Saturday, May 6, 2017

HARA(HIP)(၂)


HARA(HIP)(၂)

ဤတွင် တစ်ခုပြောပြချင်မိသည်မှာ (KATA) ကို ခါးဖြင့် ကတတ်စေရန်မှာ ပြောရမည့်ကိစ္စမို့သာ ဆိုပြောနေရသည်။ ကရာတေးကစားသည့်လူငယ်များကို (HARA) သင်ကြားပေးရသည်မှာ အင်မတန်မှ ခက်ခဲလှပေသည်။ ဤသည်ကလည်း အတွေ့အကြုံအရ ပြောပြကောက်ချက်ချခြင်းဖြစ်သည်။
တစ်ခါတစ်ရံ ပြောနေသင်နေတုန်းသာ ရနေကြပြီး တစ်ရက်နှစ်ရက်ကြာလာသည့်အခါမှာတော့ ခါး မပါဘဲ မေ့ကျန် ထားကြပြန်သည်။ သို့သော် ကရာတေးပညာကို တတ်ချင်စိတ်ကြီးပြီး ပြိုင်ပွဲဆုရယုံ ရည်ရွယ်ချက်မျိုးသာ မကဘဲ (KATA) ကို ကရာတေးသမားကောင်းပီပီ ကတတ်ချင်လျှင် ခါးမပါဘဲ လုံးဝမဖြစ်နိုင်။ ခါး မပါသော်ငြားလည်း ပြိုင်ပွဲတွင်မူ နိုင် နိုင်ကြပါသည်။ ယခုအခါ ဆုတံဆိပ်များရသည့် သူ့တပည့်၊ ကိုယ့်တပည့်များမှာ ခါးပါချည်ရဲ့ မဟုတ်ကြသော်လည်း ကောင်းကြ၊ တော်ကြ၍ ဆုရကြခြင်းဖြစ်ပါသည်။
ခါးကို ဦးစားပေး ကစားကြ၊ ကျင့်ကြသည့်အခါ ကျင့်၍ကောင်းသလို ကြည့်၍လည်း ကောင်းလှ သည်။ ဆရာကြီး (FUNAKOSHI) အကြိုက်ဆုံးဖြစ်သည့် (BASSAI-DAI KATA) က-ကွက်သည် ခါးကို အလွန်ဦးစားပေးကာ ကစားရသည့် က-ကွက်မျိုး ဖြစ်ပေသည်။ တကယ်နားလည်ပြီး တကယ်တတ်သည့် ဆရာတစ်ဦး (BASSAI-DAI KATA) ကို က-နေလျှင် ခါးစည်းကြိုးထုံးမှ တစ်ဖက်တစ်ချက်စီတွင် ကျနေသည့် ခါးစည်းစကလေးနှစ်ခုမှာ ဘယ်ယိမ်း၊ ညာနွဲ့ဖြင့် လှုပ်ရှားနေပုံကလေးက သိသာလွန်းလှသည်။ သာမန်လူတစ်ယောက်ကိုသာ ဤအကြောင်းကြိုတင်ပြောထားလျှင် (BASSAI-DAI KATA) က-သည့်အခါ က-သည့်ပုဂိုလ်မှာ ခါးတည့်၊ မတည့် ခါးစည်းစကလေနှစ်ခုကိုကြည့်၍ ပြောနိုင်ပေသည်။ ခါး မထည့်တတ် လျှင် ခါးစည်းစကလေးများမှာ သိပ်မယိမ်းနွဲ့ဘဲ ကောင်းသင့်သလောက်သာ ကောင်းကြပေမည်။ ခါးကို တကယ်အသုံးပြုကစားတတ်မှ ကစားရာတွင် သိပ်ကိုကောင်းလာနိုင်ပေသည်။ ထို့ကြောင့် သက်ဆိုင်ရာ ဆရာများက မိမိတို့တပည့်များ ခါးပါအောင်ကစားတတ်ရန် တိုက်တွန်းသင့်ပေသည်။ (KATA) များတွင် ခါးပါအောင် ကစားတတ်ရန် လေ့ကျင့်၍ အကောင်းဆုံး (KATA) မှာ (DASSAI-DAI) သည် အကောင်းဆုံး
ဖြစ်သည်။

No comments:

Post a Comment