ဂျပန်ပြည်သို့
ကရာတေး ပြန့်ပွားလာခြင်း(၆)
(FUNAKOSHI)
ဂျပန်ပြည်သို့ရောက်ပြီး မကြာမီ ကမ္ဘာကျော်ပန်းချီဆရာကြီး (HOANKOSUKI) က ကရာတေးအကြောင်း
စာအုပ်လေးဘာလေးရေးရန် တိုက်တွန်းခဲ့ဖူးသည်။ ဤတွင် (FUNAKOSHI) ကလည်း ကရာတေးကို စာတစ်စောင်၊
ပေတစ်ဖွဲ့ မှတ်တမ်းတင်မှုမျိုး မရှိဖူးသေးကြောင်း စဉ်းစားမိသည်။ ထို့ကြောင့် ရေးချင်စိတ်ဖြစ်ပေါ်လာကာ
သူ၏ဆရာကြီး နှစ်ဦးဖြစ်သူ (AZATO) နှင့် (ITOSU) ထံသို့ကရာတေးနှင့်ပတ်သက်သော အကြောင်းချင်းရာများကို
လိုအပ်သလို အကူအညီပေးရန် တောင်းခံ မေတ္တာရပ်ခံခဲ့သည်။