယ်ကွေ့တွင် ကျောက်ဆူးချထားစဉ် အလယ်တန်းကျောင်းသူ၊ ကျောင်းသား ကလေးများ ကရာတေးလေ့ကျင့်နေသည်ကို မြင်လိုက်မိရာမှ သူ့အရင်က ပုဂ္ဂိုလ်များကဲ့သို့ ကရာတေးပညာ ကို မြတ်နိုးသွားခဲ့ဖူးခြင်း ဖြစ်သည်။
          ဤအကြောင်းခြင်းရာများဖြစ်ပျက်ပြီးနောက် (၁၀)နှစ်ခန့်ကြာမှ အိုကီနာဝါမှဆရာကြီးများ တိုကျိုမြို့ သို့သွားရောက်ကာ ကရာတေးပညာကို ဖြန့်ဖြူးခဲ့ကြကြောင်း သိရပေသည်။

No comments:

Post a Comment