Thursday, April 28, 2016

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၆)




(FUNAKOSHI) ဂျပန်ပြည်သို့ရောက်ပြီး မကြာမီ ကမ္ဘာကျော်ပန်းချီဆရာကြီး (HOANKOSUKI) က ကရာတေးအကြောင်း စာအုပ်လေးဘာလေးရေးရန် တိုက်တွန်းခဲ့ဖူးသည်။ ဤတွင် (FUNAKOSHI) ကလည်း ကရာတေးကို စာတစ်စောင်၊ ပေတစ်ဖွဲ့ မှတ်တမ်းတင်မှုမျိုး မရှိဖူးသေးကြောင်း စဉ်းစားမိသည်။ ထို့ကြောင့် ရေးချင်စိတ်ဖြစ်ပေါ်လာကာ သူ၏ဆရာကြီး နှစ်ဦးဖြစ်သူ (AZATO) နှင့် (ITOSU) ထံသို့ကရာတေးနှင့်ပတ်သက်သော အကြောင်းချင်းရာများကို လိုအပ်သလို အကူအညီပေးရန် တောင်းခံ မေတ္တာရပ်ခံခဲ့သည်။

Monday, March 21, 2016

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၅)





             (FUNAKOSHI) မှာ ၎င်းအပေါ် ကျေးဇူးရှိခဲ့သူများအားလည်း မည်သည့်အခါမျှ မမေ့လျော့ခဲ့ပေ။ သူတစ်ပါး၏ ကျေးဇူးကို အထူးသိတတ်သူဖြစ်သည်။ တစ်နေ့သ၌ (FUNAKOSHI) နှင့် တပည့်တစ်ဦးသည် လမ်းလျှောက်ရင်း (KODOKAN) ကျောင်းကြီးရှေ့ကို ဖြတ်ကျော်မိကြသည်။ ဤတွင် (FUNAKOSHI) က (KODOKAN) ကျောင်းကြီးကို ရိုသေကျနစွာ တလေးတစားဖြင့် အရိုအသေပြု (REI) ခဲ့ပေသည်။ တပည့်လုပ်သူကလည်း …
          “ ဆရာကြီး … ဆရာကြီးဟာ ကရာတေးမှာ အင်မတန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီး ဖြစ်လျှက်နဲ့ ဘာမှမဆိုင်တဲ့ ဂျူဒိုကျောင်းကြီးကို ဘာ့ကြောင့် အရိုအသေပြုရသလဲ …” ဟု မေးသည်။ (FUNAKOSHI)က …
          “ ငါ့တပည့်၊ ငါဟာ (KODOKAN)ကို အရိုအသေပြုနေတာ မဟုတ်ဘူး၊ ငါဂျပန်ရောက်စဉ်က
ဆင်းရဲဒုက္ခရောက်နေတဲ့ ငါ့အပေါ် စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင် (KANO) ကို အလေးပြုခြင်းသာ ဖြစ်တယ်”

Saturday, November 28, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၄)





            (FUNAKOSHI) နှင့် (SHIN KIN GIMA) တို့ တွဲဖက်ပြသခဲ့သည်ကို (JIGORO KANO) က အလွန်သဘောကျ၍ ၎င်းပညာ (KARATE KATA) များကို မိမိတပည့်များလေ့လာလျှင် မည်မျှကြာမည် ထင်ကြောင်း မေးမြန်းခဲ့သည်။ (FUNAKOSHI) ကလည်း အနည်းဆုံး တစ်နှစ်ခန့် ကြာမည်ထင်ကြောင်း ပြောပြခဲ့သည်။ (KANO) က အခြေခံမျှ သင်ကြားပို့ချပေးရန် ပြောဆိုလာသဖြင့် (JUDO) သမားများနှင့် ကိုက်ညီအောင် (FUNAKOSHI) က သင်ကြားပေးခဲ့သည်။

Friday, November 27, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၃)


  

       

       အိမ်ရှေ့မင်းသား အိုကီနာဝါကျွန်းသို့အလည်လာပြီး မကြာခင်မှာပင် (FUNAKOSHI)၏ အထက် အရာရှိများက သူ့ကိုရာထူးတိုးမြှင့်ပေးကာ အိုကီနာဝါ၏ နယ်စွန်နယ်ဖျားတွင် အလုပ်လုပ်ရန် စေလွှတ်သည့် အတွက် ကျောင်းဆရာဘဝမှ အနားယူခဲ့ရပေသည်။ ထိုသို့ နားရခြင်းနောက်တစ်ချက်မှာ မိခင်နာမကျန်း၍ အိပ်ယာထဲလဲနေသဖြင့် တစ်ဦးတည်းသော သားဖြစ်သူအနေနှင့်ပြုစုလိုခြင်းကြောင့် ဖြစ်သည်။ သို့ဖြင့် အနှစ်(၃၀)ကျော် လုပ်လာခဲ့သည့် (FUNAKOSHI)၏ ကျောင်းဆရာဘဝမှာ ဤတွင် ဆုံးခန်းတိုင်ခဲ့သည်။ (FUNAKOSHI) ကမူ ဤသို့ အလုပ်မှအနားယူခဲ့ရသော်လည်း ကျောင်းကိစ္စများနှင့် ကရာတေးကိစ္စများကို အဆက်ပြတ်မခံခဲ့ပါဟု ပြောဆိုခဲ့ပေသည်။

