Monday, May 1, 2017

6.Focus


6.Focus

(FOCUS) မှာ ကိုယ်ခံပညာနှင့် အားကစားကို သိသိသာသာ ခြားနားစေသော အချက်တစ်ခုဖြစ် သည်။ ဥပမာ- အနောက်တိုင်းလက်ဝှေ့ (BOXING) ကလည်း လက်သီးထိုးသည်။ (KARATE) ကလည်း လက်သီးထိုးသည်။ သို့သော် (KARATE) က ထိုးသမျှ လက်သီးတိုင်းတွင် (FOCUS) ပါပေသည်။
(FOCUS) ၏ ယေဘူယျသဘောမှာ အရှိန်အမြန်နှင့် လုပ်လိုက်သည့် (TECHNIQUE) တစ်ခုကို သက်ဆိုင်ရာ ရောက်ရမည့်နေရာတွင် ရပ်လိုက်သည့်အခါ တုန့်ခနဲ ခန္ဓာကိုယ်ရှိ ကြွက်သားများကို ဖျစ်ညှစ်ပစ်ရသည်။ အချို့က (KATA) က-ရာတွင် (FOCUS) ကို ဦးစားပေးပြီး ကစားကြသည်။ ထိုသို့ (FOCUS) ကို ဦးစားပေး သည့် ကရာတေးပညာရှင်များသည် (Zuki, Uchi, Uke) စသည့် လက်လှုပ်ရှားမှုများ လုပ်သည့်အခါတွင်ပင် (Dachi) အောက်ပိုင်း (အထူးသဖြင့် ခြေထိပ်ကလေးများ) ကို တုန့်ခနဲဖြစ်အောင် (FOCUS) လုပ်ကြသည်။ (KARATE) ၏ အခြေခံဖြစ်သော (Zuki, Uchi, Uke) ဘာလုပ်လုပ် (FOCUS) မပါဘဲလုပ်လျှင် (KARATE) မဟုတ်ပေ။ အချို့ (KARATE) မကောင်းသည့်ကလေးများ (Zuki) ထိုးလျှင် လက်သီးက ထိုးသည်နှင့် မတူဘဲ တွန်းထုတ်နေသည်နှင့် တူနေတတ်သည်။ အကြောင်းမှာ (FOCUS) ကို နားမလည်သောကြောင့် ဖြစ်သည်။

No comments:

Post a Comment