Thursday, November 5, 2015

ကရာတေးသမိုင်း(၅)



ကရာတေးသမိုင်း(၅)

ဂျပန်တွင် ကရာတေးပညာကို ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ကရာတေးသင်ကျောင်းများလည်း အထူးများပြားလာခဲ့သည်။ နည်းစနစ်များလည်း မတူဘဲ ဖြစ်လာခဲ့ရသည်။ (FUNAKOSHI) တို့ ငယ်စဉ်က အိုကီနာဝါတွင် ကရာတေးကစားလျှင် (NAWA TE) နှင့် (SHURU TE) နှစ်ကြောင်းသာရှိခဲ့သည်။ ထိုကျောင်းများကလည်း တရုတ်ကိုယ်ခံပညာကျောင်းကြီးနှစ်ကျောင်းနှင့် ပတ်သက်နှီးနွယ်ပေသည်။ (WUTANG) နှင့် (SHORINGI KENPO) ကျောင်းကြီးနှစ်ကျောင်းသည် မင်းဆက်သုံးခုဖြစ်သော (YUANG) (MING) နှင့် (CHIN) မင်းဆက်တို့တွင် အလွန်နာမည်ကြီးခဲ့ပေသည်။ (WUTAN) ကျောင်းကို (CHAN SAN FENG) က စတင်တည်ထောင်ခဲ့ပြီး (SHIRINGI) ကျောင်းကိုမူ (DARUMA) က စတင်ထူထောင်ခဲ့ခြင်းဖြစ် သည်။ (DARUMA) သည် (ZEN) ကို စတင်လေ့လာလိုက်စားခဲ့သူဖြစ်သည်။

(WUTANG) ဟု ခေါ်ရခြင်းမှာ (CHAN SAN FENG) တို့ စတင်လေ့ကျင့်ခဲ့ရာ တောင်၏အမည်ကို အစွဲပြုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ (SHORINGI) ကမူ ဘုန်းကြီးကျောင်းကို အစွဲပြုခေါ်ဝေါ်ခဲ့သောအမည် ဖြစ်သည်။ သို့ဖြင့် ယူနန်ပြည်နယ်ရှိ တရုတ်ကိုယ်ခံပညာကျောင်းကြီး နှစ်ကျောင်းနှင့်ဆက်နွယ်ပြီး အိုကီနာဝါမှ ကိုယ်ခံပညာများ ပေါင်းစပ်ပြောင်းလဲခဲ့ရပေသည်။ ထိုတရုတ်ကျောင်းကြီးနှစ်ကျောင်းနှင့် နှီးနွယ်ပြီး အိုကီနာဝါတွင် (SHORIN RYU) နှင့် (SHOREI RYU) ခေါ် ကိုယ်ခံပညာကျောင်းကြီးနှစ်ကျောင်း ပေါ်ပေါက်လာခဲ့ပေသည်။
(SHOREI RYU) ကျောင်းတွင်ကစားသည့် နည်းစနစ်များမှာ ကိုယ်ခန္ဓာထွားကျိုင်းသည့် ပုဂ္ဂိုလ်များ နှင့် အထူးသင့်တော်ပြီး လေးလေးမှန်မှန်ဖြစ်သည့် (SOCHIN)၊ (GANKAKU) စသော ကကွက်များကို လေ့ကျင့်သည့် ကျောင်းတော်ကြီးဖြစ်သည်။
(SHORIN RYU) ကျောင်းတွင် ကစားသည့် နည်းစနစ်များမှာ ကိုယ်ခန္ဓာသေးသည့် ပုဂ္ဂိုလ်များနှင့် ပိုမိုသင့်တော်ပြီး လျှင်မြန်မှုကို ဦးစားပေးရသည့် (UNSU)၊ (KANKU-DAI) စသော ကကွက်များကို လေ့ကျင့်ကစားသည့် ကျောင်းတော်ကြီးဖြစ်သည်။
ယခုခေတ်ကရာတေးနည်းစနစ်များမှာ အဆိုပါကျောင်းကြီးနှစ်ကျောင်းမှ နည်းစနစ်များကို ပေါင်းစည်းကာ ကစားနေကြခြင်းဖြစ်သည်။ (FUNAKOSHI) လိုက်စားသည့် ကရာတေးစနစ်ကို ကမ္ဘာတွင် (SHOTOKAN) နည်းစနစ်ဟု ခေါ်ဝေါ်ကြသည်။ အကြောင်းမှာ (SHOTO) သည် (FUNAKOSHI) ၏ ကလောင်အမည်ဖြစ်ပြီး ၎င်းလေ့လာလိုက်စားဖြန့်ဖြူးသောပညာဖြစ်၍ (SHOTOKAN) ဟု ခေါ်ခြင်းဖြစ် သည်။

No comments:

Post a Comment