Saturday, November 21, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၂)




      ကရာတေးသမိုင်းနှင့် ပတ်သက်၍ အထင်ကရဖြစ်စေသော အကြောင်းတစ်ရပ်လည်း ရှိသေး၏။ (၁၉၂၁)ခုနှစ်က ဂျပန်ပြည်၏ အိမ်ရှေ့မင်းသား (HIRO HITO) (ယခုကွယ်လွန်သွားသော ဘုရင်မင်းမြတ်) သည် ဥရောပခရီးစဉ်သွားရင်း အိုကီနာဝါကျွန်း၌ ခေတ္တဝင်ရောက် ရပ်နားခဲ့ပေသည်။ ထိုစဉ်က အိမ်ရှေ့ မင်းသားကို စောင့်ရှောက်လိုက်ပါသည့်ပုဂ္ဂိုလ်မှာ အိုကီနာဝါကျွန်းဇာတိဖွား ဗိုလ်ကြီး (NORIKUZU KANNA) ဖြစ်သည်။ ဗိုလ်ကြီးမှာ အိုကီနာဝါကျွန်းသားဖြစ်သည့်အတွက် အိမ်ရှေ့မင်းသားအား ကရာတေး ပညာဖြင့် ဧည့်ခံလိုသောကြောင့်

Friday, November 6, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း




          (FUNAKOSHI) ငယ်စဉ်က ကရာတေးပညာကို လူမသိအောင် သင်ကြားခဲ့ကြရသည်။ နောက်ပိုင်း တွင် လူသိများလာပြီး ပွင့်လင်းစွာသင်ယူကြရသည်။ ကရာတေးပညာကို လူသိများပြီး၊ ပိုမိုကျယ်ပြန့်လာစေ သည့် အကြောင်းများကား ရှိခဲ့ပေသည်။ (၂၀)ရာစုအစပိုင်းလောက်က  (FUNAKOSHI) စာသင်သည့် ကျောင်းသို့ မြို့နယ်ပညာရေမှူး (SHINDORO OGAWA) ရောက်လာသည့်အခါ ကပွဲမျိုးစုံနှင့် ဧည့်ခံခဲ့ကြသည်။ ဤတွင် မြို့နယ်ပညာရေးမှူးအား ဧည့်ခံပွဲ၌ (FUNAKOSHI) က ကရာတေးပြပွဲကို ထည့်သွင်းပြသခဲ့သည်။ (SHINDORO OGAWA) ကလည်း ကရာတေးကိုမြတ်နိုးသွားပြီး ၎င်း၏အထက် အဆင့်ဆင့် တိုင်းအထိပါ တင်ပြခဲ့သည်။ ထိုသို့တင်ပြရာမှ အချို့စာသင်ကျောင်းများတွင် ကရာတေးပညာ ကိုပါ သင်ယူခွင့်ပြုခဲ့ကြတော့သည်။

Thursday, November 5, 2015

ကရာတေးသမိုင်း(၅)



ကရာတေးသမိုင်း(၅)

ဂျပန်တွင် ကရာတေးပညာကို ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ကရာတေးသင်ကျောင်းများလည်း အထူးများပြားလာခဲ့သည်။ နည်းစနစ်များလည်း မတူဘဲ ဖြစ်လာခဲ့ရသည်။ (FUNAKOSHI) တို့ ငယ်စဉ်က အိုကီနာဝါတွင် ကရာတေးကစားလျှင် (NAWA TE) နှင့် (SHURU TE) နှစ်ကြောင်းသာရှိခဲ့သည်။ ထိုကျောင်းများကလည်း တရုတ်ကိုယ်ခံပညာကျောင်းကြီးနှစ်ကျောင်းနှင့် ပတ်သက်နှီးနွယ်ပေသည်။ (WUTANG) နှင့် (SHORINGI KENPO) ကျောင်းကြီးနှစ်ကျောင်းသည် မင်းဆက်သုံးခုဖြစ်သော (YUANG) (MING) နှင့် (CHIN) မင်းဆက်တို့တွင် အလွန်နာမည်ကြီးခဲ့ပေသည်။ (WUTAN) ကျောင်းကို (CHAN SAN FENG) က စတင်တည်ထောင်ခဲ့ပြီး (SHIRINGI) ကျောင်းကိုမူ (DARUMA) က စတင်ထူထောင်ခဲ့ခြင်းဖြစ် သည်။ (DARUMA) သည် (ZEN) ကို စတင်လေ့လာလိုက်စားခဲ့သူဖြစ်သည်။