Monday, June 27, 2016

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၁၀)





(FUNAKOSHI) ကွယ်လွန်သည့် နောက်ပိုင်းတွင် (SHOTO KAN STYLE) ကို လိုက်စားသည့် ဂျပန်ကရာတေး (JAPAN KARATE ASSOCIATION) အသင်းကြီးကို (MASATOSHI NAKAYAMA) က တည်ထောင်ခဲ့သည်။ (SHIODBASHI) ရပ်ကွက်ရှိ အသင်းချုပ်၏ နံရံတွင် အသင်းသားများ သိမြင်လိုက်နာလွယ်ရန် (FUNAKOSHI) ၏ ဆုံးမ သြဝါဒ(၅)ရပ်ကို ချိတ်ဆွဲထားခဲ့ပေသည်။ ၎င်းတို့မှာ
(၁) စာရိတ္တမဏ္ဍိုင် ခိုင်မြဲပါစေ။
(၂) သစ္စာ ရှိပါစေ။
(၃) ကြိုးစားပါ။
(၄) အားလုံးကို ရိုသေလေးစားပါ။
(၅) ဘယ်တော့မှ အကြမ်းမဖက်ပါနှင့် … ဟူ၍ ဖြစ်သည်။
ကရာတေးတွင် စတင်တိုက်ခိုက်သည့် နည်းပညာများမပါ။ (FKARATE NE SENET NI-ASHI) ဟု (FUNAKOSHI) က မိန့်ဆိုခဲ့သည်။
(THERE ARE ON AFFENSIVE TECHINIQUES IN KARATE)
၎င်းမိန့်ဆိုချက်ကို (FUNAKOSHI) အား အမြဲသတိရစေရန် အသိအမှတ်ပြု အထိမ်းအမှတ်နေရာ (MONUMENT) တွင် ကမ္ဗည်းထိုးထားပေသည်။
ထို့ကြောင့် ကရာတေးပညာသည် ရန်လိုသေပညာမဟုတ်။ အရေးကြုံမှသာလျှင် အသုံးချရမည့် ပညာဖြစ်ကြောင်း ကရာတေးဝါသနာရှင်များ သိစေရန် ဤဆောင်းပါးကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

No comments:

Post a Comment