Friday, May 5, 2017

HARA(HIP)(၁)

 HARA(HIP)(၁)

ခါးထည့်ပြီးကစားတတ်လျှင် (KATA) မှာ အတော်ကျွမ်းကျင်တဲ့ ကရာတေးသမားပဲ ဆိုတာ အသိအမှတ်ပြုရသည်။ ယခုဆိုလိုသည့်ခါးမှာ (BELT LEVEL) က ခါး အနိမ့်အမြင့် တပြေးတည်း တညီတည်းကို ဆိုလိုသည်။ ယခုပြောမည့်ခါးမှာမူ အခြေခံ (Zuki, Uke, Uchi) မှ အစ ကုန်ကုန်ပြောရလျှင် (Geri) မှာပင် ခါးထည့်ကာ ကစားတတ်ရမည်ကို ဆိုလိုခြင်း ဖြစ်သည်။

ဂျပန်လူမျိုးတို့သည် (HARA) ကို ဦးစားပေးကြရသည်။ စိတ်ကိုတည်ငြိမ်အောင် ဈန်ကျင့်သည့်အခါ၊ စိတ်ကို မပျံ့လွင့်အောင် ထားရာ၌ (HARA) တွင်အာရုံစိုက်ကာ ထားလေ့ရှိသည်။ (AIKIDO, JUDO, KENDO) စသည့် ဂျပန်လူမျိုးတို့ တီထွင်သည့် မည်သည့်ကိုယ်ခံပညာမှာမဆို (HARA) ကို ဦးစားပေး ကြသည်။ တစ်နည်းဆိုရလျှင် ချက်၏အောက်ပိုင်းတစ်လက်မကိုမှန်း၍ စိတ်မပျံ့အောင်၊ ငြိမ်အောင်၊ ခါး၌ (Meditate Concentrate) လုပ်ကြရာ၌ စိတ်ကလေးကို ခါးတွင်ထားကြသည်။ အဆုံးစွန်ပြောရလျှင် ဂျပန်ကိုယ်ခံပညာသမားများသည် အကြောင်းကြောင်းကြောင့် မိမိကိုယ်ကို သတ်သေရာတွင်ပင် ဗိုက်ကို ဓားနှင့်ထိုးခွဲ (Hara Kiri) ပြီး သတ်သေကြသည့် အလေ့အထပင် ရှိသည်။

No comments:

Post a Comment