Thursday, October 27, 2016

1.TECHNIQUE(၁)



 1.TECHNIQUE(၁)

          ဒိုင်များအနေဖြင့် အထက်ပါအချက်(၆)ချက်ကို အရေးကြီးကြောင်းသိရန် အရင်လိုအပ်ပါသည်။ ပြိုင်ပွဲတစ်ခု၏ အောင်မြင်မှုအတိုင်းအတာကို ဒိုင်အတွေ့အကြုံနည်းနေသည့်အခါ ဒိုင်ပေါ်ချည့်အပြစ်ပုံချ၍ မရပေ။ (KATA) ဒိုင်ကောင်းများဖြစ်ရေးအတွက် လက်ရှိအခြေအနေအရတာဝန်ပေးခံရသူများ ကို ကောင်းသထက်ကောင်းမွန်ရန် စေတနာကောင်းဖြင့်ရည်သန်ပြောလိုရင်း ဖြစ်သည်။ မည်သူ့ကိုမှ ပုဂ္ဂလ ဓိဌာန်စွဲဖြင့် ရည်ရွယ်ပြောခြင်း မဟုတ်ပေ။
ဒိုင်တစ်ယောက်အနေဖြင့် အနည်းဆုံး (KATA SEQUENCE) များကို မှန်ကန်စွာမှတ်မိလျှင်ပင် ဒိုင်လုပ်ခွင့်ပြုရန်မှာ အခြေအနေအရ လိုအပ်သော အရည်အချင်းထက် လျှော့ပေါ့လက်ခံရခြင်း ဖြစ်သည်။ ထိုအခြေအနေကို ကျော်လွှားနိုင်လျှင် ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။ ကကွက်သိရုံနှင့် (KATA) ဒိုင်လုပ်သည်ဆိုလျှင် အမှတ်ပေးကြပုံမှာ မည်သို့မျှ မျှတနိုင်စရာအကြောင်း မရှိပေ။ ထို့ကြောင့် (KATA) အမှတ်ပေးရာတွင် ဦးစွာ အချက်(၆)ချက်ကို လေ့လာကြည့်ရန် လိုပေသည်။ ဤတွင် အမှတ်စဉ်အလိုက် အရေးကြီးသည်ဟု မထင်စေချင်သလို၊ (FOCUS) က အမှတ်စဉ် (၆)နေရာရောက်နေ၍ ၎င်းထက်အရေးကြီးသည့် အချက်(၅)ချက် ရှိနေသည်ဟု လည်း မထင်စေလိုပါ။ သို့သော် သတိချပ်ရန်မှာ အမှတ်စဉ်(၁) (TECHNIQUE)ကိုမူ အမှတ်စဉ်တိုင်း၌ အဓိကကျသော အဓိကအဖြစ် မှတ်ယူစေချင်သည်။
          (KATA) တွင် ပါဝင်သည့် (TECHNIQUE) များကို ဒိုင်လူကြီးက သိကို သိရမည်။ ဤ (TECHNIQUE) သည် (Uke) တစ်ခု ဖြစ်နေလျှင် ဘယ်နေရာကို ဘယ်လိုတား၍ လမ်းကြောင်းက ဘယ်လိုဆိုသည်ကို သိဖို့အရေးကြီးပါသည်။ (TECHNIQUE) က မည်သို့အရေးကြီးပုံကို တတ်ကျွမ်းသည့် ဆရာများက မြင်တတ်ကြောင်း ဥပမာသာဓကများဖြင့် ပြောပြချင်သည်။ ကရာတေးပြိုင်ပွဲများတွင် ဆရာများက တပည့်များကို လေ့ကျင့်ပေးကြသည်။ ပါဝင်ယှဉ်ပြိုင်သည့် ကလေးများကလည်း ဤ(KATA) များနှင့် ပြိုင်မှ အမှတ်ပိုရသည်ဟု ထင်မှတ်မှားနေကြသည်။ ထို(KATA) များမှာ ဤနိုင်ငံတွင်သာမက ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ များတွင်ပါ ရေပန်းစားနေသည့် (GOJUSHIHO-DAI) (GOJUSHIHO-SHO) နှင့် (UNSU) တို့ ဖြစ်သည်။ လူသိအလွန်များပြီး ရေပန်းအလွန်စားသည့် ထို (KATA) (၃) ခုနှင့် ဥပမာပေးချင်ပါသည်။

No comments:

Post a Comment